ရခိုင်မှာ H1N1 အပါအဝင် ရာသီတုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးတွေ့သူ ၂၇ ထိရှိနေ

စစ်တွေ၊ ဇူလိုင် ၂၅-၂၀၁၉ ခိုင်လင်းစံ (VOM)   ၂၀၁၉ ခုနှစ် ရာသီတုပ်ကွေးရောဂါဖြစ်နေချိန် ရခိုင်ပြည်နယ်အတွင်းမှာ H1N1 အပါအဝင် ရာသီတုပ်ကွေးဗိုင်းရပ်စ် သုံးမျိုးကို ကူးစက်ခံထားရသူပေါင်း ၂၇ ဦးထိ ရှိနေတယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။   ကျန်းမာရေးဌာနအနေနဲ့ ဆေးရုံတွေမှာ လာရောက်ဆေးကုသမှု ခံယူခဲ့သူတွေထဲက သံသယရှိသူတွေကို စစ်ဆေးခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဂွ၊ တောင်ကုတ် မန်အောင်မြို့နယ်တွေမှာ ဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။   “ရခိုင်ပြည်နယ်အတွင်းမှာ အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ စစ်တဲ့လူနာအားလုံးပေါင်း ၅၇ ဦးရှိပါတယ်။ အဲ့ဒီထဲမှာ ၂၇ ဦးက ပိုးတွေ့တယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ဒီရောဂါတွေကို စောင့်ကြပ်ကြည့်ရှု ထောက်လှမ်းဖို့အတွက်ကို နေ့စဉ်ဆောင်ရွက်နေပါတယ်။”လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ ဒုတိယပြည်နယ်မှူး ဒေါက်တာသီဟက…

Read More

ထိုင်းနိုင်ငံမှာ မိုးခေါင်ရေရှားလို့ မြန်မာ၊ တရုတ်နဲ့ လာအိုနိုင်ငံတို့ကို အကူအညီတောင်း

ဘန်ကောက်၊ ဇူလိုင်-၂၅-၂၀၁၉ မျိုးဆက် (VOM)   ထိုင်းနိုင်ငံမှာ ဆိုးရွားတဲ့မိုးခေါင်းရေရှားမှု ဖြစ်ပွားနေတာကို သက်သာစေဖို့အတွက် ဆည်တွေထဲကလိုမျိုး သိုလှောင်ထားတဲ့ရေတွေ မြစ်တွေအတွင်းကို ဖောက်ပြီးလွှတ်ပေးဖို့ မြန်မာ၊ တရုတ်နဲ့ လာအိုနိုင်ငံတို့ကို ထိုင်းအစိုးရက အကူအညီ တောင်းခံလိုက်ပါတယ်။   မြစ်အောက်ပိုင်းကို ရေတွေရောက်ရှိဖို့အတွက် ရေတွေပိုပြီးလွှတ်ပေးဖို့ မြန်မာအပါအ၀င် သုံးနိုင်ငံတာဝန်ရှိသူတွေကို အကူအညီတောင်းခံခဲ့ပြီး သူတို့ကလည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။   မြစ်တွေထဲကို လွှတ်ပေးမယ့် ရေပမာဏကိုကန့်သတ်ထားပေမယ့် သုံးနိုင်ငံ တာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမျိုးသားရေအရင်းအမြစ်ဌာနတို့က သူတို့နဲ့ ဆက်လက်ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။   ဒီလိုမိုးခေါင်ရေရှားမှုဖြစ်နေတဲ့အတွက် လယ်သမားတွေရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တယ်လို့ ပရာယွတ်ကပြောဆိုပြီး စိုက်ပျိုးထားတဲ့ လယ်ယာမြေ ၄၀ ရခိုင်နှုန်းလောက်ပဲ စိုက်ပျိုးရေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။  …

Read More

ငဝန်မြစ်ရေကို သန့်စင်ပြီး သောက်သုံးရေအဖြစ် ဖြန့်ဝေဖို့ စီမံကိန်းစတင်

ပုသိမ်၊ ဇူလိုင် ၂၅ – ၂၀၁၉ ကိုအောင် (VOM)   ပုသိမ်မြို့ ငဝန်မြစ်ရေကို သန့်စင်ပီး သောက်သုံးရေအဖြစ်နဲ့ မြို့နေပြည်သူတစ်သိန်းခွဲကျော်ကို ပြန်လည်ဖြန့်ဝေမယ့်စီမံကိန်း စတင်နေပြီလို့  ပုသိမ်မြို့နယ် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။   ဒီစီမံကိန်းဟာ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ(JICA)ရဲ့ချေးငွေ  ၁၇ ဒသမ ၁၄၂ ကျပ် ဘီလီယံနဲ့ တည်ဆောက်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ ပုသိမ်ကြိုးတံတားအနီးက မရမ်းချောင်း ကျေးရွာမှာ  ရေသန့်စင်စက်ရုံကို စတင်တည်ဆောက်နေပြီ ဖြစ်ပါတယ်။   ပုသိမ်မြို့မှာ မြေအောက်ရေ သုံးစွဲနေတာကြောင့် မြေနိမ့်ကျမှုတွေမဖြစ်စေဖို့၊ မြို့နေပြည်သူတွေ သန့်ရှင်းတဲ့ရေ သောက်သုံးနိုင်စေဖို့၊ မြို့တော်အင်္ဂါရပ်နဲ့အညီနေနိုင်ဖို့ ရည်ရွယ်တယ်လို့ ပုသိမ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ထွန်းခိုင်က ပြောပါတယ်။   “လူတစ်ဦးကို တစ်နေ့ ၂၀ ဂါလံနှုန်းပေါ့။ အိမ်တိုင်ရာရောက် ပိုက်သွယ်ပြီး သန့်စင်တဲ့သောက်သုံးရေ  ဖြန့်ဝေပေးမှာပါ။ လစဉ်…

Read More

ရိုဟင်ဂျာတွေ ပြန်လက်ခံရေးအစီအစဉ် စက်တင်ဘာမှာ ပြန်စနိုင်ဖွယ်ရှိ

ဒါကာ၊ ဇူလိုင်-၂၅-၂၀၁၉ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို ပြန်ပို့ရေးနဲ့ပတ်သက်ပြီး ကာလရှည် အကြပ်အတည်းဖြစ်နေပေမယ့် စက်တင်ဘာလမှာ မြန်မာနိုင်ငံပြန်ပို့ရေးအစီအစဉ် စတင်နိုင်ဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ထိပ်တန်း တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး တူရကီအခြေစိုက် Anadolu သတင်းဌာနက ဖော်ပြပါတယ်။   ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေပြန်ပို့ရေးနဲ့ပတ်သက်ပြီး ဖြစ်နိုင်ဖွယ်ရှိတဲ့ အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က ဇူလိုင် ၂၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။   လာမယ့် စက်တင်ဘာလကစပြီး ရိုဟင်ဂျာတွေပြန်ပို့ရေးအစီအစဉ် ပြန်စဖို့မိမိမျှော်လင့်ကြောင်း၊ ၀န်ကြီးချုပ် ရှိတ်ဟာစီနာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီးနောက်ပိုင်း ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စရပ်တွေ ပိုပြီးမြန်မြန်ဆန်ဆန်လုပ်ဆောင်နေတယ်လို့ မိုမန်ကပြောဆိုခဲ့တယ်လို့ Financial Express သတင်းမှာ ဖော်ပြပါတယ်။   စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း ရိုဟင်ဂျာပြသနာနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ဖိအားတွေကို မြန်မာနိုင်ငံက မျှော်လင့်ထားမှာမဟုတ်ဘူးလို့…

Read More

ဂျပန်ပင်လယ်ပြင်အတွင်းကို ဒုံးပျံနှစ်စင်း မြောက်ကိုရီးယား ပစ်ခတ်

ဆိုးလ်၊ ဇူလိုင်-၂၅-၂၀၁၉ မျိုးဆက် (VOM)   မြောက်ကိုရီးယားဟာ တာတိုပစ် ဒုံးပျံနှစ်စင်း ပင်လယ်ပြင်အတွင်းကို  ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေက ပြောပါတယ်။   ဇူလိုင် ၂၅ ရက်အစောပိုင်းက ပစ်လွှတ်ခဲ့တဲ့ အဲဒီ ဒုံးပျံနှစ်စင်းဟာ  အရှေ့ပင်လယ်လို့ လူသိများတဲ့ ဂျပန်ပင်လယ်အတွင်းကို  မကျရောက်မီ ၅၀ ကီလိုမီတာအမြင့်ကနေ မိုင်ပေါင်း ၂၇၀ အကွာအဝေးကို ဖြတ်သန်းခဲ့ပါတယ်။   လာမယ့်လမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့အကြား ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ စီစဉ်ထားတဲ့အပေါ် မြောက်ကိုရီးယားက အမျက်ဒေါသထွက်နေခဲ့ပြီးနောက် အခုလို ဒုံးပျံပစ်လွှတ်တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။   အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ  နျူကလီးယားဆွေးနွေးပွဲတွေ ပြန်လည်စတင်တဲ့အပေါ် အကျိုးသက်ရောက်စေနိုင်တယ်လို့ မြောက်ကိုရီးယားက သတိပေးထားပါတယ်။ မြောက်ကိုရီးယားဟာ ဒီနေ့ ဇူလိုင် ၂၅  ရက်မှာ ပထမဆုံးဒုံးပျံကို မနက် ၅ နာရီ ၃၄…

Read More

ပဲခူးပြည်​သူ့​ဆေးရုံမှာ H1N1 လူနာတစ်​ဦး စတင်​​တွေ့ရှိ

ပဲခူး၊ ဇူလိုင်​ ၂၅- ၂၀၁၉ မိုးယံ(VOM)   ပဲခူးပြည်​သူ့​ဆေးရုံကြီးမှာ H1N1​ ရောဂါ လူနာတစ်​ဦးစတင်တွေ့ရှိတဲ့အတွက် အထူးကြပ်​မတ်​ကုသ​ပေး​နေတယ်​လို့ ဇူလိုင် ၂၄ ရက် ​နေ့လည်​ ၁ နာရီက ကျင်းပတဲ့ ရာသီတုပ်​​ကွေးရောဂါ ကုသ​ရေးလုပ်​ငန်းများနဲ့ ပတ်​သက်​ပြီး ညှိနှိုင်းအစည်းအ​ဝေးကနေ သိရပါတယ်။   “လူနာက ​ကျောက်​တံခါးမြို့နယ်​ မြို့​ချောင်းအုပ်​စု ထန်းတပင်​​ကျေးရွာက အသက်​၂၆ နှစ်​ရှိ အမျိုးသားတစ်​ဦး ပါ။ လူနာကို စနစ်​တကျကု​နေတယ်​၊ ရိုးရိုးလူနာ​တွေနဲ့ မထားဘဲ သီးသန့်​အခန်းနဲ့ထားပြီး​ စောင့်​​ရှောက်​​နေတယ်။ အထူးကုဆရာဝန်​ကြီး​တွေ၊ သူနာပြု​တွေ အဖွဲ့လိုက်​ ကုသ​နေပြီး​တော့ ​လက်​ရှိက​တော့ စိုးရိမ်​​နေရပါတယ်​။” လို့ ပဲခူးပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရန်​နိုင်​​မောင်​က ​ပြောပါတယ်​။   H1N1 ရောဂါဟာ ချောင်းဆိုး၊ နှာချေရာကနေ လေထဲက ကူးစက်နိုင်တဲ့အတွက် ရောဂါမကူးစက်အောင် ချောင်းဆိုးရင် လက်ကိုင်ပုဝါအသုံးပြုဖို့၊ သူတပါးက…

Read More

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ရခိုင်နိုင်ငံရေးပါတီတွေဆွေးနွေး

စစ်တွေ၊ ဇူလိုင် ၂၅ -၂၀၁၉ ခိုင်လင်းစံ (VOM)   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ရခိုင်ပြည်နယ်အတွင်းက နိုင်ငံရေးပါတီိ ၁၀ ပါတီခန့်အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးမှုတစ်ခုကို မနေ့ ဇူလိုင် ၂၄ ရက်က ရခိုင်ပြည်နယ်အစိုးရရုံးမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။   အဲ့ဒီဆွေးနွေးပွဲမှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေကို အဓိကထားဆွေးနွေးခဲ့ကြတာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လက်ရှိဆောင်ရွက်ချက်တွေကို ချပြခဲ့တာဖြစ်ပါတယ်။   နိုင်ငံရေးပါတီတွေဘက်ကလည်း ကော်မရှင်အနေနဲ့ အခြေခံမဲဆန္ဒရှင်စာရင်းတွေကို ကောက်ယူပြုစုတဲ့အခါမှာ တချို့လိုအပ်ချက်တွေနည်းပါးပြီး တိကျသေချာတဲ့ မဲဆန္ဒရှင်စာရင်းတွေ ရရှိလာဖို့အတွက် စာရင်းကောက်ယူတဲ့အခါမှာ ဒေသတွင်းကနိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေဟာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။   အခြေခံမဲဆန္ဒရှင်စာရင်းတွေကို ပြုစုတဲ့အခါမှာ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်သလို ဌာနရဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပြင်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာဟာ ခက်ခဲကြောင်းနဲ့ လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေကိုလည်း ဆန္ဒမဲပေးနိုင်ရေးအတွက်…

Read More

၂၀၀၈ ခြေဥဟာ တစ်ဦးတစ်ဖွဲ့ အခွင့်ထူးခံ မဖြစ်စေဖို့ ပြင်ဆင်စေချင်တယ်

ပုသိမ်၊ ဇူလိုင် ၂၅- ၂၀၁၉ ကိုအောင် (VOM)   ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လမ်းပေါ်ထွက် ထောက်ခံအင်အားပြတာထက် လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ အချိတ်အဆက်မိမိ ဆောင်ရွက်စေလိုတယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တစ်ဦးတစ်ဖွဲ့ အခွင့်ထူးခံ မဖြစ်စေဖို့ ပြင်ဆင်စေချင်တယ်လို့လည်း ဆိုပါတယ်။   ဒီနေ့ ဇူလိုင် ၂၄ ရက်မှာ ပုသိမ်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အခမ်းအနားကို တက်ရောက်အပြီး မီဒီယာတွေကို ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။   ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦးကော်မတီရဲ့ အစီရင်ခံစာ တင်သွင်းပြီးနောက်ပိုင်း မြို့အသီးသီးမှာ ထောက်ခံပွဲတွေနဲ့ ကန့်ကွက်ပွဲတွေ ဆက်တိုက် ပြုလုပ်နေကြတာပဲ ဖြစ်ပါတယ်။   #voiceofmyanmar #ကိုမင်းကိုနိုင်…

Read More

NLD ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးကို တာဝန်ယာယီရပ်ဆိုင်း

VOM ဇူလိုင် ၂၅၊ ၂၀၁၉   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ပါတီလုပ်ထုံးလုပ်နည်းပုဒ်မ ၇ (၁) အရ စုံစမ်းစစ်ဆေးမှုလုပ်နေဆဲကာလမှာ ပါတီတာဝန်တွေကနေရပ်ဆိုင်းပြီး ဦးဉာဏ်ဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးနေပါတယ်။   “ကိုမျိုးရန်နောင်သိမ်း ကိုက တာဝန်က အပြီးရပ်တာတော့ မဟုတ်ပါဘူး။ သူ့နဲ့ပတ်သက်တဲ့ တိုင်စာရလို့ စုံစမ်းစစ်ဆေးမှာဖြစ်လို့ ဒီကာလ တာဝန်ခဏရပ်ထားတာပါ။ အခုမှ စ ပြီး စစ်မှာဆိုတော့ ကျနော်တို့ ဘာမှပြောလို့ မရသေးပါဘူး။ စစ်ပြီးမှ ဘယ်လို အရေးယူမလဲ သိရမှာ” လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က VOM ကို ပြောပါတယ်။   တိုင်ကြားခံရသူ ဦးမျိုးရန်နောင်သိမ်းကတော့ အခုလို တာဝန်တွေ ယာယီရပ်ဆိုင်းခံရတာဟာ သူ့တာဝန်ယူနေရတဲ့ဌာနအတွက် လုပ်အားလျော့တယ်လို့ ဆိုပါတယ်။   “ပါတီစည်းကမ်းအရ တိုင်တာရှိလို့ စုံစမ်းစစ်ဆေးနေတဲ့ကာလ…

Read More
VOM News

FREE
VIEW