၂၀၀၈ ခြေဥဟာ တစ်ဦးတစ်ဖွဲ့ အခွင့်ထူးခံ မဖြစ်စေဖို့ ပြင်ဆင်စေချင်တယ်

ပုသိမ်၊ ဇူလိုင် ၂၅- ၂၀၁၉

ကိုအောင် (VOM)

 

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လမ်းပေါ်ထွက် ထောက်ခံအင်အားပြတာထက် လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ အချိတ်အဆက်မိမိ ဆောင်ရွက်စေလိုတယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တစ်ဦးတစ်ဖွဲ့ အခွင့်ထူးခံ မဖြစ်စေဖို့ ပြင်ဆင်စေချင်တယ်လို့လည်း ဆိုပါတယ်။

 

ဒီနေ့ ဇူလိုင် ၂၄ ရက်မှာ ပုသိမ်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အခမ်းအနားကို တက်ရောက်အပြီး မီဒီယာတွေကို ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦးကော်မတီရဲ့ အစီရင်ခံစာ တင်သွင်းပြီးနောက်ပိုင်း မြို့အသီးသီးမှာ ထောက်ခံပွဲတွေနဲ့ ကန့်ကွက်ပွဲတွေ ဆက်တိုက် ပြုလုပ်နေကြတာပဲ ဖြစ်ပါတယ်။

 

#voiceofmyanmar #ကိုမင်းကိုနိုင် #၂၀၀၈ ခြေဥပြင်ဆင်ရေး #ပုသိမ်

Related posts

Leave a Comment

VOM News

FREE
VIEW