ပဲခူးပြည်​သူ့​ဆေးရုံမှာ H1N1 လူနာတစ်​ဦး စတင်​​တွေ့ရှိ

ပဲခူး၊ ဇူလိုင်​ ၂၅- ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးပြည်​သူ့​ဆေးရုံကြီးမှာ H1N1​ ရောဂါ လူနာတစ်​ဦးစတင်တွေ့ရှိတဲ့အတွက် အထူးကြပ်​မတ်​ကုသ​ပေး​နေတယ်​လို့ ဇူလိုင် ၂၄ ရက် ​နေ့လည်​ ၁ နာရီက ကျင်းပတဲ့ ရာသီတုပ်​​ကွေးရောဂါ ကုသ​ရေးလုပ်​ငန်းများနဲ့ ပတ်​သက်​ပြီး ညှိနှိုင်းအစည်းအ​ဝေးကနေ သိရပါတယ်။

 

“လူနာက ​ကျောက်​တံခါးမြို့နယ်​ မြို့​ချောင်းအုပ်​စု ထန်းတပင်​​ကျေးရွာက အသက်​၂၆ နှစ်​ရှိ အမျိုးသားတစ်​ဦး ပါ။ လူနာကို စနစ်​တကျကု​နေတယ်​၊ ရိုးရိုးလူနာ​တွေနဲ့ မထားဘဲ သီးသန့်​အခန်းနဲ့ထားပြီး​ စောင့်​​ရှောက်​​နေတယ်။ အထူးကုဆရာဝန်​ကြီး​တွေ၊ သူနာပြု​တွေ အဖွဲ့လိုက်​ ကုသ​နေပြီး​တော့ ​လက်​ရှိက​တော့ စိုးရိမ်​​နေရပါတယ်​။” လို့ ပဲခူးပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရန်​နိုင်​​မောင်​က ​ပြောပါတယ်​။

 

H1N1 ရောဂါဟာ ချောင်းဆိုး၊ နှာချေရာကနေ လေထဲက ကူးစက်နိုင်တဲ့အတွက် ရောဂါမကူးစက်အောင် ချောင်းဆိုးရင် လက်ကိုင်ပုဝါအသုံးပြုဖို့၊ သူတပါးက ချောင်းဆိုးရင်လည်း အနည်းဆုံးလက်နဲ့အုပ်ထားဖို့၊ ရောဂါပိုးပါတဲ့ အမှုန်အမွှားတွေ ကိုင်မိနိုင်တဲ့အတွက် လက်ကို စင်ကြယ်စွာစနစ်တကျဆေးကြောဖို့ ဆရာဝန်ကြီးက တိုက်တွန်းပါတယ်။ ဒါ့အပြင် H1N1 ဟာလေထဲက ကူးစက်နိုင်တာကြောင့် မလိုအပ်ဘဲလူနာမေး မလာဖို့နဲ့ လူနာစောင့်အများကြီးမလာဖို့ကိုလည်း စည်းကမ်းတင်းကျပ်ထားတယ်လို့ ဆိုပါတယ်။

 

အခုနှစ်​ ပဲခူးတိုင်းမှာ ဇူလိုင်​လအထိ ​H1N1​ရောဂါ ဖြစ်​ပွားသူ ၁၁ ဦးရှိပြီး ​သေဆုံးသူ ၃ ဦးရှိပြီလို့ ပဲခူးတိုင်း ပြည်​သူ့ကျန်းမာ​ရေးဦးစီးဌာနက ထုတ်​ပြန်​ထားပါတယ်​။ တစ်နိုင်ငံလုံးအနေနဲ့ကတော့ H1N1  နဲ့သေဆုံးသူ ၇၀ ဦးကျော်ပြီလို့ သိရပါတယ်။

 

#voiceofmyanmar #ပဲခူး #ပြည်သူ့ဆေးရုံ #H1N1 လူနာတစ်ဦး စတင်တွေ့ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW