ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ရခိုင်နိုင်ငံရေးပါတီတွေဆွေးနွေး

စစ်တွေ၊ ဇူလိုင် ၂၅ -၂၀၁၉

ခိုင်လင်းစံ (VOM)

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ရခိုင်ပြည်နယ်အတွင်းက နိုင်ငံရေးပါတီိ ၁၀ ပါတီခန့်အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးမှုတစ်ခုကို မနေ့ ဇူလိုင် ၂၄ ရက်က ရခိုင်ပြည်နယ်အစိုးရရုံးမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

 

အဲ့ဒီဆွေးနွေးပွဲမှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေကို အဓိကထားဆွေးနွေးခဲ့ကြတာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လက်ရှိဆောင်ရွက်ချက်တွေကို ချပြခဲ့တာဖြစ်ပါတယ်။

 

နိုင်ငံရေးပါတီတွေဘက်ကလည်း ကော်မရှင်အနေနဲ့ အခြေခံမဲဆန္ဒရှင်စာရင်းတွေကို ကောက်ယူပြုစုတဲ့အခါမှာ တချို့လိုအပ်ချက်တွေနည်းပါးပြီး တိကျသေချာတဲ့ မဲဆန္ဒရှင်စာရင်းတွေ ရရှိလာဖို့အတွက် စာရင်းကောက်ယူတဲ့အခါမှာ ဒေသတွင်းကနိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေဟာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။

 

အခြေခံမဲဆန္ဒရှင်စာရင်းတွေကို ပြုစုတဲ့အခါမှာ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်သလို ဌာနရဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပြင်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာဟာ ခက်ခဲကြောင်းနဲ့ လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေကိုလည်း ဆန္ဒမဲပေးနိုင်ရေးအတွက် စာရင်းကောက်ယူမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့ပါတယ်။

 

 

#voiceofmyanmar #ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် #ရခိုင် #နိုင်ငံရေးပါတီ #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW