မနီလာ၊ ဇူလိုင်-၂၇-၂၀၁၉ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံက ပြည်နယ်တစ်ခုမှာ မြေငလျင်နှစ်ခုလှုပ်ခတ်သွားတာကြောင့် လူ ရှစ်ဦးထက်မနည်းသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒါဏ်ရာရရှိသွားပါတယ်။ ပြင်းအား ၅ ဒသမ ၄ နဲ့ ၅ ဒသမ ၉ အဆင့်ရှိတဲ့ မြေငလျင်နှစ်ခုဟာ နိုင်ငံမြောက်ပိုင်းကကျွန်းစုတွေရှိတဲ့ ဘတ်တန်ပြည်နယ်မှာ ဇူလိုင် ၂၇ ရက်မနက်အစောပိုင်းက လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ မြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၆၀ ၀န်းကျင်ထိခိုက်ဒါဏ်ရာရရှိခဲတယ်လို့ မြို့တော်ဝန် ရာအူးဒီဆာဂွန်က ပြောပါတယ်။ ငလျင်လှုပ်ခတ်ချိန်မှာတော့ လူအများစုဟာ သူတို့ရဲ့ နေအိမ်တွေမှာ ရှိနေကြတယ်လို့ ဆိုပါတယ်။ ဆူနာမီ သတိပေးချက်တော့ ထွက်ပေါ်တာမရှိပါဘူး။ ငလျင်လှုပ်ချိန်မှာ အိမ်တွေလှုပ်ရမ်းနေခဲ့ပြီး အိမ်တွေရဲ့ နံရံအချို့ဟာ ထိခိုက်သေဆုံးသူတွေပေါ်ကို ပိကျခဲ့တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ တစ်ချို့တွေကတော့ မြေငလျင်လှုပ်ခတ်ချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျှော်နေတာကြောင့် သေဆုံးရတာလို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ…
Read MoreDay: July 27, 2019
ကသာမြို့နယ်အတွင်းကဖမ်းဆီးရမိသောရေယာဉ်များမှအချို့မှာပျောက်ဆုံးမှု
ကသာ ဇူလိုင် ၂၇-၂၀၁၉ နိုင်ကြီး- ကသာ(VOM) စစ်ကိုင်းတိုင်းကသာမြို့နယ်မှာ ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေးကော်မတီ(ရစက)ကနေ ဖမ်းဆီးထားတဲ့ရေယာဉ်(၂၂)စီးရှိတဲ့အနက်(၁၁)စီးမှာပျောက်ဆုံးနေတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စ စစ်ကိုင်းတိုင်းလွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညီညီထွန်းက “ဖမ်းဆီးထားတဲ့ရေယာဉ်တွေပျောက်ဆုံးနေကြောင်းသိရှိရတာကြောင့် ယခုဖြစ်စဉ်အရတာဝန်ရှိသူကိုမည်ကဲ့သို့အရေးယူဆောင်ရွက်ထားတာကိုသိရှိလိုကြောင်းတိုင်းဒေသကြီးလွှတ်တော်မှာမေးမြန်းတာကိုတိုင်းတရားသူကြီးချုပ်ကဖြေကြားရာမှာအဓိကတရားခံဖြစ်တဲ့ရေယာဉ်များစနစ်တကျပြေးဆွဲရေးကော်မတီရဲ့ယခင်ကော်မတီဥက္ကဌဟောင်းဦးသိန်းမြင့်စိုးကိုကသာရဲစခန်းမှာရာဇသတ်ကြီးပုဒ်မ- ၄၀၉နဲ့အမှုဖွင့်ထားကြောင်းထို့ပြင်ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၅၁၄အရအရေးယူဆောင်ရွက်ရန်အမှုဖွင့်ထားကြောင်းယခုအချိန်မှာ၎င်းဟာထွက်ပြေးတိမ်းရှောင်နေတာကြောင့်ဖမ်းဆီးရမိအောင်ရဲတပ်ဖွဲ့နဲ့ရှာဖွေဖော်ထုတ်သွားမယ်လို့ဖြေကြားထားပါတယ်´´ လို့ ပြောပါတယ်။ “၂၀၁၄ခုနှစ်ကနေယခု၂၀၁၉ထိကသာမြို့နယ်အတွင်းမှာရေယာဉ်(၂၂)စီးဖမ်းမိပါတယ်။ပျောက်ဆုံးနေတဲ့ရေယာဉ်မော်တော်(၁၁)စီးရှိတာလည်းဟုတ်ပါတယ်။ယခင်ကပျောက်ဆုံးသွားတဲ့သံခွံရေယာဉ်ကိုပြန်လည်ဖမ်းဆီးရမိထားတာကြောင့်ပျောက်ဆုံးနေတဲ့ရေယာဉ်(၁၁)စီးမှာသံခွံရေယာဉ်မပါတော့ပါဘူး။သစ်သားနဲ့ပြုလုပ်ထားတဲ့ရေယာဉ်ငယ်တွေသာပျောက်ဆုံးနေတာဖြစ်ပါတယ်။ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီကယခင်ဥက္ကဌဟောင်းဦးသိန်းမြင့်စိုးရဲ့လက်ထက်မှာဖြစ်ပွားခဲ့တာပါ။အခုတော့သူကတိမ်းရှောင်နေပါတယ်” လို့ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီမှအဖွဲ့ဝင်(ရုံးထိုင်)ဦးဝင်းဗိုလ်ကပြောပါတယ်။ ယခုလိုဖမ်းဆီးထားတဲ့ရေယာဉ်တွေပျောက်ဆုံးရတဲ့အဓိကအချက်ဟာအမှုပြီးပြတ်သွားတဲ့ရေယာဉ်တွေကိုအမြန်ဆုံးလေလံပစ်ရောင်းချရမှာဖြစ်ပေမယ့် အချိန်ကြံ့ကြာနေတာကြောင့်ရေယာဉ်တွေကိုထိန်းသိမ်းထားရတဲ့အခြေအနေမှာအခက်အခဲတွေဖြစ်ပေါ်လာပြီးပျောက်ဆုံးပျက်စီးမှုတွေဖြစ်ပေါ်လာတာဖြစ်ကြောင်းလေ့လာတွေ့ရှိရပါတယ်။ “ယခင်ကော်မတီဥက္ကဌဟောင်းဦးသိန်းမြင့်စိုးကိုဖမ်းဆီးထားတဲ့ရေယာဉ်တွေအလွှဲသုံးစားပြုလုပ်မှုနဲ့၂၀၁၉ဖေဖော်ဝါရီလ(၈)ရက်မှာကျွန်မကတရားလိုပြုလုပ်တရားစွဲထားပါတယ်´´ လို့ကသာမြို့နယ်တရားရုံးကဘိလစ်စာရေးကြီးဒေါ်စိုးစိုးအေးက ပြောပါတယ်။ #voiceofmyanmar #ကသာ #ဖမ်းဆီရေယာဉ်ပျောက်ဆုံးမှု
Read More