ဖိလစ်ပိုင်ငလျင်နှစ်ခုလှုပ် လူရှစ်ဦးသေဆုံး၊ ခြောက်ဆယ်ကျော်ဒါဏ်ရာရ

မနီလာ၊ ဇူလိုင်-၂၇-၂၀၁၉

မျိုးဆက် (VOM)

 

ဖိလစ်ပိုင်နိုင်ငံက ပြည်နယ်တစ်ခုမှာ မြေငလျင်နှစ်ခုလှုပ်ခတ်သွားတာကြောင့် လူ ရှစ်ဦးထက်မနည်းသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒါဏ်ရာရရှိသွားပါတယ်။

ပြင်းအား ၅ ဒသမ ၄ နဲ့ ၅ ဒသမ ၉ အဆင့်ရှိတဲ့ မြေငလျင်နှစ်ခုဟာ နိုင်ငံမြောက်ပိုင်းကကျွန်းစုတွေရှိတဲ့ ဘတ်တန်ပြည်နယ်မှာ ဇူလိုင် ၂၇ ရက်မနက်အစောပိုင်းက လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

 

မြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၆၀ ၀န်းကျင်ထိခိုက်ဒါဏ်ရာရရှိခဲတယ်လို့ မြို့တော်ဝန် ရာအူးဒီဆာဂွန်က ပြောပါတယ်။ ငလျင်လှုပ်ခတ်ချိန်မှာတော့ လူအများစုဟာ သူတို့ရဲ့ နေအိမ်တွေမှာ ရှိနေကြတယ်လို့ ဆိုပါတယ်။

 

ဆူနာမီ သတိပေးချက်တော့ ထွက်ပေါ်တာမရှိပါဘူး။ ငလျင်လှုပ်ချိန်မှာ အိမ်တွေလှုပ်ရမ်းနေခဲ့ပြီး အိမ်တွေရဲ့ နံရံအချို့ဟာ ထိခိုက်သေဆုံးသူတွေပေါ်ကို ပိကျခဲ့တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 

တစ်ချို့တွေကတော့ မြေငလျင်လှုပ်ခတ်ချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျှော်နေတာကြောင့် သေဆုံးရတာလို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာ့ပေါ်မှာ လှုပ်ရှားလွန်းတဲ့ အဓိကမြေငလျင်ဇုန်တစ်ခုဖြစ်တဲ့ ပစိဖိတ်အန္တရာယ်စက်ကွင်းပေါ်မှာ တည်ရှိနေပါတယ်။

Ref : BBC Photo :AP

Related posts

Leave a Comment

VOM News

FREE
VIEW