နေပြည်တော်၊ ဇူလိုင် ၁၅-၂၀၁၉ ဒီပ(နေပြည်တော်) (VOM) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီး ၀င်ရောက်စွက်ဖက်တဲ့ပုံစံမျိုး မဖြစ်စေဖို့ အထူးသတိပြုရမှာ ဖြစ်တယ်လို့ ဒီနေ့ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောပါတယ်။ “လွှတ်တော်များရဲ့ အဓိကတာဝန်ဟာ ဥပဒေပြုရေးတာဝန်ပဲ ဖြစ်ပါတယ်။ မိမိတို့ပြည်သူတွေအတွက် ဒီမိုကရေစီစံနှုန်းနဲ့ကိုက်ညီတဲ့ ဥပဒေများကို ရေးဆွဲပြဌာန်းပေးကြရမှာ ဖြစ်ပါတယ်။ ဒုတိယတာဝန်ဖြစ်တဲ့ စောင့်ကြည့်ထိန်းညှိခြင်း တာဝန်ကိုလည်း ဥပဒေ၊ နည်းဥပဒေများနဲ့အညီ စနစ်တကျ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ လွှတ်တော်ကိုယ်စားလှယ်များရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး ၀င်ရောက်စွက်ဖက်တဲ့ပုံစံမျိုး မဖြစ်စေဖို့ အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။”လို့ ပြောကြားခဲ့တာပါ။ ဒါ့အပြင် လက်ရှိနိုင်ငံတကာအခြေအနေတွေကို လေ့လာအကဲခတ်ကြည့်မယ်ဆိုရင်လည်း နိုင်ငံရေးရည်မှန်းချက် အပြောင်းအလဲတွေနဲ့ မူဝါဒအပြောင်းအလဲတွေကို တွေ့မြင်ကြရမှာဖြစ်တဲ့အတွက် အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဆိုတာမရှိတာကြောင့် နိုင်ငံအကျိုးစီးပွားကိုသာ အဓိကဦးစားပေးရမယ်လို့ သိရပါတယ်။…
Read MoreMonth: July 2019
သွားလာရေး အခက်အခဲကြောင့် ဒုက္ခသည်တွေကို ကူညီပေးဖို့ အဆင်မပြေဖြစ်
စစ်တွေ၊ ဇူလိုင် ၁၅-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသမှာ မိုးသည်းထန်စွာရွာသွန်းနေတဲ့အတွက် မြို့နယ်သုံးမြို့နယ်အတွင်းမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေပါတယ်။ အဲ့ဒီရေကြီးနစ်မြုပ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေဟာ နေထိုင်ရေး၊ စားသောက်ရေးအပြင် တခြားအကူအညီတွေပါ လိုအပ်နေကြတာ ဖြစ်ပါတယ်။ “အကူညီတွေကတော့ အများကြီးလိုအပ်နေတာပါ။ ဒီလူတွေကို နေရာချထားဖို့အတွက်က အဓိကအရေးကြီးနေတယ်။ သူတို့အတွက် စားရေးသောက်ရေးတွေကလည်း မရှိဘူး။ ဒေသခံတွေရဲ့အကူအညီတွေကလွဲလို့ တခြားဌာနဆိုင်ရာတွေက လာကူညီပေးတာ မရှိသေးဘူး။ မီးသတ်တစ်ခုပဲ ကူညီနေတာ တွေ့ရတယ်။”လို့ မင်းပြားဒေသခံတစ်ဦးက ပြောပါတယ်။ အခုလိုမျိုး ရေဘေးကြောင့်အခက်အခဲရှိနေတဲ့နေရာတွေမှာ လိုအပ်တဲ့အကူအညီတွေကိုပေးဖို့နဲ့ အစိုးရအဖွဲ့က မြို့နယ်တွေကို ကြိုတင်ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရပါတယ်။ “ရေဘေးနဲ့ကြုံရနိုင်တဲ့နေရာတွေမှာ အကူအညီတွေပေးဖို့အတွက် ညွှန်ကြားထားပါတယ်။ လောလောဆယ်မှာတော့ သွားလာရေးကိစ္စတွေ အခက်အခဲဖြစ်နေလို့ မရောက်လာနိုင်တာ ဖြစ်နိုင်ပါတယ်။ လေးမြို့မြစ်အထက်က…
Read Moreအလယ်တန်းပညာသင်ခွင့်ရရှိရေး ဆင်ရောက်ကုန်းကျေးရွာဒေသခံအချို့ဆန္ဒထုတ်ဖော်
ဒီပဲယင်း၊ ဇူလိုင် ၁၅- ၂၀၁၉ ရန်နိုင်စိုး (VOM) စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဆင်ရောက်ကုန်းကျေးရွာရှိ အလယ်တန်းကျာင်းသား၊ကျောင်းသူ ၃၆ ဦး ဆက်လက်ပညာသင်ကြားနိုင်ရေးနဲ့ပတ်သတ်ပြီး ဒေသခံအချို့ ဒီနေ့ ဇူလိုင်လ ၁၅ ရက်က မုံရွာမြို့ပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆင်ရောက်ကုန်းကျေးရွာမှာ မူလတန်းကို ပညာသင်ကြားခွင့်ပေးထားပေမယ့် အလယ်တန်းကျောင်းမရှိလို့ ကိုယ်ထူကိုယ်ထဆောက်လုပ်ပြီး အလယ်တန်းကျောင်းပညာရေးကို သင်ကြားနေကြရာမှာ တိုင်းပညာရေးအဖွဲ့ရုံးကနေ ပိတ်လိုက်တဲ့အပေါ် ကျေနပ်မှုမရှိလို့ဆိုပြီး အခုလို ဆန္ဒထုတ်ဖော်ကြတာလို့ ဒေသခံတွေက ဆိုပါတယ်။ ” ကျနော်တို့ကလေးတွေက အခုလိုပိတ်ပင်ခံလိုက်ရတော့ ဘယ်မှာ ပညာဆက်လို့သင်ရမှန်းလည်း မသိဘူး။ ကိုယ်ထူကိုယ်ထကျောင်းကို ဆောက်တာကလည်း တိုင်းလူမှုရေးဝန်ကြီးက သဘောတူပြီးသားပါ။ ဒါနဲ့ သင်တာလည်း တစ်လလောက်ရှိပြီ။ ဒီလပိုင်း ၅ ရက်နေ့ကမှ ပညာရေးအဖွဲ့တွေနဲ့ ဝန်ကြီးက အလယ်တန်းသင်ကြားခွင့်မရှိဘူးလို့ လာအကြောင်းကြားတာ။” လို့ ဆင်ရောက်ကုန်းကျေးရွာက ကိုနိုင်မင်းက…
Read Moreအများစိတ်ဝင်စားနေတဲ့ ဗစ်တိုးရီးယားအမှုက စွပ်စွဲခံထားရသူကို ဒီနေ့ ရုံးထုတ်
နေပြည်တော်၊ ဇူလိုင် ၁၅ – ၂၀၁၉ ကိုထွန်း(VOM) နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ သုံးနှစ်ခန့်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူကို ဒီနေ့ ဇူလိုင် ၁၅ ရက်မှာတော့ နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလက Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ ဗစ်တိုးရီးယားဟာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်ခံခဲ့ရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လက်ရှိမှာ ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားတာပါ။ ဒီနေ့မှာ စွပ်စွဲခံရသူ ကိုအောင်ကြီးရှေ့နေဘက်က ပါဝါတင်ဖို့နဲ့ အမှုကိုစီစဉ်ဖို့ပေါ့သာ ဆောင်ရွက်သွားမှာဖြစ်ပြီး စတင်စစ်ဆေးမှုတော့ မရှိသေးဘူးလို့ သိရပါတယ်။ လာမယ့်ရုံးချိန်းကို ဇူလိုင် ၂၄ ရက်ကို…
Read Moreကံမမြို့နယ်မှာချောင်းရေတိုက်စားလို့နေအိမ်တွေရွှေ့ ပြောင်းရ
ကံမ ဇူလိုင်၁၄ -၂၀၁၉ ဂျန်ကိုးလ် (VOM) မကွေးတိုင်းကံမမြို့နယ် သမ္ဘရာကျေးရွာမှာမင်းတုန်းချောင်းရေတိုက်စားလို့ ကမ်းပါးတွေပြိုနေပြီး လတ်တလော တအိမ်ရွှေ့ရသလို နောက်ထပ် ၁၅အိမ် ရွှေ့ပြောင်းရတော့မှာဖြစ်ပါတယ်။ ”အဓိကတော့လောလောဆယ်ရေလွှဲလုပ်ပေးစေချင်တယ်တောင်သူတွေနဲ့လည်းညှိနှိုင်းပြီးပီရေဦးဘဲရှိသေးတာ ဒီလောက်ပြိုနေတာရေကဆက်လာဦးမှာမနှစ်ကတည်းက ရွာကမ်းနားတန်းကကုန်ပြီတဖြည်းဖြည်းနဲ့ရွာကကွက်သစ်ဖြစ်နေပြီ”လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲဇာနည်ကပြောပါတယ်။ အိမ်နေရာတွေအတွက် ကွက်သစ်ပေးရလို့ စိုက်ပျိုးမြေဧရိယာလည်း နည်းကုန်ပြီးပြောင့်ရွေ့ရတဲ့ စားရိတ်ကလည်း ခက်ခဲသလို တောင်ပေါ်ကိုရွှေ့ရင်လည်း ရေအတွက် အဆင်မပြေဘူးလို့ဒေသခံတွေကပြောပါတယ်။ ”ကမ်းပါးနဲ့နီးနေတော့ အိမ်ဖျက်ရတယ်တနာရီတခါလောက်ပြိုနေတာ တဝုန်းဝုန်းနဲ့မနေရဲဘူး နိုင်ငံတော်ကကူညီရင်တော့ကောင်းတာပေါ့”လို့ပြီးခဲ့တဲ့၁၀ရက်လောက်ကနေအိမ်ဖျက်ရွေ့ခဲ့ရသူဒေါ်နွဲ့နွဲ့စိုးက ပြောပါတယ်။ ကံမမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိန်ဟန်က‘ဘတ်ဂျက်ထည့်ဆွဲထားတာ ဖြည့်စွက်ထဲရောက်နေတော့ ကြာတာလည်းပါတယ်။တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကိုလည်းမေးထားတယ်လောလောဆယ်တော့မြစ်ကြောင်းဖြိုးက ညွှန်မှူးကိုသွားကြည့်ဘို့ပြောထားတယ်။ သူတို့လျာထားတဲ့ အထဲပါတယ်တဲ့ ဖြည့်စွက်ထဲရောက်တော့ကြာသွားတာ သူတို့လည်းစိတ်မကောင်းဘူး ကျနော်ကလည်း အခု နေပြည်တော်ရောက်နေလို့သွားလို့မရဘူး”လို့ပြောပါတယ်။ သမ္ဘရာကျေးရွာဟာနှစ်စဉ်မိုးရာသီမှာ မင်းတုန်းချောင်းရေတိုက်စားမှု့ကြောင့်ကမ်းပါးပြိုမှုတွေဖြစ်ခဲ့ပြီးချောင်းကမ်းနံဘေးက နေအိမ်တွေဖျက်ဆီးရွှေ့ပြောင်းကြရတာဟာ၂၀၁၆ခုနှစ်ကနေအိမ်၂၀လုံး၊၂၀၁၇ခုနှစ်ကနေအိမ်၁၈လုံးနဲ့ ၂၀၁၈ခုနှစ်ကနေအိမ်၁၇လုံးဖျက်သိမ်းရွှေ့ပြောင်းခဲ့ရတယ်လို့ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့မှတ်တမ်းအရ သိရပါတယ်။ #voiceofmyanmar #မင်းတုန်း…
Read Moreရခိုင်ပြည်နယ်မှာ ရေဘေးကြုံနေရတဲ့ဒုက္ခသည်စခန်း၁၆ခုထိရှိနေပြီ
စစ်တွေ၊ဇူလိုင်၁၄-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မှာအခုရက်ပိုင်းအတွင်းရေကြီးရေလျှံဖြစ်ပွားနေတဲ့အတွက်မြို့နယ်သုံးမြို့နယ်အတွင်းကရေဘေးကြုံတွေ့နေရတဲ့စစ်ဘေးရှောင်ဒုက္ခသည်စခန်းပေါင်း၁၆ခုအထိရှိလာနေပြီလို့ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးREC ကအတည်ပြုပြောကြားပါတယ်။ ရေကြီးနစ်မြုပ်နေတဲ့စခန်းတွေကတော့မင်းပြားမြို့နယ်၊မြောက်ဦးမြို့နယ်နဲ့ကျောက်တော်မြို့နယ်တွေအတွင်းကဒုက္ခသည်စခန်းတွေဖြစ်ကြပြီးအဲ့ဒီမှာနေထိုင်တဲ့သူတွေအတွက်အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ “ရေကဒီရက်ပိုင်းအတွင်းမှာမြင့်တက်လာတယ်။စခန်းတော်တော်များများရေမြုပ်နေတယ်။အခုဆိုရင်ကျောက်တော်မြို့နယ်မှာလည်းစခန်းတွေကိုရေစဝင်နေပါပြီ။မြို့နယ်သုံးမြို့နယ်အတွင်းမှာစခန်းပေါင်း၁၆ခုလောက်ရေနစ်နေတယ်လို့သိရပါတယ်။ကျွန်တော်တို့လည်းဖုန်းသတင်းတွေအရသိရတာပါ။”လို့REC အတွင်းရေးမှူးဦးဇော်ဇော်ထွန်းကပြောပါတယ်။ မြောက်ဦးမြို့နယ်အတွင်းမှာတော့စင်းဘောကိုင်း၊တိမ်ညို၊ဘုရားလှ၊ကုလားချောင်း၊ဝက်လှက်၊ထမ္မရာဇ်၊မြတန်ဆောင်းမင်းပြားမြို့နယ်မှာတော့မင်းဘူး၊ရွှေတမာ၊ကျောက်တော်မြို့နယ်မှာတော့ကန်ဇောက်၊တောင်မင်းကုလားစတဲ့ စခန်းပေါင်း၁၆ခုခန့်ကိုရေနစ်မြုပ်နေတာဖြစ်ပါတယ်။ “အခုကစခန်းမှာဆက်နေလို့မရတဲ့အတွက်မသန်စွမ်းတွေ၊သက်ကြီးပိုင်းတွေနဲ့အမျိုးသမီးတွေကိုပဲသင့်တော်တဲ့နေရာတွေမှာပြောင်းရွှေ့ထားရတယ်။လောလောဆယ်တော့ဘုန်းကြီးကျောင်းမှာထားတာပေါ့။ဒီလောက်လူအများကြီးကတစ်ရက်နေဖို့အတွက်တောင်တော်တော်လေးကိုဒုက္ခရောက်ပါတယ်။အိပ်ဖို့အခက်အခဲ၊စားသောက်ဖို့အခက်အခဲဖြစ်နေပါတယ်။ဘယ်ကမှအကူအညီလာပေးတာတော့မရှိသေးဘူး။”လို့တိမ်ညိုကယ်ဆယ်ရေးစခန်းတာဝန်ခံဦးဝေလှအောင်ကပြောပါတယ်။ လက်ရှိမှာရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားနေတဲ့မြို့နယ်တွေဟာအင်တာနက်ဆက်သွယ်ရေးလိုင်းတွေကိုပိတ်ထားတဲ့မြို့နယ်တွေဖြစ်တာကြောင့်ရေဘေးကြုံနေရတဲ့ဒုက္ခသည်တွေနဲ့စခန်းတွေရဲ့အခြေအနေတွေကိုသွားလာရေးခက်အခဲနေတဲ့အတွက်ဖုန်းသတင်းတွေအရသိရတာဖြစ်ပြီးသတင်းအခြေအနေအသေးစိပ်ကိုသိရဖို့ခက်အခဲနေတယ်လို့ဦးဇော်ဇော်ထွန်းကပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းကတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်ဟာ၅၂၀၀၀နီးပါးခန့်အထိရှိနေပြီးအဲ့ဒီထဲက၁၆၀၀၀လောက်ဟာရေဘေးဒုက္ခနဲ့ဆက်လက်ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ #voiceofmyanmar #ရခိုင်ပြည်နယ် #ဒုက္ခသည်စခန်း၁၆ခုရေမြုပ် # ကျောက်တော် #မင်းပြား #မြောက်ဦး ဓါတ်ပုံ- အောင်စိုးမြင့်
Read Moreမင်းတုန်းမှာ စက်လှေမှောက်လို့ ပျောက်သွားတဲ့ ကျောင်းသူတွေအလောင်းရှာဖွေတာ တယောက်တွေ့ ၃ယောက် ရှာမရဖြစ်နေဆဲ
မင်းတုန်း ဇူလိုင်-၁၄ -၂၀၁၉ ဂျန်ကိုးလ်(VOM) မကွေးတိုင်းသရက်ခရိုင် မင်းတုန်းမြို့မှာဇူလိုင်၁၂ရက်နေ့ မွန်းလွဲပိုင်းက ကျောင်းကြိုစက်လှေမှောက်လို့ ပျောက်ဆုံးနေတဲ့ ကျောင်းသူ ၄ဦးအနက်၁ဦးကို ဇူလိုင်၁၃ရက်မနက်က သေဆုံးလျှက်ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်တဲ့ကျောင်းသူ၃ယောက်ကတော့ ဇူလိုင်၁၄ရက်မွန်းလွဲအထိ မတွေ့ရှိသေးဘူးလို့သိရပါတယ်။ ‘ မနက်ကတည်းကကံမမြောက်ချောင်း ကူညီရေးအသင်းနဲ့စရှာတယ် မန္တလေးကပရဟိတရေငုတ်သမားတွေနဲ့ အခုဆက်ရှာနေတုန်းဘဲ”လို့ရှာဖွေရေးလုပ်ဆောင်နေတဲ့ကိုဇင်မြတ်ထွန်းကပြောပါတယ်။ မင်းတုန်းမြို့ တဘက်ကမ်းကနေ ကျောင်းလာတက်ရတဲ့ကလေးတွေဟာ အဲဒီနေ့က ကျောင်းမှာဝါဆိုသင်္ကန်းကပ်လို့ ကျောင်းချိန်စောလွှတ်လိုက်တာလို့သိရပြီး ကျောင်းသူကျောင်းသားများအပါအဝင် လူ၁၈ဦးနဲ့ဆိုင်ကယ်တစီးတင်ဆောင်ပြီး ထွက်ခွာလာစဉ်မှာ နစ်မြုပ်တာလို့သိရပါတယ်။ စက်လှေမှောက်ရာမှာပါဝင်ခဲ့တဲ့ ၇တန်းကျောင်းသူမဆွေဇင်ဝတီက သူတို့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကို ခုလိုပြောပြပါတယ်။ ‘ လူများနေလို့မလိုက်တော့ဘူးလို့နေတာမောင်းတဲ့သူက နောက်တခေါက်လာမခ်ါဘူးဆိုလို့ လိုက်ရတာ။ နေရာက စက်လှေဦးမှာနေရာရတယ်။ စက်လှေထွက်ကတည်းက စောင်းနေတာဘက်မမျှလို့ လူခွဲထိုင်ပေးပါဆိုရင်း ရေစီးသန်တဲ့နေရာမှာ စက်လှေထဲရေတွေဝင်လာပြီး တည့်တည့်ကြီးမြုပ်သွားတာ။သမီးကိုလူကြီးတွေက မေးစေ့လောက်ရှိတဲ့နေရာအထိ ဆွဲထားလို့မသေခဲ့ရတာဘာကျောက်ဆောင်မှမရှိဘူးမတိုက်မိဘူး” …
Read Moreတိမ်ညိုကယ်ဆယ်ရေးစခန်း ရေနစ်မြုပ် ဒုက္ခသည်တွေ ပြောင်းရွှေ့နေရ
မြောက်ဦး၊ ဇူလိုင် ၁၃-၂၀၁၉ ခိုင်လင်းစံ (VOM) ပြီးခဲ့တဲ့ ဇွန်လအတွင်းကစတင်ပြီးတော့ ရခိုင်ပြည်နယ်အတွင်းမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ပြည်နယ်အတွင်းက မြို့တော်တော်များများမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အဲ့ဒီမိုးရေတွေ ပြည့်လျှံပြီးတော့ ဇူလိုင် ၁၃ ရက် ဒီကနေ့မှာတော့ မြောက်ဦးမြို့နယ်အတွင်းက တိမ်ညိုကယ်ဆယ်ရေးစခန်းကို ရေနစ်မြုပ်ခဲ့တာဖြစ်ပြီး စခန်းအတွင်းမှာ နေထိုင်တဲ့ ဒုက္ခသည်တွေကို နီးစပ်ရာနေရာတွေမှာ ပြောင်းရွှေ့နေကြရတာ ဖြစ်ပါတယ်။ “ရေက တစ်နေ့ကနေ တက်လာတယ်။ ဒီနေ့မှာတော့ လုံးဝနေလို့ မရတဲ့အနေအထားထိကို ဖြစ်သွားတယ်။ အနိမ့်ပိုင်းနေရာတွေမှာရှိတဲ့ အိမ်တွေရဲ့ကြမ်းခင်းတွေပါ မြုပ်နေပါတယ်။ ဒါကြောင့် လူတွေကို နီးစပ်ရာ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းမှာ ပြောင်းရွှေ့ထားရတယ်။ တချို့သန်သန်မာမာလူတွေကတော့ စခန်းမှာပဲဖြစ်သလို နေကြရတယ်။ နေမယ့်နေရာလည်း မရှိဘူး ဖြစ်နေတယ်။”လို့ တိမ်ညိုကယ်ဆယ်ရေးခစန်းကော်မတီ ဥက္ကဌ ဦးဝေလှအောင်က ပြောပါတယ်။ တိမ်ညိုကယ်ဆယ်ရေးစခန်းမှာ…
Read Moreရွှေကျင်မြို့နယ် ငြိမ်းချမ်းရေးအဖွဲ့ ကွန်ဖဲ့အထူးဒေသမှာ စာသင်ကျောင်းနဲ့ ဆေးပေးခန်းတွေမရှိလို့ အခက်အခဲဖြစ်နေ
ရွှေကျင်၊ ဇူလိုင် ၁၃ -၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း ရွှေကျင်မြို့နယ် ငြိမ်းချမ်းရေးအဖွဲ့ ကွန်ဖဲ့အထူးဒေသမှာ စာသင်ကျောင်း၊ ဆေးပေးခန်းနဲ့ လမ်းတွေ ပြုပြင်ပေးမှုမရှိလို့ ဒေသခံတွေ အခက်အခဲဖြစ်နေတဲ့အတွက် ဒီနေ့ ဇူလိုင် ၁၃ ရက်မှာ တိုင်းဝန်ကြီးချုပ်နဲ့ လူထုတွေ့ဆုံပွဲမှာ ထပ်မံ တောင်းဆိုခဲ့တယ်လို့ KNU/KNLA ငြိမ်းချမ်းရေးအဖွဲ့က သိရပါတယ်။ “ကျနော်တို့ဒေသမှာ ကျန်းမာရေး ဆေးပေးခန်း၊ ဆေးရုံ မရှိတဲ့အခါကျတော့ ၁၇ မိုင်လောက်ဝေးတဲ့ ရွှေကျင်မြို့နယ်ကို သွားရတယ်။ နွေရာသီမှာတော့ ကားနဲ့သွားလို့ရတယ်။ မိုးတွင်းမှာတော့ သွားလို့မရဘူး။ ရေလမ်းနဲ့ပဲသွားလို့ရတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း တအားခက်ခဲတယ်။ ကလေးတွေလည်း ကွန်ဖဲ့မှာပဲ ကိုယ်ထူကိုယ်ထနဲ့ စာသင်နေရတယ်။ ဒါကြောင့် စာသင်ကျောင်းရချင်တယ်။” လို့ ကွန်ဖဲ့ငြိမ်းချမ်းရေးအထူးဒေသ ဥက္ကဌ ဦးစောထီးမှူးက ပြောပါတယ်။ အဲဒီဒေသဟာ အရင်က အထက်တန်းကျောင်းရှိခဲ့ပေမယ့် စစ်ပွဲဖြစ်ပွားမှုတွေကြောင့်…
Read Moreခန္တီးမြို့နယ် နန်းဖီးလင်းချောင်းဝမှာ လူသက်မှုကျုးလွန်ခဲ့တဲ့ ရှမ်းနီလက်နက်ကိုင်အချို့ကို မတရားသင်းဥပဒေနဲ့ပါ အမှုဖွင့်
ခန္တီး၊ ဇူလိုင် ၁၃ – ၂၀၁၉ ခန္တီးဆောင်း(VOM) စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် နန်းဖီးလင်းချောင်းဝမှာ ပယင်းမှော်အပြန် ပစ္စည်းလုယက်ပြီး လူသက်ထွက်ပြေးသွားခဲ့တဲ့ ရှမ်းနီလက်နက်ကိုင်လေးဦးကို ၁၇(၁) နဲ့ပါ အမှုဖွင့်ထားတယ်လို့ ခန္တီးမြို့မ ရဲစခန်းက သိရပါတယ်။ ဧပြီလ ၁၁ ရက်က နန်းဖီးလင်းချောင်း ဒေသခံအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ပယင်းမှော်အပြန်မှာ အသတ်ခံခဲ့ရတာဖြစ်ပြီး အဲဒီအတွက် ဧပြီလ ၁၇ ရက်မှာတော့ ဇွဲထက်(ခ)ထွန်းထွန်း၊ သက်မောင်၊ မောင်အုန်းနဲ့ အောင်သူတို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူတို့လေးဦးထဲက နှစ်ဦးကို လုယက်မှု၊ လူသတ်မှု အပါအဝင် မတရားအသင်း ဥပဒေပုဒ်မ၁၇(၁)နဲ့ပါ အမှုဖွင့်ထားပြီး ကျန်နှစ်ဦးကိုတော့ မတရားအသင်း ဥပဒေပုဒ်မ၁၇(၁)နဲ့သာ အရေးယူထားတယ်လို့ ခန္တီးမြို့မစခန်းက သိရပါတယ်။ “ပစ္စည်းတွေ လု၊ လူလည်း သတ်သွားခဲ့တယ်။ တပ်မတော်စစ်ကြောင်း…
Read More