အများစိတ်ဝင်စားနေတဲ့ ဗစ်တိုးရီးယားအမှုက စွပ်စွဲခံထားရသူကို ဒီနေ့ ရုံးထုတ်

နေပြည်တော်၊ ဇူလိုင် ၁၅ – ၂၀၁၉

ကိုထွန်း(VOM)

 

နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ သုံးနှစ်ခန့်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူကို ဒီနေ့ ဇူလိုင် ၁၅ ရက်မှာတော့ နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ မေလက Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့  ဗစ်တိုးရီးယားဟာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်ခံခဲ့ရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လက်ရှိမှာ ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားတာပါ။

 

ဒီနေ့မှာ စွပ်စွဲခံရသူ ကိုအောင်ကြီးရှေ့နေဘက်က ပါဝါတင်ဖို့နဲ့ အမှုကိုစီစဉ်ဖို့ပေါ့သာ ဆောင်ရွက်သွားမှာဖြစ်ပြီး စတင်စစ်ဆေးမှုတော့ မရှိသေးဘူးလို့ သိရပါတယ်။ လာမယ့်ရုံးချိန်းကို  ဇူလိုင် ၂၄ ရက်ကို ချိန်းဆိုလိုက်တယ်လို့ ဒက္ခိဏခရိုင်တရားရုံးက သိရပါတယ်။

 

စွပ်စွဲခံရသူအောင်ကြီးဘက်က လိုက်ပါဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကတော့“ကိုအောင်ကြီးကို ဒီအမှုကနေ လွတ်အောင် ဆောင်ရွက်မယ်။ နောက်တစ်ခုက အဲ့လိုဆောင်ရွက်ရင်း၊ စစ်ရင်းဆေးရင်းကနေ ကိုအောင်ကြီးမဟုတ်ဘူးဆိုတာကို ပေါ်နိုင်တယ်။ ဘယ်သူတွေလဲ၊ ဘယ်သူတွေများ ဖြစ်သလဲဆိုတာကို အတတ်နိုင်ဆုံး ကျနော်တို့ လုပ်သွားမယ်။” လို့ ဆိုပါတယ်။

 

လက်ရှိမှာတော့ Wisdom Hill မူကြိုကျောင်းကို ယာယီပိတ်ထားပြီး ဒီဖြစ်စဉ်ဖြစ်သွားတဲ့အတွက် အဲဒီမူကြိုကျောင်းကို ခွင့်ပြုချက်ပေးမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ အလားတူပဲ Wisdom Hill က ဖွင့်လှစ်ထားတဲ့ အခြား အထက်တန်း၊ အလယ်တန်း ကိုယ်ပိုင်ကျောင်းတွေကိုလည်း ပြန်လည်စစ်ဆေးပြီး ဥပဒေနဲ့ညီညွတ်မှု မရှိရင် အရေးယူသွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားပါတယ်။

 

#voiceofmyanmar #နေပြည်တော် #Wisdom Hill မူကြိုကျောင်းမှာ #သက်ငယ်မုဒိမ်း #ဒက္ခိဏခရိုင်တရားရုံး #ရုံးချိန်း #Victoria

 

Related posts

Leave a Comment

VOM News

FREE
VIEW