ပြည်ပကို ကိုယ်တိုင်မွေးမြူထားတဲ့ ကျွဲ၊ နွား​တွေကိုပဲ တရားဝင်တင်ပို့ခွင့်ပြုမယ်

ရန်ကုန်၊ ဇူလိုင် ၁၅ – ၂၀၁၉ သူရိန်(VOM)   ကျွဲ၊ နွား​တွေ ပြည်ပကို တရားဝင်တင်ပို့ရောင်းချရာမှာ ကိုယ်တိုင်မွေးမြူထားတဲ့ မွေးမြူရေးခြံထွက် ကျွဲ၊ နွား​တွေကိုပဲ ပြောင်းလဲတင်ပို့ခွင့်ပြုသွားမယ်​လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရပါတယ်​။   လက်ရှိမှာ​တော့ ဝယ်ယူစုဆောင်းရောင်းချတဲ့ ပုံစံနဲ့သာ ကျွဲ၊ နွား​တွေကို တင်ပို့ရောင်းချခွင့်ပြုထားတာ ဖြစ်​ပြီး နောက်ပိုင်းမှာတော့ ကိုယ်တိုင်မွေးမြူ တင်ပို့ရမယ့်စနစ်ကို တဖြည်းဖြည်းပြောင်းလဲကျင့်သုံးသွားမှာ ဖြစ်ပါတယ်။   “ဒီပုံစံက မွေးမြူတဲ့ဘက်မှာလည်း တိုးတက်လာအောင်ပါ။ အရင်းအနှီးရှိတဲ့သူက အကောင်ရေများများမွေးရင် မွေးမြူရေးဘက်မှာလည်း တိုးတက်လာမယ်။ အခုက တောင်သူတွေ၊ မွေးမြူရေးသမားတွေ တစ်ပိုင်တစ်နိုင် မွေးတဲ့အပေါ်မှာပဲမူတည်ပြီး ပိုလျှံတဲ့ ကျွဲနွားတွေကို တင်ပို့နေရတာ။”လို့  စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်​။   ကိုယ်တိုင်မွေးမြူပြီး တင်ပို့တဲ့စနစ်က တောင်သူတွေအတွက် အမှန်တကယ် အကျိုးရှိတာကြောင့်…

Read More

မင်းကင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်မှာ ဘာကြောင့်မတ်တပ်ရပ်ခဲ့သလဲ

နေပြည်တော်၊ ဇူလိုင် – ၁၅ – ၂၀၁၉ ကိုထွန်း(VOM)   ဒီနေ့ နေပြည်တော် ပြည်သူ့လွှတ်တော်မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်ပြတဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီး  ပြင်ဆင်ဖို့အချက်တွေကို ကန့်ကွက်လိုက လာမယ့် ဇူလိုင် ၁၈ ရက်မှာ အမည်စာရင်းပေးသွင်းဖို့ ပြောဆိုချက်အပေါ် မင်းကင်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က မတ်တပ်ရပ်ကန့်ကွက်ခဲ့ပါတယ်။ ပြင်ဆင်ဖို့အချက်ပေါင်း ၃၇၅၆ ချက်အတွက် အချိန်လုံလောက်မှုမရှိတာကြောင့် ကန့်ကွက်ခဲ့တာပါ။ အဲဒီနောက် လွှတ်တော်နာယက ကနေ ၂၂ ရက်ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ ဒ့ါအပြင်  ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့ကို ဥပဒေအတိုင်းလုပ်ဆောင်ခဲ့မှုမရှိတဲ့အပြင် ဘယ်သူမှမဆွေးနွေးဘဲ ဒါကို အတည်ဖြစ်အောင် လုပ်ဆောင်နေတာကိုလည်း လက်မခံဘူးလို့ ဦးမောင်မြင့် ဆိုပါတယ်။     #voiceofmyanmar #နေပြည်တော် #ပြည်သူ့လွှတ်တော် #၂၀၀၈ခြေဥပြင်ဆင်ရေး #ပူးပေါင်းကော်မတီရဲ့အစီရင်ခံစာ #မင်းကင်း #ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် #ဦးမောင်မြင့်

Read More

၂၀၀၈ ခြေဥပြင်ဆင်ရေးအတွက် တင်ပြချက်အပေါ် ဦးမင်းကိုနိုင်အမြင်

နေပြည်တော်၊ ဇူလိုင် ၁၅ – ၂၀၁၉ ကိုထွန်း(VOM)   လွှတ်တော်ရဲ့အတွင်းနဲ့ လွှတ်တော်ရဲ့ပြင်ပက ဟန်ချက်ညီအောင် ဘယ်လို အလုပ်လုပ်သင့်လဲဆိုတာကို အကောင်အထည်ဖော်ဖို့ လိုတယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမင်းကိုနိုင်က ပြောပါတယ်။ ဒီနေ့ နေပြည်တော် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဧည့်သည်တော်အဖြစ်လာရောက်နားထောင်ခဲ့စဉ် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းကော်မတီက တင်ပြတဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာ အပေါ်ကို သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။   #voiceofmyanmar #၂၀၀၈ ခြေဥပြင်ဆင်ရေး #ဦးမင်းကိုနိုင် #ပြည်သူ့လွှတ်တော် #နေပြည်တော်

Read More

မြေဖို့အိမ်ယာစီမံကိန်းကြောင့် စစ်တွေဈေးဆိပ်ကမ်းမှာ ခရီးသည်တွေကို ပို့ဆောင်ပေးနေတဲ့ ကူးတို့လှေတွေ ကမ်းကပ်လို့မရ

စစ်တွေ၊ ဇူလိုင် ၁၅-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကုလားတန်မြစ် အနောက်ဘက်ကမ်းမှာ အိမ်ယာမြေကွက်သစ်တွေ ဖော်ဆောင်ရေးစီမံကိန်းအဖြစ် ကိုးရီးယားနိုင်ငံပိုင် BXT ကုမ္ပဏီနဲ့ ရခိုင်ပြည်နယ်အစိုးရတို့ အကျိုးတူ ပူးပေါင်းပြီးတော့ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။   အဲ့ဒီစီမံကိန်းကနေ မြစ်ကမ်းတောက်လျှောက်ကို မြေဖို့ပြီးလှိုင်းကာနံရံတွေ ပြုလုပ်လိုက်တဲ့အတွက် အခုလိုမိုးတွင်းရာသီမှာ ပင်လယ်ရေလှိုင်းတွေ ရိုက်ခတ်မှု ပြင်းထန်လာပြီး အဲဒီဆိပ်ကမ်းမှာ ကုန်စည်နဲ့ ခရီးသည်တွေကို ပို့ဆောင်နေတဲ့ ကူးတို့လှေတွေဟာ ကမ်းကပ်လို့မရဘဲ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။   “ဒီနေရာမှာ မြေမဖို့ခင်ကဆိုရင် လှေတွေက ဟိုးကမ်းကို ထိကပ်လို့ရတယ်၊ လှိုင်းလေ သိပ်မရှိဘူး။ ကမ်းကပ်ရတာလည်း အခက်အခဲမရှိဘူး။ ကုန်ပစ္စည်းတွေတင်ချရတာလည်း အဆင်ပြေတယ်။ လူတွေအတက်အဆင်းလည်း အဆင်ပြေတယ်။ အခုက ဒီလိုလုပ်လိုက်တော့ အကုန်လုံး အခက်အခဲတွေဖြစ်သွားတာပဲ။ လှိုင်းကြီးတဲ့နေ့တွေဆိုရင် လှိုင်းဘုတ်တွေလည်း ဒီနားမှာ ရပ်လို့မရတော့ ချောင်းထဲကိုဝင်ပြီးတာ့…

Read More

ရေငံ ယာယီ​ချောင်းကူးတံတား ရေထဲ​ပါသွားလို့ ​ဒေသခံ​တွေနဲ့​ကျောင်းသား​တွေ သွားလာ​ရေးခက်​ခဲ၊ ကျောင်းမတက်​နိုင်

လက်​ပံတန်း၊ ဇူလိုင်​ ၁၅ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း သာယာဝတီခရိုင်​ လက်​ပံတန်းမြို့နယ်​ ​ရေငံ​ကျေးရွာအုပ်​စုမှာ မိုးရွာသွန်းမှုကြောင့် ​ရေငံယာယီ​ချောင်းကူးတံတား ရေထဲမျောပါသွားလို့ သွားလာ​ရေးခက်​ခဲတဲ့အတွက် ကျေးရွာကျောင်းသားတွေ ​ကျောင်းမတက်​နိုင်​ ဖြစ်​​နေတယ်​လို့​ ဒေသခံအချို့ထံက သိရပါတယ်​။   “ကျ​နော်​တို့က ​ရေငံ-ဆင်တလင်း တံတားကြီးစတည်​​ဆောက်​ကတည်းက ကုမ္ပဏီကို​ပြောပါတယ်​။ ယာယီတံတားကို ခိုင်​ခံ့​အောင်​ ​ဆောက်​​ပေးပါဆိုတာကို ​ကုမ္ပဏီက ​စေတနာမထားဘူးဗျ၊ ပြီးစလွယ်​​ဆောက်​​ပေးတာ။ အခု တစ်​မိုးတည်းရှိ​သေးတယ်​၊ တံတားက​မျောပါသွားပြီ။ ကျ​နော်​တို့ ​သားသမီး ​ကျောင်းသူ​၊ ကျောင်းသား​တွေက ​လေးမိုင်​​အကွာက စီတုံး ကြိုးတံတားက လှည့်​သွား​နေရတာ။ ကြိုးတံတားကလည်း စိတ်​မချရ​တော့ ​ကျောင်​သား တော်​​တော်​များများ ​ကျောင်းမတက်​ကြဘူး။” လို့ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးအောင်အောင်က ပြောပါတယ်။   ​ရေငံ​ကျေးရွာအုပ်​စုမှာ ကျေးရွာ ၇ ရွာ၊ အိမ်​​ခြေ ၇ ရာဝန်းကျင်​၊ လူ​ဦးရေအားဖြင့်…

Read More

တာဝန်နဲ့ လုပ်ပိုင်ခွင့်ကိုကျော်ပြီး ၀င်ရောက်စွက်ဖက်တဲ့ပုံစံမျိုး မဖြစ်စေဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သတိပေး

နေပြည်တော်၊ ဇူလိုင် ၁၅-၂၀၁၉ ဒီပ(နေပြည်တော်) (VOM)   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီး ၀င်ရောက်စွက်ဖက်တဲ့ပုံစံမျိုး မဖြစ်စေဖို့ အထူးသတိပြုရမှာ ဖြစ်တယ်လို့ ဒီနေ့ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောပါတယ်။   “လွှတ်တော်များရဲ့ အဓိကတာဝန်ဟာ ဥပဒေပြုရေးတာဝန်ပဲ ဖြစ်ပါတယ်။ မိမိတို့ပြည်သူတွေအတွက် ဒီမိုကရေစီစံနှုန်းနဲ့ကိုက်ညီတဲ့ ဥပဒေများကို ရေးဆွဲပြဌာန်းပေးကြရမှာ ဖြစ်ပါတယ်။ ဒုတိယတာဝန်ဖြစ်တဲ့ စောင့်ကြည့်ထိန်းညှိခြင်း တာဝန်ကိုလည်း ဥပဒေ၊ နည်းဥပဒေများနဲ့အညီ စနစ်တကျ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ လွှတ်တော်ကိုယ်စားလှယ်များရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး ၀င်ရောက်စွက်ဖက်တဲ့ပုံစံမျိုး မဖြစ်စေဖို့ အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။”လို့ ပြောကြားခဲ့တာပါ။   ဒါ့အပြင် လက်ရှိနိုင်ငံတကာအခြေအနေတွေကို လေ့လာအကဲခတ်ကြည့်မယ်ဆိုရင်လည်း နိုင်ငံရေးရည်မှန်းချက် အပြောင်းအလဲတွေနဲ့ မူဝါဒအပြောင်းအလဲတွေကို တွေ့မြင်ကြရမှာဖြစ်တဲ့အတွက် အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဆိုတာမရှိတာကြောင့် နိုင်ငံအကျိုးစီးပွားကိုသာ အဓိကဦးစားပေးရမယ်လို့ သိရပါတယ်။…

Read More

သွားလာရေး အခက်အခဲကြောင့် ဒုက္ခသည်တွေကို ကူညီပေးဖို့ အဆင်မပြေဖြစ်

စစ်တွေ၊ ဇူလိုင် ၁၅-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသမှာ မိုးသည်းထန်စွာရွာသွန်းနေတဲ့အတွက် မြို့နယ်သုံးမြို့နယ်အတွင်းမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေပါတယ်။   အဲ့ဒီရေကြီးနစ်မြုပ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေဟာ နေထိုင်ရေး၊ စားသောက်ရေးအပြင် တခြားအကူအညီတွေပါ လိုအပ်နေကြတာ ဖြစ်ပါတယ်။   “အကူညီတွေကတော့ အများကြီးလိုအပ်နေတာပါ။ ဒီလူတွေကို နေရာချထားဖို့အတွက်က အဓိကအရေးကြီးနေတယ်။ သူတို့အတွက် စားရေးသောက်ရေးတွေကလည်း မရှိဘူး။ ဒေသခံတွေရဲ့အကူအညီတွေကလွဲလို့ တခြားဌာနဆိုင်ရာတွေက လာကူညီပေးတာ မရှိသေးဘူး။ မီးသတ်တစ်ခုပဲ ကူညီနေတာ တွေ့ရတယ်။”လို့ မင်းပြားဒေသခံတစ်ဦးက ပြောပါတယ်။   အခုလိုမျိုး ရေဘေးကြောင့်အခက်အခဲရှိနေတဲ့နေရာတွေမှာ လိုအပ်တဲ့အကူအညီတွေကိုပေးဖို့နဲ့ အစိုးရအဖွဲ့က မြို့နယ်တွေကို ကြိုတင်ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရပါတယ်။   “ရေဘေးနဲ့ကြုံရနိုင်တဲ့နေရာတွေမှာ အကူအညီတွေပေးဖို့အတွက် ညွှန်ကြားထားပါတယ်။ လောလောဆယ်မှာတော့ သွားလာရေးကိစ္စတွေ အခက်အခဲဖြစ်နေလို့ မရောက်လာနိုင်တာ ဖြစ်နိုင်ပါတယ်။ လေးမြို့မြစ်အထက်က…

Read More

အလယ်တန်းပညာသင်ခွင့်ရရှိရေး ဆင်ရောက်ကုန်းကျေးရွာဒေသခံအချို့ဆန္ဒထုတ်ဖော်

ဒီပဲယင်း၊ ဇူလိုင် ၁၅- ၂၀၁၉ ရန်နိုင်စိုး (VOM)   စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဆင်ရောက်ကုန်းကျေးရွာရှိ အလယ်တန်းကျာင်းသား၊ကျောင်းသူ ၃၆ ဦး ဆက်လက်ပညာသင်ကြားနိုင်ရေးနဲ့ပတ်သတ်ပြီး ဒေသခံအချို့ ဒီနေ့ ဇူလိုင်လ ၁၅ ရက်က  မုံရွာမြို့ပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။   ဆင်ရောက်ကုန်းကျေးရွာမှာ မူလတန်းကို ပညာသင်ကြားခွင့်ပေးထားပေမယ့် အလယ်တန်းကျောင်းမရှိလို့ ကိုယ်ထူကိုယ်ထဆောက်လုပ်ပြီး အလယ်တန်းကျောင်းပညာရေးကို သင်ကြားနေကြရာမှာ တိုင်းပညာရေးအဖွဲ့ရုံးကနေ ပိတ်လိုက်တဲ့အပေါ် ကျေနပ်မှုမရှိလို့ဆိုပြီး အခုလို ဆန္ဒထုတ်ဖော်ကြတာလို့ ဒေသခံတွေက ဆိုပါတယ်။   ‌” ကျနော်တို့ကလေးတွေက အခုလိုပိတ်ပင်ခံလိုက်ရတော့ ဘယ်မှာ ပညာဆက်လို့သင်ရမှန်းလည်း မသိဘူး။ ကိုယ်ထူကိုယ်ထကျောင်းကို ဆောက်တာကလည်း တိုင်းလူမှုရေးဝန်ကြီးက သဘောတူပြီးသားပါ။ ဒါနဲ့ သင်တာလည်း တစ်လလောက်ရှိပြီ။ ဒီလပိုင်း ၅ ရက်နေ့ကမှ ပညာရေးအဖွဲ့တွေနဲ့ ဝန်ကြီးက အလယ်တန်းသင်ကြားခွင့်မရှိဘူးလို့ လာအကြောင်းကြားတာ။” လို့ ဆင်ရောက်ကုန်းကျေးရွာက ကိုနိုင်မင်းက…

Read More

အများစိတ်ဝင်စားနေတဲ့ ဗစ်တိုးရီးယားအမှုက စွပ်စွဲခံထားရသူကို ဒီနေ့ ရုံးထုတ်

နေပြည်တော်၊ ဇူလိုင် ၁၅ – ၂၀၁၉ ကိုထွန်း(VOM)   နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ သုံးနှစ်ခန့်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူကို ဒီနေ့ ဇူလိုင် ၁၅ ရက်မှာတော့ နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။   ပြီးခဲ့တဲ့ မေလက Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့  ဗစ်တိုးရီးယားဟာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်ခံခဲ့ရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လက်ရှိမှာ ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားတာပါ။   ဒီနေ့မှာ စွပ်စွဲခံရသူ ကိုအောင်ကြီးရှေ့နေဘက်က ပါဝါတင်ဖို့နဲ့ အမှုကိုစီစဉ်ဖို့ပေါ့သာ ဆောင်ရွက်သွားမှာဖြစ်ပြီး စတင်စစ်ဆေးမှုတော့ မရှိသေးဘူးလို့ သိရပါတယ်။ လာမယ့်ရုံးချိန်းကို  ဇူလိုင် ၂၄ ရက်ကို…

Read More
VOM News

FREE
VIEW