ကလေးငယ်တွေကို sex education သင်ပေးသင့်ကြောင်း ဆွေးနွေးမှုပြုလုပ်

မန္တလေး၊ ဩဂုတ် ၂-၂၀၁၉ ဟိန်းကို(VOM)   ကလေးငယ်များ သင်ကြားသင့်တဲ့ လိင်အသိပညာဆိုင်ရာ အခြေခံ အကြောင်းအရာများ ဆွေးနွေးပွဲကို “သားသားမီးမီးတို့ကို SEX EDUCATION သင်ပေးပါ” ခေါင်းစဉ်နဲ့ ဒီနေ့ သြဂုတ် ၃ ရက် နေ့လည်ပိုင်းက မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။   ” ယနေ့ခေတ်မှာ ဒီ sexual ကိစ္စတွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ ပိုပြီးတင်လာကြတယ်ပေါ့၊ လူပိုသိလာတယ်။ ဒီ sexual ကိစ္စတွေကို မှေးမှိန်နိုင်အောင် မိဘတိုင်း၊ ဆရာတိုင်းက ဒီ Sex Education ပညာရပ်ကိုသင်ပေးရမယ်ဆိုတဲ့ ဗဟုသုတတွေ မိဘတိုင်းရဲ့ရင်ထဲရောက်အောင်လို့ ရည်ရွယ်ပြီး ခုလိုပွဲမျိုးလုပ်ဖြစ်တာပါ။”လို့ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ဒေါက်တာ ခိုင်စံပယ်မင်းက ပြောပါတယ်။   SEX EDUCATION ပညာရပ်ကို တခြားသောနိုင်ငံတွေမှာ သင်ကြားနေပြီး မြန်မာနိုင်ငံမှာ သင်ကြားပေးဖို့ ပိုပြီးလိုအပ်နေကြောင်းနဲ့…

Read More

နှလုံးသားရေးကိစ္စကြောင့် အမျိုးသားတစ်ဦး ဧရာဝတီမြစ်ထဲ ခုန်ချ

စစ်ကိုင်း၊ သြဂုတ် ၃ – ၂၀၁၉ စောပြည့်ချမ်းသာ(VOM)     စစ်ကိုင်းမြို့ ဧရာဝတီတံတား(ရတနာပုံ)ပေါ်ကနေ အမျိုးသားတစ်ဦး မနေ့  သြဂုတ် ၂ ရက် ညနေ ၅ နာရီလောက်က ဧရာဝတီမြစ်အတွင်းခုန်ချမှုဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။   ခုန်ချခဲ့တဲ့သူဟာ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကုန်းရွာမှာနေတဲ့ ကိုပြည့်ဟိန်းထက် အသက် (၂၃) နှစ်ဆိုသူဖြစ်ပြီး  နှလုံးသားရေးရာကိစ္စကြောင့် ဧရာဝတီမြစ်အတွင်းခုန်ချခဲ့တာဖြစ်ကြောင်း သူ့ရဲ့ Facebook အကောင့်ကနေတစ်ဆင့် သိရတယ်လို့  အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)က ဆိုပါတယ်။   ” မနက်ဖြန်လည်း ဆက်လက်ရှာဖွေမှုတွေ လုပ်ဆောင်ပါမှာ။ ဒါပေမယ့် မျှော်လင့်ချက်တော့ မရှိသေးဘူးပေါ့။ ပုံမှန်ဆို သုံးရက်မြောက်နေ့ကျမှပဲ ရုပ်အလောင်းပေါ်တာ။ လောလောဆယ် ကျနော်တို့ရှာဖွေမှုကို ခေတ္တရပ်နားလိုက်ပါပြီ။ မြစ်ထဲ မျောပါသွားပြီဆိုတာ သေချာပေါက်ခန့်မှန်းလို့တော့ ရပါပြီ။”လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) အတွင်းရေးမှူး ကိုစိုးမင်းဦးက…

Read More

မြန်မာ့ကျောက်မျက်ကဏ္ဍ ဖြစ်ပေါ်တိုးတက်မှု နိုင်ငံတကာသိအောင် ဆိုရှယ်မီဒီယာအသုံးပြုဖို့လို

နေပြည်တော်၊ သြဂုတ် ၃ -၂၀၁၉ ကိုထွန်း(VOM)   မြန်မာ့ကျောက်မျက်အချောထည်နဲ့ လက်ဝတ်ရတနာကဏ္ဍ ဖြစ်ပေါ်တိုးတက်မှုကို နိုင်ငံတကာသိရှိအောင် ဆိုရှယ်မီဒီယာအသုံးပြု အကောင်အထည်ဖော်ဆောင်ရွက်ဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက တိုက်တွန်းလိုက်ပါတယ်။   ဒီနေ့ သြဂုတ် ၃ ရက် မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ့ကျောက်မျက်ရတနာနေ့ အခမ်းအနားနဲ့ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များအသင်း ဒသမအကြိမ် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့တာပါ။   “မြန်မာနိုင်ငံသည် ကျောက်မျက်ရတနာ သယံဇာတပစ္စည်းများ ပေါကြွယ်ဝသော်လည်း အရိုင်းအဖြစ်နဲ့သာ ထုတ်လုပ်ရောင်းချမှု ပိုမိုများပြားတာတွေ့ရပါတယ်။ အဖိုးတန် ကျောက်မျက်ရတနာ သယံဇာတတွေ တစ်စတစ်စ ရှားပါးလာတဲ့ ယနေ့ခေတ်မှာ တန်ဖိုးမြင့် ကျောက်မျက်အချောထည်နဲ့ လက်ဝတ်ရတနာများ ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက် ဖေါ်ဆောင်ရေးနဲ့ ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့ ရောင်းချနိုင်ရေးကိုလည်း မဖြစ်မနေ ဆောင်ရွက်သွားကြဖို့…

Read More

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အသင့်ဖြစ်နေပြီ

နေပြည်တော်၊ သြဂုတ် ၃ – ၂၀၁၉ ကိုထွန်း (VOM)   ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာဘက်ကတော့ စက်တင်ဘာမှာစတင် လက်ခံဖို့အသင့်ပဲလို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။   “ဝန်ကြီးဌာနတွေလည်း ဆွေးနွေးပြီးသွားပြီ။ လဝက ကလည်းလက်ခံရေးစခန်းကို လိုအပ်ရင်လိုအပ်သလို ငါးနေရာ၊ ခြောက်နေရာလောက် တိုးချဲ့ပြီး အရှိန်အဟုန်မြှင့် လက်ခံဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ဘယ်တော့လက်ခံမလဲဆိုတော့ ကျနော်တို့ဘက်က အသင့်ဖြစ်နေပြီ။”လို့ မနေ့ သြဂုတ် ၂ ရက်က နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောဆိုခဲ့တာပါ။   စိစစ်ပြီး ပြန်လည်လက်ခံနိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကို စာရင်းပို့ထားပြီး အဲဒီထဲမှာ မြန်မာနိုင်ငံကို မိမိသဘောဆန္ဒအလျောက် ပြန်လာချင်တဲ့ ဟိန္ဒူဘာသာဝင် ငါးရာကျော်ကို ပထမအသုတ်မှာ ထည့်ပေးဖို့ တောင်းဆိုထားတယ်လို့…

Read More
VOM News

FREE
VIEW