မတ် ၁၁၊ ၂၀၂၅
Shy V (VOM)
TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့မှာ TNLA ဘက်က စစ်သားစုဆောင်းလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ခုက လူတိုင်း ပလောင်လူမျိုးမှ မဟုတ်ဘူး။ တအိမ် တယောက်တဲ့။ မြို့စောင့် တပ် ပုံစံ ဟုတ်တယ်။” လို့ မိုးကုတ်ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
အသေးစိတ် အစီအစဉ်တွေကိုဝောာ့ သေချာမသိရသေးဘူးလို့ သူက ကပြာပါတယ်။
မိုးကုတ်မြို့ထဲ TNLA တပ်ဖွဲ့က အသက် ၁၈ ကနေ ၄၅ နှစ် အတွင်း အမျိုးသားတိုင်း မြို့စောင့်တပ်အနေနဲ့ စစ်မှုထမ်းရမယ် ဆိုပြီးကျေးရွာ ဥက္ကဌတွေနဲ့ အစည်းဝေးခေါ် ပြောကာ စစ်မှုထမ်းကောက်လာေနတာကြောင့် ဒေသခံတချို့ကတော့ ကန့်ကွက်စာတွေ တင်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း TNLA တပ်ဖွဲ့က စစ်သားစုဆောင်းနေတာမျိုးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်ခမ်းမှာတော့ TNLA စစ်သား ကောက်ခံရတဲ့ နေအိမ်တွေ အနေနဲ့ စစ်မှုထမ်း မသွားပဲ မိသားစုလိုက် ရှောင်သွားတဲ့ ေိအိမ်တွေကို TNLA ဘက်က ချိပ်ပိတ် သိမ်းဆည်းလိုက်ပြီး တချို့နေအိမ်တွေကို တကုတ်လုပ်ငန်းရှင်တွေကို ပြန်လည် ငှားပေးနေတာမျိုးတွေ့ရတယ်လို့ နမ့်ခမ်း ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
“တရုတ်တွေက သူတို့ ငှားထားတဲ့ အိမ်တွေမှာ KTV တွေ ပြန်ဖွင့်တယ်။ KTV တွေကျတော့ သီချင်းဆိုဖို့ထက် K နဲ့ မူးယစ်ဆေးဝါးတွေ ရောင်းဖို့ပေါ့။” လို့ သူက ပြောပါတယ်။
ဒီလို ခက်ခဲနေတဲ့ အချိန်မှာ ဒေသခံ အများစုကတော့ KTV မှာ သွားရောက် အပန်းေဖြနိုင်မှာ မဟုတ်ပေမယ့် အလုပ်အကိုင်ရှားပါးတဲ့ အချိန် ဝင်ငွေ ခက်ခဲတဲ့ မိန်းကလေးတွေက KTV တွေမှာ သွားရောက် အလုပ်လုပ်ကိုင်သူတွေ များလာတာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
တရုတ်နယ်စပ်ဘက်ခြမ်း ကြံခုတ်လုပ်သား အဖြစ် သွားကောက် အလုပါလုပ် နေတဲ့ ပလောင်လူမျိုး တချို့ကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကုန်ပိုင်းက ပြန်လည် ခေါ်ယူတာမျိုး တွေ့ရတယ်လို့ ကြံခင်းပိုင်ရှင် တယောက်က ပြောပါတယ်။
“ကျနော်တို့ ဆီမှာ နေတဲ့ ပလောင်လူမျိုးတွေ၊ ကြံလာခုတ်တဲ့ ပလောင်လူမျိုးတွေ မတ်လ ၁ ရက်နေ့ အရောက် ပြန်ရမယ်၊ အမျိုးသမီး၊ အမျိုးသား၊ ယောက်ျားကြီး တွေရော၊ မိန်းမကြီးတွေရော စစ်မှု သွားထမ်းမယ်တဲ့။ ကြံခုတ်တဲ့ သူတွေ အကုန်ပြန်မယ်တဲ့ ကြံခုတ်မယ်သူတောင် ရှားလာမယ့်ပုံ ပေါက်နေပြီ။” လို့ သူက ပြောပါတယ်။
ခေါ်ယူခံရတဲ့ သူတွေ စစ်မှုထမ်းဖို့ စာရင်းပါတဲ့ သူတွေကိုပဲ ခေါ်တာလား၊ နေရာ ဒေသ အလိုက်ခေါ်တာလား ဆိုတာတော့ အတိအကျ မသိဘူးလို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဖြစ်တဲ့ TNLA အပါအဝင် SSPP / SSA, KIA တွေက ကိုယ့်လူမျိုးတွေကို စစ်သားစုဆောင်းတာ ရှိသလို ကိုးကန့် MNDAA ကလည်း မည်သည့် လူမျိုးမဆို စစ်သား စုဆောင်းတာမျိုး ရှိပါတယ်။
Photo: PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန