ကိဗ်ယက်၊ မတ်-၇-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်-ယူကရိန်း ဆွေးနွေးပွဲကို လမယ့်သီတင်းပတ်အတွင်း ဆော်ဒီအာရေဗျမှာ ကျင်းပသွားမှာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ဒါဟာ အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံမှုဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သူကဆိုပါတယ်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ငြိမ်းချမ်းရေးမူဘောင်အတွက် မူဘောင်တရပ်ကို ဆွေးနွေးလိုကြောင်း ဒေါ်နယ်ထရန့်ရဲ့ အထူးသံတမန် စတိဝှစ်အော့ဖ်က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးစဉ် စကားအချေအတင်များခဲ့ကြပြီး ဇီလန်စကီးဟာ စစ်ပွဲအဆုံးသတ်ရေးအတွက် အဆင်သင့်မဖြစ်သေးကြောင်း ထရန့်က ပြောပါတယ်။
အဲဒီနောက်မှာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေနဲ့ ထောက်လှမ်းရေးအချက်အလက်မျှဝေမှုတွေကို ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။ မကြာသေးမီက ဇီလန်စကီးဆီကနေ သမ္မတထရန့်ထံ စာတစောင် ပေးပို့ခဲ့တယ်လို့ စတိဝှစ်အော့ဖ်က ပြောပါတယ်။
ယူကရိန်းနိုင်ငံသားတွေနဲ့အတူ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့ မျှော်လင့်နေပြီး အားလုံး ပြန်စသွားမယ်လို့ ဝှစ်အော့ဖ်က ပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ မတိုင်ခင် လိုက်လျောမှုတွေလုပ်ဖို့ ယူကရိန်းသမ္မတဟာ အမေရိကန်ရဲ့ ဖိအားပေးမှုတွေ ရှိနေပြီး သူကတော့ ယူကရိန်းအတွက် ခိုင်မာတဲ့ လုံခြုံရေးမာခံချက်ရှိဖို့ တောင်းဆိုနေပါတယ်။
ရုရှားဟာ ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ အပြည့်အ၀ ကျူးကျော်တိုက်ခိုက်ခဲ့ပြီး လက်ရှိချိန်မှာတော့ ယူကရိန်းနယ်မြေ ၂၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
Ref:BBC
Photo:Getty Images