စစ်ပွဲအဆုံးသတ်ရေးအတွက် ယူကရိန်းနဲ့ အမေရိကန် ဆော်ဒီမှာ ဆွေးနွေးမယ်

ကိဗ်ယက်၊ မတ်-၇-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်-ယူကရိန်း ဆွေးနွေးပွဲကို လမယ့်သီတင်းပတ်အတွင်း ဆော်ဒီအာရေဗျမှာ ကျင်းပသွားမှာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ဒါဟာ အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံမှုဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သူကဆိုပါတယ်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ငြိမ်းချမ်းရေးမူဘောင်အတွက် မူဘောင်တရပ်ကို ဆွေးနွေးလိုကြောင်း ဒေါ်နယ်ထရန့်ရဲ့ အထူးသံတမန် စတိဝှစ်အော့ဖ်က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးစဉ် စကားအချေအတင်များခဲ့ကြပြီး ဇီလန်စကီးဟာ စစ်ပွဲအဆုံးသတ်ရေးအတွက် အဆင်သင့်မဖြစ်သေးကြောင်း ထရန့်က ပြောပါတယ်။ အဲဒီနောက်မှာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေနဲ့ ထောက်လှမ်းရေးအချက်အလက်မျှဝေမှုတွေကို ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။ မကြာသေးမီက ဇီလန်စကီးဆီကနေ သမ္မတထရန့်ထံ စာတစောင် ပေးပို့ခဲ့တယ်လို့ စတိဝှစ်အော့ဖ်က ပြောပါတယ်။ ယူကရိန်းနိုင်ငံသားတွေနဲ့အတူ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့ မျှော်လင့်နေပြီး အားလုံး ပြန်စသွားမယ်လို့ ဝှစ်အော့ဖ်က…

Read More

ရုရှားနိုင်ငံကို မြန်မာအလုပ်သမား ၂၄ ယောက် စတင် စေလွှတ်

မတ် ၆ – ၂၀၂၅ SS (VOM) ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ အလုပ် လုပ်ကိုင်ဖို့အတွက် မြန်မာအလုပ်သမား ၂၄ ယောက်ကို မနေ့ မတ် ၅ ရက်မှာ စတင် စေလွှတ်ခဲ့တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီဖြစ်တဲ့ Vista International Co.,Ltd ရဲ့ အစီအစဉ်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Joint – Stock Company ‘Inturd’ Co.,Ltd ကို ကျွမ်းကျင် မြန်မာလုပ်သား ၅၄ ယောက် စေလွှတ်ဖို့ ပြင်ဆင်ထားတာမှာ ကနဦးအနေနဲ့ လုပ်သား ၂၄ ယောက်ကို Pilot Project နဲ့ စတင် စေလွှတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “လက်ရှိမှာ အစိုးရချင်း နှစ်နိုင်ငံသဘောတူစာချုပ် (MoU) ထိုးဖို့က…

Read More
✕
VOM News

FREE
VIEW