ပျဉ်းမနားသြဂုတ်၁၁-၂၀၁၉
ကိုထွန်း(VOM)
သြဂုတ်၁၁ရက်မနက်ပိုင်းက ပြည်ထောင်စုနယ်မြေပျဉ်းမနားမှာလူ၅၀ခန့်ကဗစ်တိုးရီးယားအတွက်တရားမျှတမှုရရှိရေး၊လူ့အဖွဲ့အစည်းတွင် တရားဥပဒေစိုးမိုးရေး၊ မျိုးဆက်သစ်များအတွက် လုံခြုံစိတ်ချရတဲ့လူ့အဖွဲ့အစည်းတစ်ခုဖန်တီးပေးရေး၊ နောက်ထပ်ဗစ်တိုးရီးယားများအလိုမရှိစတဲ့ဗီနိုင်းဆိုင်းဘုတ်တွေကိုင်ဆောင်ပြီးတော့အောင်မင်္ဂလာကားဝင်းကနေကျောက်တိုင်ကွင်းအထိလမ်းလျှောက်ဆန္ဒဖေါ်ထုတ်ခဲ့ပါတယ်။
ဒီပွဲကိုဦးဆောင်တဲ့ကိုထက်ပိုင်စိုးက
“တရားရေးမှာလွဲနေတာတွေ့ရတယ်၊ဒါကြောင့်အမှန်တရားပေါ်ပေါက်ရေးအတွက်ဆန္ဒပြတာပါ၊နောက်တစ်ခုကနိုင်ငံလုံးဆိုင်ရာသက်ငယ်မုဒိမ်းပပျောက်ဖို့အတွက်တောင်းဆိုတာပါ၊ အခုဖြစ်နေတာကကျွန်တော်တို့တွေရဲစခန်းမှာအကူအညီတောင်းလို့မရတော့ဘူး၊တရားရုံးတွေမှာအကူအညီသွားတောင်းလို့မရတော့ဘူး၊ဘာကြောင့်လည်းဆိုတော့တရားရေးမဏ္ဍိုင်ကလဲပြိုကျနေပါပြီ၊ဒါကြောင့်တရားရေးမဏ္ဍိုင်ကိုတည့်မတ်ပေးနိုင်သူဆိုလို့နိုင်ငံကိုအုပ်ချုပ်နေတဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်တစ်ယောက်သာရှိပါတော့တယ်၊သူကတော့ဥပဒေဘောင်တွင်းကမှန်မှန်ကန်ကန်ဆောင်ရွက်ပေးဖို့ညွှန်ကြားတာဘဲ၊ဒါပေမယ့်ဥပဒေဘောင်အတွင်းမရှိတဲ့ဝန်ထမ်းတွေကတော့ဥပဒေမဲ့လုပ်နေကြပါတယ်၊ဒါကြောင့်သမ္မတကြီးထံတိုက်ရိုက်အကူအညီတောင်းရခြင်းဖြစ်ကြောင်း “
ပြောပါတယ်။
နေပြည်တော်ကWisdom Hill ပုဂ္ဂလိကမူကြိုကျောင်းမှာ၃နှစ်မပြည့်သေးတဲ့ကလေးငယ်ကိုအဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတကယ့်တရားခံအစစ်ကိုအရေးယူစေချင်လို့ နိုင်ငံတဝှမ်းမြို့ကြီးအတော်များများမှာဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။အဲဒီနောက် ဒီကိစ္စအမှုမှန်ပေါ်ပေါက်ဖို့ နိုင်ငံတော်သမ္မတရုံးကလိုလားတဲ့အကြောင်းထုတ်ပြန်ပြီးတဲ့နောက်မှာခုလိုတရားခံမိထားပြီဆိုပြီးကျောင်းကားမောင်းသူကိုဖမ်းဆီးရုံးတင်ပြီးစစ်ဆေးနေတာဖြစ်ပါတယ်။
#voiceofmyanmar #ပျဉ်းမနား#သက်ငယ်မုဒိန်း#Wisdom Hill