ပြည် ညဈေးတန်း ဆိုင်ခန်းတွေ အင်အားသုံးဖယ်ရှား

ပြည် သြဂုတ် ၁၁-၂၀၁၉ လမင်း (VOM)   ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်အနီးမှာရှိတဲ့  ပြန်ကြားရေးဌာနမြေနေရာက ညဈေးတန်းဈေးဆိုင်ခန်း ၁၁ ခန်းကို သြဂုတ်လ ၁၁ ရက်နေ့မနက်က အိမ်ရှေ့ဥပဇာမှု့နဲ့နှင်ထုတ်ရာမှာ ဈေးဆိုင်ခန်း ၃ ခန်းသာနှင်ထုတ်ရခဲ့ပြီး ကျန်ဆိုင်ခန်းတွေကဆိုင်ရှင်တွေကတော့ ဖယ်ပေးခဲ့ခြင်းမရှိတာကြောင့် အပြန်အလှန်ပဋိပက္ခဖြစ်ပွားခဲ့ကြပါတယ် ။   ဒီဆိုင်ခန်းတွေကို ပြန်ကြားရေးဌာနက ကန်ထရိုက်ပေးပြီးဆောက်လုပ်ခိုင်းခဲ့တာဖြစ်ပြီး ကန်ထရိုက်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ကာ ကန်ထရိုက်ကတဆင့် ယခုပိုင်ရှင်တွေထံငှားခဲ့ပြီး ၅ နှစ်ပြည့်သွားတဲ့အချိန်မှာတော့ ပြန်ကြားရေးဌာနနဲ့ ဆိုင်ရှင်တွေ တနှစ်တခါစာချုပ်ချုပ်ဆိုပြီး ဆက်လက်ငှားရမ်းခဲ့ကြတာပါ ။ ၂၀၁၅ ကစပြီး ဒီနေရာမှာ Community Center တစ်ခုဆောက်လုပ်မှာဖြစ်တာမို့ စာချုပ်ချုပ်ဆိုခြင်းမရှိတော့ဘဲ ဖယ်ခိုင်းနေတာဖြစ်ပါတယ် ။     ဒီနေ့လာရောက်ဖယ်ရှားခိုင်းတဲ့အချိန်မှာ လာရောက်ဖယ်ရှားသူတွေက ဆိုင်ခန်းရှင်တွေကို ၀ရမ်းမပြဘဲဖယ်ရှားပေးခိုင်းတာတွေရယ် ဆိုင်ခန်းရှင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ ပြန်ကြားရေးရုံးကတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီး ၀န်ကြီးဌာနတွေကကို ဒီကိစ္စကိုမသိဘဲဆောင်ရွတ်တဲ့အတွက် လက်မခံသလို…

Read More

မွန်​ပြည်​နယ်​​ ရေးမြို့မှာ ​၂​ပေ​လောက်​​ရေပြန်​ကျပေမယ့်​ ​ဟံဂံ က​လော့ မာန်​​အောင်​​ကျေးရွာ​တွေမှာ ​ရေနစ်​မြုပ်​ပြီး လူ​ပေါင်း​ထောင်​ချီပိတ်​မိ​နေသေး

ရေး- သြဂုတ်​ ၁၁-၂၀၁၉ မိုးယံ   မွန်​ပြည်​နယ်​ ​ရေးမြို့မှာ ​၂​ပေ​လောက်​​ရေပြန်​ကျပေ​မယ့်​ ဟံဂံ​ က​လော့ မာန်​​အောင်​​ကျေးရွာ​တွေမှာ လူ​ပေါင်း​ထောင်​ချီပိတ်​မိ​နေတယ်​လို့ မွန်​ပြည်​နယ်​ အရပ်​ဖက်​အဖွဲ့အစည်းကွန်​ယက်​က​ပြောပါတယ်​။   `​လော​လောဆယ်​ ​ရေးမြို့အ​ခြေအ​နေက​တော့ ​ရေ ၂​ပေ​လောက်​ပြန်​ကျတယ်​ လက်​ရှိရာသီဥတုက မိုးမရွာ​တော့​ ရေပြန်​ကျနိုင်​တယ်​ ဟံဂန်​ က​လော့ မာန်​​အောင်​ရွာ​တွေက​တော့ အဆက်​အသွယ်​ ပြတ်​ပြီးပိတ်​မိ​နေတယ်​၊ ဟံဂံကျေးရွာမှာ အိမ်​​ခြေ ၁၅၀၀ဝန်းကျင်​ရှိတယ်​ ​ရေုးမြို့က​နေ ​ရေလမ်းက ​လှေနဲ့သွားဖို့လည်း အဆင်​မ​ပြေဘူး ​တောင်​ကျ​ချောင်း​ရေက​ရေအရမ်းကြမ်း​တော့ သွားဖို့အဆင်​မ​ပြေဘူးကားလမ်းမှာလည်း ၂​နေရာ​လောက်​​ရေ​ကျော်​​နေတယ်၊  ​သွားဖို့အဆင်မ​ပြေဘူးလို့´မွန်​ပြည်​နယ်​ အရပ်​ဖက်​အဖွဲ့အစည်းကွန်​ယက်​ရဲ့ ညှိနှိုင်း​ရေးမှူး ကိုမင်း​အောင်​ဖြိုးက ​ပြောပါတယ်​။   ပိတ်​မိ​နေတဲ့လူ​တွေက နှစ်​ထပ်​အိမ်​​တွေ​ပေါ်မှာ တချို့နီးစပ်​ရာ ဘုန်းကြီး ​ကျောင်းမှာ​နေကြရတယ်​ ကျ​နော်​တို့လတ်​တ​လောဆက်​သွယ်​မရဘူးဖြစ်​​နေတယ်​လို့လည်း​ပြောဆိုပါတယ်​။   `ကျ​နော်​လည်း အ​သေးစိတ်​​တော့မသိ​သေးဘူး ဟံဂံ မာန်​​အောင်​ က​လော့ ​ကျေးရွာ​တွေကပိတ်​မိ​နေတဲ့သ​ဘောဖြစ်​​နေတယ်​သွား​ရေးလာ​ရေးခက်​ခဲ​နေ​တော့ ​ရေစီးကလည်းသန်​တယ်​ အဲ့ဒီ​နေရာ ​တွေမှာ ​တော်​​တော်​…

Read More

နေပြည်တော်က ဗစ်တိုးရီးယားအမှု တရားမျှတရေးအတွက်  ပျဉ်းမနားမှာ ဆန္ဒဖေါ်ထုတ်

ပျဉ်းမနားသြဂုတ်၁၁-၂၀၁၉ ကိုထွန်း(VOM)   သြဂုတ်၁၁ရက်မနက်ပိုင်းက  ပြည်ထောင်စုနယ်မြေပျဉ်းမနားမှာလူ၅၀ခန့်ကဗစ်​တိုးရီးယား​အတွက်​တရားမျှတမှုရရှိ​ရေး၊လူ့အဖွဲ့အစည်းတွင်​ တရားဥပ​ဒေစိုးမိုး​ရေး၊ မျိုးဆက်​သစ်​များအတွက်​ လုံခြုံစိတ်​ချရတဲ့လူ့အဖွဲ့အစည်းတစ်​ခုဖန်​တီး​ပေး​ရေး၊ ​နောက်​ထပ်​ဗစ်​တိုးရီးယားများအလိုမရှိစတဲ့ဗီနိုင်းဆိုင်းဘုတ်တွေကိုင်ဆောင်ပြီးတော့အောင်​မင်္ဂလာကားဝင်းကနေ​ကျောက်​တိုင်​ကွင်းအထိလမ်းလျှောက်ဆန္ဒဖေါ်ထုတ်ခဲ့ပါတယ်။ ဒီပွဲကိုဦးဆောင်တဲ့ကိုထက်ပိုင်စိုးက “တရား​ရေးမှာလွဲ​နေတာ​တွေ့ရတယ်​၊ဒါ​ကြောင့်​အမှန်​တရား​ပေါ်​ပေါက်​​ရေးအတွက်​ဆန္ဒပြတာပါ၊​နောက်​တစ်​ခုကနိုင်​ငံလုံးဆိုင်​ရာသက်​ငယ်​မုဒိမ်းပ​ပျောက်​ဖို့အတွက်​​တောင်းဆိုတာပါ၊ အခုဖြစ်​​နေတာကကျွန်​​တော်​တို့​တွေရဲစခန်းမှာအကူအညီ​တောင်းလို့မရ​တော့ဘူး၊တရားရုံး​တွေမှာအကူအညီသွား​တောင်းလို့မရ​တော့ဘူး၊ဘာ​ကြောင့်​လည်းဆို​တော့တရား​ရေးမဏ္ဍိုင်​ကလဲပြိုကျ​နေပါပြီ၊ဒါ​ကြောင့်​တရား​ရေးမဏ္ဍိုင်​ကိုတည့်​မတ်​​ပေးနိုင်​သူဆိုလို့နိုင်​ငံကိုအုပ်​ချုပ်​​နေတဲ့နိုင်​ငံ​တော်​သမ္မတဦးဝင်းမြင့်​တစ်​​ယောက်​သာရှိပါ​တော့တယ်​၊သူက​တော့ဥပ​ဒေ​ဘောင်​တွင်းကမှန်​မှန်​ကန်​ကန်​​ဆောင်​ရွက်​​ပေးဖို့ညွှန်ကြားတာဘဲ၊ဒါ​ပေမယ့်​ဥပ​ဒေ​ဘောင်​အတွင်းမရှိတဲ့ဝန်​ထမ်း​တွေက​တော့ဥပဒေမဲ့လုပ်​​နေကြပါတယ်​၊​ဒါ​ကြောင့်​သမ္မတကြီးထံတိုက်​ရိုက်​အကူအညီ​တောင်းရခြင်းဖြစ်​ကြောင်း  “ ပြောပါတယ်။ နေပြည်တော်ကWisdom Hill ပုဂ္ဂလိကမူကြိုကျောင်းမှာ၃နှစ်မပြည့်သေးတဲ့ကလေးငယ်ကိုအဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတကယ့်တရားခံအစစ်ကိုအရေးယူစေချင်လို့ နိုင်ငံတဝှမ်းမြို့ကြီးအတော်များများမှာဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။အဲဒီနောက် ဒီကိစ္စအမှုမှန်ပေါ်ပေါက်ဖို့  နိုင်ငံတော်သမ္မတရုံးကလိုလားတဲ့အကြောင်းထုတ်ပြန်ပြီးတဲ့နောက်မှာခုလိုတရားခံမိထားပြီဆိုပြီးကျောင်းကားမောင်းသူကိုဖမ်းဆီးရုံးတင်ပြီးစစ်ဆေးနေတာဖြစ်ပါတယ်။   #voiceofmyanmar #ပျဉ်းမနား#သက်ငယ်မုဒိန်း#Wisdom Hill

Read More

အမေရိကန်နဲ့စစ်ရေးလေ့ကျင့်တာကြောင့် တောင်ကိုရီးယားနဲ့ မဆွေးနွေးတော့ဘူးလို့ မြောက်ကိုရီးယားဆို

ပြုံးယမ်း၊ သြဂုတ်-၁၁-၂၀၁၉ မျိုးဆက် (VOM)   မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်ဟာ  သြဂုတ် ၁၀ ရက်ကပြုလုပ်တဲ့  လက်နက်သစ်စမ်းသပ် ပစ်ခတ်မှုကို ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပြီး အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်တာကြောင့် ကိုရီးယားနှစ်နိုင်ငံအကြား ဆွေးနွေးပွဲတွေ ဖြစ်နိုင်ခြေမရှိတော့ဘူးလို့ မြောက်ကိုရီးယား ထိပ်တန်းသံတမန်တစ်ဦးက ပြောဆိုလိုက်ပါတယ်။   မြောက်ကိုရီးယားဟာ  သီတင်းပတ်နှစ်ပတ်အတွင်း ငါးကြိမ်မြောက်အဖြစ် သြဂုတ် ၁၀ ရက်မှာ တာတိုပစ်ဒုံးပျံနှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တာကို ဆန့်ကျင်ကာ အင်အားပြသမှု တစ်ရပ်အဖြစ် တောင်ကိုရီးယားက ရှုမြင်ထားပါတယ်။   အမေရိကန်နဲ့  မြောက်ကိုရီးယားတို့အကြား နျူကလီးယားဆွေးနွေးပွဲတွေ အလျင်စလိုရပ်ဆိုင်းသွားခဲ့ရတဲ့ ပြီးခဲ့တဲ့ နှစ်စဉ်အကြီးစားစစ်ရေးလေ့ကျင့်မှုအစား အခြားရွေးချယ်စရာတစ်ခုအဖြစ် ကွန်ပြူတာနည်းပညာတွေ အများအပြားပါဝင်တဲ့ ၁၀ ရက်ကြာအသေးစားစစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။   ဒီလိုပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲအတွက် အကြိုပြင်ဆင်တာဖြစ်တယ်လို့ မြောက်ကိုရီးယားက…

Read More

မြေပြိုမှုဖြစ်ခဲ့တဲ့ ပေါင်မြို့နယ်က ကယ်​ဆယ်​​ရေးလုပ်​​နေတဲ့​နေရာ​တွေကို အများပြည်​သူမလာဖို့်​​ဆော်​​သြ

ပေါင်​ သြဂုတ်​ ၁၁-၂၀၁၉ မိုးယံ   မွန်​ပြည်​နယ်​ ​ပေါင်​မြိ့နယ်​ သဲဖြုကုန်း​ကျေးရွာ သံဖြူရပ်​ကွက်​ ​မြေပြိုမှုဖြစ်​ပွားလို့ ရှာ​ဖွေကယ်​ဆယ်​ ပြုလုပ်​​နေတဲ့​နေရာ​တွေဟာ အန္တရယ်များတဲ့အတွက် အများပြည်​သူမလာကြဖို့ ​သက်ဆိုင်ရာက ဆော်​သြထားပါတယ်​။   “ ​လော​လောဆယ်​ လုပ်​ငန်း​လုပ်​​နေတဲ့​နေရာကိုဆော်​သြထားတယ်​​ပေါ့ ပြည်​သူ​တွေလာပြီး​တော့ကြည့် တာတို့ဘာတို့မရှိ​အောင်​ကား​တွေကိုလည်း မြို့​ရှောင်​လမ်းက​နေ လမ်းလွှဲလုပ်​​ပေးထားတယ်​၊ လုပ်​ငန်းလုပ်​​နေတဲ့အချိန်​မှာ ယန္တယား​တွေနဲ့လုပ်​​နေတဲ့အတွက်​ ထိခိုက်​မှာလည်းစိုးတယ် ​ပြီး​တော့ဒီ​တောင်​ကပဲ့ကျ​နေတုန်းဘဲ မိုးကလည်းဆက်​တိုက်​ရွာ​နေတာဆို​တော့ ​ကျောက်​တုံးကြီး​တွေ ပိကျမှာစိုးလို့ လမ်းက​နေမဖြတ်​ခိုင်​ဘူး ဒီလမ်းကလည်းလမ်းဆုံဖြစ်​​နေ​တော့ အများပြည်​သူမသွားမဖြစ်​သွားကြ​တော့ ဒါ​တွေဖြတ်​မသွား​အောင်​ထိန်းချုပ်​​ပေးရတာ​ပေါ့လို့ “  ​ပေါင်​မြို့နယ်​ လွှတ်​​တော်​ကိုယ်​စားလှယ်​ ​မိကွန်​ချမ်းက​ပြောပါတယ်​။   `ပိတ်​မိ​နေတာ​တွေကို ဆက်​ပြီးရှာ​ဖွေကယ်​ဆယ်​ ​နေကြပါတယ်​ အ​ဆောက်​အဦး အလိုက်​ ထရပ်​ကား​တွေ​ရော အ​ပေါ်က​ကျောက်​တုံးကြီး​တွေဖုံးထားသလိုဖြစ်​​နေ​တော့ စက်​ယန္တယား​တွေနဲ့ကယ်​ထုတ်​​နေရတယ်​ ​အောက်​မှာအသက်​ရှင်​ကျန်​​သေးလား ဘယ်​လိုအ​ခြေအ​နေ ရှိ​နေလဲ ဆိုတာ ရန်​ကုန်​ကကယ်​ဆယ်​​ရေးအဖွဲ့​တွေ ကိရိယာ​တွေနဲ့စမ်းသပ်​ပြီး ကယ်​ထုတ်​​နေပါတယ်​လို့´လည်း ​ပြောပါတယ်​။   ပိတ်​မိ​နေတာ​တွေကို ဒီ​နေ့နံက်​ ၆နာရီမှာစတင်ပီး…

Read More
VOM News

FREE
VIEW