ပြည် ညဈေးတန်း ဆိုင်ခန်းတွေ အင်အားသုံးဖယ်ရှား

ပြည် သြဂုတ် ၁၁-၂၀၁၉

လမင်း (VOM)

 

ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်အနီးမှာရှိတဲ့  ပြန်ကြားရေးဌာနမြေနေရာက ညဈေးတန်းဈေးဆိုင်ခန်း ၁၁ ခန်းကို သြဂုတ်လ ၁၁ ရက်နေ့မနက်က အိမ်ရှေ့ဥပဇာမှု့နဲ့နှင်ထုတ်ရာမှာ ဈေးဆိုင်ခန်း ၃ ခန်းသာနှင်ထုတ်ရခဲ့ပြီး ကျန်ဆိုင်ခန်းတွေကဆိုင်ရှင်တွေကတော့ ဖယ်ပေးခဲ့ခြင်းမရှိတာကြောင့် အပြန်အလှန်ပဋိပက္ခဖြစ်ပွားခဲ့ကြပါတယ် ။

 

ဒီဆိုင်ခန်းတွေကို ပြန်ကြားရေးဌာနက ကန်ထရိုက်ပေးပြီးဆောက်လုပ်ခိုင်းခဲ့တာဖြစ်ပြီး ကန်ထရိုက်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ကာ ကန်ထရိုက်ကတဆင့် ယခုပိုင်ရှင်တွေထံငှားခဲ့ပြီး ၅ နှစ်ပြည့်သွားတဲ့အချိန်မှာတော့ ပြန်ကြားရေးဌာနနဲ့ ဆိုင်ရှင်တွေ တနှစ်တခါစာချုပ်ချုပ်ဆိုပြီး ဆက်လက်ငှားရမ်းခဲ့ကြတာပါ ။ ၂၀၁၅ ကစပြီး ဒီနေရာမှာ Community Center တစ်ခုဆောက်လုပ်မှာဖြစ်တာမို့ စာချုပ်ချုပ်ဆိုခြင်းမရှိတော့ဘဲ ဖယ်ခိုင်းနေတာဖြစ်ပါတယ် ။

 

 

ဒီနေ့လာရောက်ဖယ်ရှားခိုင်းတဲ့အချိန်မှာ လာရောက်ဖယ်ရှားသူတွေက ဆိုင်ခန်းရှင်တွေကို ၀ရမ်းမပြဘဲဖယ်ရှားပေးခိုင်းတာတွေရယ် ဆိုင်ခန်းရှင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ ပြန်ကြားရေးရုံးကတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီး ၀န်ကြီးဌာနတွေကကို ဒီကိစ္စကိုမသိဘဲဆောင်ရွတ်တဲ့အတွက် လက်မခံသလို သမ္မတကြီးကိုယ်တိုင်ဖယ်ခိုင်းမှ လက်ခံဖယ်ရှားပေးမှာဖြစ်တယ်လို့ သိရပါတယ် ။

 

ဖယ်မပေးတဲ့ ဈေးဆိုင်ခန်းက ဆိုင်ရှင်တွေကိုတော့ ပုဒ်မ ၉ နဲ့အရေးယူသွားမယ်လို့ တာဝန်ရှိသူတစ်ဦးကဟြေပါတယ် ။

 

#voiceofmyanmar   # ပြည်  #ညဈေးတန်း

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW