မွန်​ပြည်​နယ်​​ ရေးမြို့မှာ ​၂​ပေ​လောက်​​ရေပြန်​ကျပေမယ့်​ ​ဟံဂံ က​လော့ မာန်​​အောင်​​ကျေးရွာ​တွေမှာ ​ရေနစ်​မြုပ်​ပြီး လူ​ပေါင်း​ထောင်​ချီပိတ်​မိ​နေသေး

ရေး- သြဂုတ်​ ၁၁-၂၀၁၉

မိုးယံ

 

မွန်​ပြည်​နယ်​ ​ရေးမြို့မှာ ​၂​ပေ​လောက်​​ရေပြန်​ကျပေ​မယ့်​ ဟံဂံ​ က​လော့ မာန်​​အောင်​​ကျေးရွာ​တွေမှာ လူ​ပေါင်း​ထောင်​ချီပိတ်​မိ​နေတယ်​လို့ မွန်​ပြည်​နယ်​ အရပ်​ဖက်​အဖွဲ့အစည်းကွန်​ယက်​က​ပြောပါတယ်​။

 

`​လော​လောဆယ်​ ​ရေးမြို့အ​ခြေအ​နေက​တော့ ​ရေ ၂​ပေ​လောက်​ပြန်​ကျတယ်​ လက်​ရှိရာသီဥတုက မိုးမရွာ​တော့​ ရေပြန်​ကျနိုင်​တယ်​ ဟံဂန်​ က​လော့ မာန်​​အောင်​ရွာ​တွေက​တော့

အဆက်​အသွယ်​ ပြတ်​ပြီးပိတ်​မိ​နေတယ်​၊ ဟံဂံကျေးရွာမှာ အိမ်​​ခြေ ၁၅၀၀ဝန်းကျင်​ရှိတယ်​ ​ရေုးမြို့က​နေ ​ရေလမ်းက ​လှေနဲ့သွားဖို့လည်း အဆင်​မ​ပြေဘူး ​တောင်​ကျ​ချောင်း​ရေက​ရေအရမ်းကြမ်း​တော့ သွားဖို့အဆင်​မ​ပြေဘူးကားလမ်းမှာလည်း ၂​နေရာ​လောက်​​ရေ​ကျော်​​နေတယ်၊  ​သွားဖို့အဆင်မ​ပြေဘူးလို့´မွန်​ပြည်​နယ်​ အရပ်​ဖက်​အဖွဲ့အစည်းကွန်​ယက်​ရဲ့ ညှိနှိုင်း​ရေးမှူး ကိုမင်း​အောင်​ဖြိုးက ​ပြောပါတယ်​။

 

ပိတ်​မိ​နေတဲ့လူ​တွေက နှစ်​ထပ်​အိမ်​​တွေ​ပေါ်မှာ တချို့နီးစပ်​ရာ ဘုန်းကြီး ​ကျောင်းမှာ​နေကြရတယ်​ ကျ​နော်​တို့လတ်​တ​လောဆက်​သွယ်​မရဘူးဖြစ်​​နေတယ်​လို့လည်း​ပြောဆိုပါတယ်​။

 

`ကျ​နော်​လည်း အ​သေးစိတ်​​တော့မသိ​သေးဘူး ဟံဂံ မာန်​​အောင်​ က​လော့ ​ကျေးရွာ​တွေကပိတ်​မိ​နေတဲ့သ​ဘောဖြစ်​​နေတယ်​သွား​ရေးလာ​ရေးခက်​ခဲ​နေ​တော့ ​ရေစီးကလည်းသန်​တယ်​ အဲ့ဒီ​နေရာ ​တွေမှာ ​တော်​​တော်​ အကြပ်​အတည်း​တွေဖြစ်​​နေတယ်​ မြို့​ပေါ်က​တော့ ကုန်းမြင့်​​တော့ ကယ်​ဆယ်​​ရေးစခန်း​တွေမှာ​ရွှေ့နေကြတာ​ပေါ့ ကျ​နော်​တို​က​တော့အခုဟံဂံကို ခက်​ခက်​ခဲခဲ သွား​နေတယ်​ စားနပ်​ရိက္ခာတွေလှူဖို့ပါလို့´မွန်​ပြည်​နယ်​ လွှတ်​​တော်​ဒုဥက္ကဌ ​ဒေါက်​တာ ​အောင်​နိုင်​ဦးက​ပြောပါတယ်​။

 

မွန်ပြည်နယ်မှာ သြဂုတ် ၉  ရက်နေ့ကစပြီး မိုးများနေတာကြောင့် တောင်ပြိုမှုတွေဖြစ်ပြီး အသွားအလာပြတ်တောက်နေပါတယ်၊ မွန်​ပြည်​နယ်​ ​ပေါင်​မြိ့နယ်​ သဲဖြုကုန်း​ကျေးရွာ သံဖြူရပ်​ကွက်​ ​မြေပြိုမှုဖြစ်​ပွားလို့  မြေပိသေဆုံးတဲ့ အလောင်း ၅၀ ရရှိထားသလို ထိခိုက်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်နေရပါတယ်။

 

#voiceofmyanmar #မွန်ပြည်နယ် #ရေး #ရေကြီး

 

ပုံ အမွှာညီ​နောင်

Related posts

Leave a Comment

VOM News

FREE
VIEW