ဂျီဘရော်လ်တာကလွှတ်ပေးလိုက်တဲ့ အီရန်ရေနံတင်သင်္ဘောကို အမေရိကန်က ဖမ်းဝရမ်းထုတ်

ဝါရှင်တန်၊သြဂုတ်-၁၇-၂၀၁၉ မျိုးဆက်(VOM)   အီရန်ရေနံတင်သင်္ဘောတစ်စင်းကိုဂျီဘရော်တာအာဏာပိုင်တွေကလွှတ်ပေးဖို့အမိန့်ထုတ်ပြန်လိုက်ပြီးတစ်ရက်အကြာမှာရေနံတင်သင်္ဘောကိုဖမ်းဆီးဖို့အမေရိကန်တရားရေးဌာနက၀ရမ်းထုတ်ပြန်လိုက်ပါတယ်။   ရေနံစည်ပေါင်း၂ဒသမ၁သန်းသယ်ဆောင်လာတဲ့အဲဒီအီရန်ရေနံတင်သင်္ဘောGrace 1 ဟာဆီးရီးယားသို့တရားမ၀င်ရေနံတင်ပို့ဖို့ကြိုးစားတယ်ဆိုတဲ့သံသယကြောင့်  ဇူလိုင်၎ရက်မှာဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။   အဲဒီအီရန်ရေနံတင်သင်္ဘောကိုဆက်လက်ထိန်းသိမ်းထားဖို့အမေရိကန်ကနောက်ဆုံးအချိန်အထိတရားဝင်ကြိုးပမ်းခဲ့ပေမယ့်လည်းသြဂုတ်၁၆ရက်မှာဂျီဘရော်လ်တာအာဏာပိုင်တွေကပယ်ချခဲ့ပါတယ်။Grace 1 သင်္ဘောကိုဖမ်းဆီးထားတာဟာတရားမ၀င်လုပ်ရပ်ဖြစ်တယ်လို့အီရန်ကယခင်ကတည်းကကန့်ကွက်ပြောဆိုထားပါတယ်။ Grace 1 ရေနံတင်သင်္ဘောဖမ်းဆီးထိန်းခံရပြီးသီတင်းနှစ်ပတ်အကြာမှာတော့  ဟော်မုဇ်ရေလက်ကြားမှာဗြိတိန်အလံလွှင့်တင်ထားတဲ့  Stena Impero ရေနံတင်သင်္ဘောကိုအီရန်ကဖမ်းဆီးခဲ့ပါတယ်။   Stena Impero ရေနံတင်သင်္ဘောဟာ  နိုင်ငံတကာရေကြောင်းဥပဒေတွေကိုချိုးဖောက်ခဲ့တယ်လို့အီရန်ကအခိုင်အမာပြောဆိုထားပေမယ့်လည်းဒီလိုဖမ်းဆီးလိုက်တာဟာသင်္ဘောအဖမ်းခံခဲ့ရတဲ့အီရန်ရဲ့လက်တုံ့ပြန်ခြင်းတစ်ရပ်ဖြစ်တယ်လို့အများစုကယုံကြည်နေကြပါတယ်။   Ref : BBC Photo : Reuters   #voiceofmyanmar #အီရန် #အမေရိကန် #ရေနံတင်သဘောင်္ #ဂျီဘရော်လ်တာ

Read More

 AA,TNLA , MNDAA  ညီနောင်မဟာမိတ်တပ်ဖွဲ့နဲ့ အစိုးရတပ်တွေ ရှမ်းမြောက် တိုက်ပွဲမှာ လူမှုရေးအသင်းကားလည်း ပစ်ခတ်ခံရ

သြဂုတ် ၁၇-၂၀၁၉ နေလင်း ( VOM)   ဒီနေ့ သြဂုတ်လ ၁၇ ရက်မနက်ပိုင်းက ပြည်ထောင်စုလမ်းမကြီးပေါ် သိန္နီနဲ့ နမ့်စလပ်ကြား နမ့်တွန်းစုံရွာအဝင်မှာ နမ့်ခီးတံတားကို မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးနောက် တိမ်ဖြူစက်သုံးဆီဆိုင်ကိုပတ်ခတ်ခံရတဲ့အတွက် ဆီဆိုင်မီးလောင်သွားခဲ့ပါတယ်။ အဲဒီနေရာမှာ ဒဏ်ရာရသူတွေကို ကယ်တင်ဖို့ သွားတဲ့ လားရှိုးလူငယ်လူမှုကူညီရေးအသင်း ဥက္ကဌပါတဲ့ကားလည်း လားရှိုးနဲ့ ၁၂ မိုင်အကွာလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီး ဥက္ကဌ ဦးထွန်းမြင့်(ခ) မွတ်စ်တာဖားဘိုင်  သေဆုံးပြီး ၃ယောက် ဒဏ်ရာရခဲ့ကြောင်း လားရှိုးလူငယ်လူမှုကူညီရေးအသင်းတာဝန်ခံတယောက်က ပြောပြပါတယ်။   “ကျနော်တို့ ဥက္ကဋ္ဌပါတဲ့ကားက လက်နက်ကြီးနဲပစ်ခံရတာ ပစ်တော့ကားမှောက်သွားတာ ကားမှောက်တော့ စနှိုက်ပါနဲ့ပစ်သွားတာ နဖူးတည့်တည့်မှန်သွားပြီး လမ်းမှာတင်ဆုံးသွားတယ်။ကျန်တဲ့ ၃ယောက် နည်းနည်းပါးပါးဒဏ်ရာရတာပေါ့၊ ပစ်တာကတော့ သောင်းကျန်းသူတွေပဲ ယူနီဖေါင်းဝတ်တာရော မဝတ်တာရောတွေ အများကြီးရှိတယ်။ လောလောဆယ်တော့ ကြိုကြားကြိုကြား သေနတ်သံကြားနေရသေးတယ်။ “     သိန္နီအကျော် နားတီး-ကွမ်းလုံအကြား၊၄၁မိုင်၃ဖာလုံမှာရှိတဲ့  ပေ၈၀ရှည်တဲ့ဗြုံးတောင်တံတားကိုလည်းမိုင်းခွဲဖျက်ဆီးခဲ့လို့သိန်းနီ-ကွမ်းလုံလမ်းကြောင်းသွားလာမှုပြတ်တောက်နေပြီလို့လည်း…

Read More

ထိုင်ဝမ်ကို အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်တွေရောင်းဖို့ အမေရိကန်စီစဉ်နေ

ဝါရှင်တန်၊ သြဂုတ်-၁၇-၂၀၁၉ မျိုးဆက် (VOM)   သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမေရိကန်အစိုးရဟာ အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်တွေ ထိုင်ဝမ်ကို ရောင်းချရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်နေပါတယ်။   အမေရိကန်အစိုးရအနေနဲ့ ထိုင်ဝမ်ကို ဒေါ်လာ ရှစ်ဘီလီယံတန်ဖိုးရှိ အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ် ၆၆ စင်း ရောင်းချရေးအစီအစဉ်ကို အမေရိကန်ကွန်ဂရက်သို့ အလွတ်သဘောတင်ပြထားတယ်လို့ ၀ါရှင်တန်ပို့စ်နဲ့ အခြားအမေရိကန်သတင်းဌာနကတွေက သြဂုတ် ၁၆ ရက်မှာ ဖော်ပြပါတယ်။   တရုတ်နိုင်ငံဆီကနေ ဖိအားတွေကြီးထွားလာတာကို တုံ့ပြန်ဖို့ ထိုင်ဝမ်ရဲ့စစ်ဘက် လက်နက်ကိရိယာတွေကို ခေတ်မီစေရေး လုပ်ဆောင်နေတဲ့  ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်ထံက တောင်းဆိုလိုက်ပြီးနောက် လေယာဉ်များရောင်းချရေးကို အမေရိကန်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။   အဲဒီရောင်းချမှုဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း အမေရိကန်နဲ့ ထိုင်ဝမ်တို့အကြား အကြီးမားဆုံးလက်နက်ရောင်းချမှုတွေထဲမှ တစ်ခုဖြစ်လိမ့်မယ်လို့ အမေရိကန် သတင်းဌာနက ဖော်ပြထားပါတယ်။   အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့လကလည်း…

Read More
VOM News

FREE
VIEW