မီဒီယာဥပဒေနဲ့  ကျင့်ဝတ်လိုက်နာရင် တရားစွဲခံရစရာ အကြောင်းမရှိကြောင်း လိုက်နာလျှက် တရားစွဲခံရရင် အသက်နဲ့လောင်းကြေးထပ်မယ့် မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်

မန္တလေး သြဂုတ်-၂၂-၂၀၁၉ နေလင်း   မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကကြီးမှူးကျင်းပတဲ့ မန္တလေးတိုင်း မဏ္ဍိုင် ၄ရပ် တွေ့ဆုံဆွေးနွေးပွဲအကြိုညှိနှိုင်းပွဲကို မန္တလေးက Hotel Sakura Princess  မှာ ဒီကနေ့ သြဂုတ် ၂၂ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်က သတင်းမီဒီယာတွေအနေနဲ့ မီဒီယာဥပဒေနဲ့  ကျင့်ဝတ်လိုက်နာရင် တရားစွဲခံရစရာ အကြောင်းမရှိကြောင်းနဲ့ ဥပဒေ နည်းဥပဒေလိုက်နာပါလျှက် တရားစွဲခံရတာရှိရင် သူ့အသက်နဲ့လောင်းကြေးထပ်မယ်လို့ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်ကို ဗီအိုအမ်က ကိုနေလင်းကနေ တွေ့ဆုံမေးမြန်းထားပါတယ်။   #voiceofmyanmar  #ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် #မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ #မန္တလေးသတင်းမီဒီယာ  

Read More

တောင်သူလယ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ သတင်းစာရှင်းလင်းပွဲပြုလုပ်

မန္တလေး၊ ဩဂုတ် ၂၂-၂၀၁၉ ဟိန်းကို(VOM)   ဒေသအသီးသီးမှာ နစ်နာမှုတွေဖြစ်ပေါ်နေတဲ့ တောင်သူလယ်သမားအရေးတွေကို ကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၈ ဖွဲ့က ဒီနေ့ သြဂုတ် ၂၂ ရက် ညနေပိုင်း မန္တလေးကွန်မြူနတီစင်တာမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။   နစ်နာနေတဲ့ တောင်သူလယ်သမားတွေကို အကာအကွယ်ပေးဖို့ ကူညီစောင့်ရှောက်ဝန်းရံပေးဖို့၊ တရားမျှတ မှန်ကန်စွာ အမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့နဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အထောက်အကူတွေ ရရှိနိုင်ရေးအတွက် အဲဒီ သတင်းစာရှင်းလင်းပွဲအပြီးမှာ အတည်ပြုချက် ထုတ်ပြန်ခဲ့ကြပါတယ်။   #voiceofmyanmar #မန္တလေး #တောင်သူအရေး

Read More

အလွဲသုံးစားမှုနဲ့ တရားစွဲခံရတဲ့ တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်းကို စတင်စစ်ဆေး

ပုသိမ်၊ သြဂုတ် ၂၂- ၂၀၁၉ ကိုအောင် (VOM) ဧရာဝတီတိုင်းလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက အလွဲသုံးစားမှုနဲ့ တရားစွဲဆိုထားတဲ့ တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို ဒီနေ့ သြဂုတ် ၂၂ ရက်က ပုသိမ်မြို့နယ်တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။   ဦးစံမင်းအောင်ဟာ ၂၀၁၈ ခုနှစ်က ပြည်ထောင်စုလွှတ်တော် ရံပုံငွေမှ ခွင့်ပြုငွေ ကျပ်သိန်း ၁၅၈၀ ကို အသုံးပြုပြီး ကား ၅ စီးဝယ်ယူခဲ့ရာမှာ ငွေကျပ် ၁၉ သိန်း ၄ သောင်းကို ကိုယ်ကျိုးအတွက် အသုံးပြုတယ်ဆိုပြီး ဦးဇော်မင်းထွန်းက အခုနှစ် မတ်လ ၂၆ ရက်က ရာဇသတ်ကြီး ပုဒ်မ ၄၀၉ နဲ့ တရားလို ပြုလုပ်တိုင်တန်းထားတာပါ။   အခုလို တရားစွဲဆိုခံရတာနဲ့ ပတ်သက်ပြီး ဦးစံမင်းအောင်က “တရားဥပဒေအတိုင်း ရင်ဆိုင်သွားမှာပါ။ ကျနော်အလွဲသုံးစားမလုပ်တာ…

Read More

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဘာတွေလုပ်နေသလဲ

မန္တလေး သြဂုတ်-၂၂-၂၀၁၉ နေလင်း   မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းကျင်းပတဲ့ မန္တလေးတိုင်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို မန္တလေးက Hotel Sakura Princess  မှာ ဒီကနေ့ သြဂုတ် ၂၂ ရက်နေ့ခင်းပိုင်းက ကျင်းပခဲ့ပါတယ်။ လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ပြင်ဆင်နေတဲ့ လုပ်ငန်းစဉ်တွေကို သိနိုင်ဖို့ ဒီတွေ့ဆုံပွဲကိုဦးဆောင်လာတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးကို ဗီအိုအမ်က ကိုနေလင်းကနေ တွေ့ဆုံမေးမြန်းထားပါတယ်။   #voiceofmyanmar  #ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် #မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ #မန္တလေးသတင်းမီဒီယာ

Read More

မြန်မာပို့ကုန်​တွေအ​ပေါ် ကန့်​သက်​ချက်​များစွာ လုပ်​နေတဲ့ နယ်​ခြား​စောင့်​တပ်​ကို ​ပြောင်း​ရွှေ့ပေးဖို့ မိုး​ရေးမှာ ဒီနေ့အထိ ဆန္ဒထုတ်ဖော်

တမူး၊ သြဂုတ် ၂၂ – ၂၀၁၉ မြတ်ပြည့်မော်(VOM)   အိန္ဒိယ-မြန်​မာနယ်​စပ်​နဲ့ ထိစပ်​​နေတဲ့ မိုး​ရေးမြို့အတွင်းမှာ မြန်​မာပို့ကုန်​တွေအ​ပေါ် ကန့်​သက်​ချက်​များစွာ ပြုလုပ်​နေတဲ့ နယ်​ခြား​စောင့်​တပ်​ကို ​ပြောင်း​ရွှေ့ပေးဖို့ဆိုပြီး ရာနဲ့ချီတဲ့ မိုး​ရေးပြည်​သူတွေဟာ မနေ့ သြဂုတ် ၂၁ ရက် မနက်ပိုင်းကတည်းကနေ ဒီနေ့ ၂၂ ရက်အထိ ဆန္ဒထုတ်ဖော်နေကြပါတယ်။   ဒီဆန္ဒထုတ်ဖော်မှုမဖြစ်ခင် မိုး​ရေးမြို့အတွင်းရှိတဲ့ ရဲတပ်​ဖွဲ့ကနေ စစ်​တပ်​ကိုသွား​ရောက်​ပြီး ပြည်​သူနဲ့ ​တွေ့ဆုံ ညှိနှိုင်း​မှုတွေ ပြုလုပ်​​ပေးဖို့ မြို့သူမြို့သား​တွေ စုပြီးအစီးအ​ဝေးလုပ်​တဲ့ (HTC ) မိုး​ရေးမြို့မရုံးခန်းမှာ ချိန်းဆိုခဲ့ပေမယ့် လာ​ရောက်​​တွေ့ဆုံတာ မရှိတဲ့အတွက် ပြည်သူရဲ့ဆန္ဒကို အ​လေးမထားတာဆိုပြီး မနေ့ မနက်​ ၆ နာရီမှာ 43 /AR စစ်​တပ်​ရှေ့ကနေ စတင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။   “မိုး​ရေးမြို့ဟာ မြန်​မာနိုင်​ငံဘက်​က တင်​သွင်း​တဲ့ပို့ကုန်​အများစုကို အားထားရပြီး ဝင်ရောက်​လာတဲ့…

Read More

ဆွာတမံလို မဖြစ်အောင် လက်ရှိဆည်တမံတွေကို ကြိုတင်ကာကွယ်ဖို့ လိုအပ်

နေပြည်တော်၊ သြဂုတ် ၂၂ -၂၀၁၉ ဒီပ(နေပြည်တော်)   မြန်မာနိုင်ငံအတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်မှာ ဆည်တမံပေါင်း (၂၀၀)ကျော်ရှိတဲ့အနက် ဆွာတမံကြီးဖြစ်စဉ်လို ဥပမာထားပြီး လက်ရှိဆည်တမံတွေကို ကြိုတင်စီမံမှုနဲ့ အရေးပေါ် အခြေအနေမှာ ဖြေရှင်းဆောင်ရွက်ဖို့ မန္တလေးတိုင်း အမှတ် ၂ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးရဲ့ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့မှုကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပေါင်းစပ်ဖြေကြားခဲ့ရာမှာ လုံခြုံရေးကဏ္ဍတွေမှာ ရေတို၊ ရေရှည် စီမံဆောင်ရွက်ထားမှု ရှိတယ်လို့ ဖြေကြားခဲ့မှုအပေါ် လွှတ်တော်ကိုယ်စားလှယ်က အခုလို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။   ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့တာဖြစ်ပြီး အစည်းအဝေး ခေတ္တရပ်နားစဉ်မှာ အခုလို ပြောဆိုခဲ့တာပါ။   အခုလို မိုးရာသီကာလ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ပဲခူးတိုင်း ဆွာတမံ ကျိုးပေါက်ခဲ့တာဖြစ်ပြီး…

Read More

မြန်မာစာပေဟာ အကျဘက် ဦးတည်နေတဲ့အတွက် စာပေသြဇာကြီးတဲ့ ပညာရှင်တွေရဲ့ စာပေတွေ ကျောင်းပညာရေးမှာ ပြဋ္ဌာန်းဖို့ လွှတ်တော်မှာ မေးမြန်း

နေပြည်တော်၊ သြဂုတ် ၂၂ -၂၀၁၉ ကိုထွန်း(VOM)   မြန်မာစာပေဟာအကျဘက်ကို ဦးတည်နေတဲ့အတွက် ပြန်လည်ဦးမော့လာဖို့ မြန်မာ့စာပေသမိုင်းမှာ အရှိန်အဝါကြီးမားခဲ့တဲ့ စာပေပညာရှင်တွေရဲ့ စာတွေ ပညာရေးမှာ ပြဋ္ဌာန်းသင်ကြားပေးဖို့ အစီအစဉ်ရှိမရှိ ဒီနေ့ သြဂုတ် ၂၂ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တောင်တွင်းကြီး မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းက မေးမြန်းခဲ့ပါတယ်။   “ဒီနေ့ facebook ခေတ်ကြီးမှာ ရသစာပေအားနည်းလာပြီး မြန်မာစာပေဟာ အကျဘက်ကို ဦးတည်နေပါပြီ။ ဒါကြောင့်မြန်မာစာပေ ဦးမော့လာစေရန် ရည်ရွယ်ချက်နဲ့ လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီး ဌာနကို မေးမြန်းလိုတာက နောင်အသစ်ပြဋ္ဌာန်းမယ့် စာအုပ်တွေမှာ ဆရာဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ်တို့ အပါအဝင် စာပေသြဇာအရှိန်အဝါကြီးမားခဲ့တဲ့ စာပေပညာရှင်များရဲ့ စကားပြေ၊ ကဗျာများ ပြဋ္ဌာန်းသင်ကြားပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းလိုပါတယ်။”လို့ ပြောခဲ့တာပါ။  …

Read More

တိုက်လေယာဉ်တွေ ထိုင်ဝမ်ကိုရောင်းရင် အမေရိကန်ကို အရေးယူပိတ်ဆို့မယ်လို့ တရုတ်ခြိမ်းခြောက်

ပေကျင်း၊ သြဂုတ်-၂၂-၂၀၁၉ မျိုးဆက် (VOM)   အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်တွေ ထိုင်ဝမ်ကိုရောင်းချရေး အမေရိကန်က ဆက်ပြီးလုပ်ဆောင်နေမယ်ဆိုရင် အဲဒီကိစ္စမှာပါဝင်တဲ့ အမေရိကန်ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်မယ်လို့ တရုတ်နိုင်ငံက ခြိမ်းခြောက်လိုက်ပါတယ်။   အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို လက်နက်တွေ ရောင်းချတာရပ်တန့်ဖို့နဲ့ ထိုင်ဝမ်နဲ့ စစ်ရေးဆက်နွယ်မှုတွေကို အဆုံးသတ်ဖို့ကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ရှောင်က အမေရိကန်ကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။   ဆယ်စုနှစ်များစွာအတွင်း အကြီးဆုံးလက်နက်ရောင်းချမှုအဖြစ် တိုက်လေယာဉ် ၆၆ စင်းပါဝင်တဲ့ ဒေါ်လာရှစ်ဘီလီယံ တန်ဖိုးရှိ လက်နက်တွေ ထိုင်ဝမ်ကို ရောင်းဖို့အတွက် အမေရိကန်အစိုးရက ခွင့်ပြုထားပါတယ်။   အထူးသဖြင့် ကုန်သွယ်ရေးကိစ္စမှာ အမေရိကန်နဲ့  တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေချိန် ထိုင်ဝမ်ကို လက်နက်ရောင်းချဖို့ကိစ္စ ဖြစ်ပေါ်လာတာပါ။   တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကို  သူ့ရဲ့ပိုင်နက်အဖြစ်ရှုမြင်ထားပြီး တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးတွက် လိုအပ်ပါက စစ်ရေးအသုံးပြုမယ်လို့…

Read More

မအူပင်တောင်စမ်းတွင်းမှာ တစ်ရက် ကုဗပေ သုံးသန်းထွက်မယ့် ဓာတ်ငွေ့တွင်းတွေ့

မအူပင်၊ သြဂုတ် ၂၂ – ၂၀၁၉ ကိုအောင် (VOM)   ဧရာဝတီတိုင်း ညောင်တုန်း-မအူပင် ရေနံနဲ့သဘာဝဓာတ်ငွေ့နယ်မြေ မအူပင်တောင်စမ်းတွင်းဒေသမှာ တစ်ရက်ကို ဓာတ်ငွေ့ကုဗပေ သုံးသန်းထွက်ရှိမယ့် ဓာတ်ငွေ့တွင်းတစ်ခု တူးဖော်တွေ့ရှိခဲ့တယ်လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ကနေ သိရပါတယ်။   အစမ်းတွင်းအမှတ် ၂၃ ဟာ ထူးခြားနေတာကြောင့် တူးဖော်ကြည့်ရာ ပေ ၉၅၀၀ အရောက်မှာ အခုလို သဘာဝဓါတ်ငွေ့ ရရှိခဲ့တယ်လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။   “၁၈ ရက်နေ့ကစတွေ့တာ၊ ဒါပေမယ့် သေချာအောင် အဆင့်ဆင့်စစ်ဆေးနေတာကြောင့် ဒီနေ့မှ ပြည်ထောင်စုက အတည်ပြုပေးလိုက်တာ။ ဂက်စ်ကားတွေမှာ သုံးနေတဲ့ စီအင်န်ဂျီဂက်စ်မျိုးပါ။ အဲ့ဒေသတွေမှာက သဘာဝဓါတ်ငွေ့က အမြဲတမ်းတွေ့ရှိတဲ့နေရာတွေပါ။”လို့ မနေ့ သြဂုတ် ၂၁ ရက်မှာ ဦးဝင်းဌေးက ပြောတာပါ။…

Read More
VOM News

FREE
VIEW