တပ်မတော်မှ အပစ်ခတ်ရပ်စဲရေးသက်တမ်း ထပ်တိုး

သြဂုတ် ၃၁၊ ၂၀၁၉ VOM   ကျိုင်းတုံမြို့မှာ ဒီနေ့လုပ်တဲ့ အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီးမှာ တပ်မတော်အနေနဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ ထပ်မံရပ်ဆိုင်းဖို့ သက်တမ်းတိုးလိုက်ပါတယ်။   လာမယ့် စက်တင်ဘာ ၂၁ ရက်နေ့အထိ၊ စစ်တိုင်း ၅ ခုမှာ လုပ်နေတဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ အားလုံးကို ရပ်ဆိုင်းဖို့ ရက်တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။   “အဓိကကတော့ ဒေသခံတိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးအပေါ်ထားတဲ့ မျှော်လင့်ချက်တွေအတွက်ရယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရဲ့ ဆောင်ရွက်နေတဲ့လက်ရှိ အခြေအနေများကို ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်ပါတယ်။ စစ်တိုင်း ၅ ခုမှာပါ။ အရင်ကလည်း ရပ်ဆိုင်းထားပေးတာကို ရက်ထပ်တိုး သတ်မှတ်လိုက်တာပါ။” လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်…

Read More

တိုက်ပွဲတွေရပ်ရေး ကြိုးပမ်းမယ်လို့ ကျိုင်းတုံ အစည်းအဝေးက ထုတ်ပြန်

သြဂုတ် ၃၁- ၂၀၁၉ VOM   လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံး ရပ်တန့်နိုင်ရေးအတွက် ပူးပေါင်းလုပ်ကိုင်မယ်လို့ ကျိုင်းတုံမြို့မှာ ဒီနေ့ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်ခတ်ရပ်စဲရေး စည်းဝေးကနေ ထုတ်ပြန် ကြေငြာလိုက်ပါတယ်။   မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်၊ တပ်မတော်က ကိုယ်စားလှယ်တွေ၊ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO)၊ တအာင်း အမျိုးသားများ လွတ်မြောက်ရေးအဖွဲ့ (PSLF / TNLA)၊ ရခိုင်တပ်ဖွဲ့ဖြစ်တဲ့ (ULA) နဲ့ ကိုးကန့်အဖွဲ့ဖြစ်တဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNTJP) တို့ တွေ့ဆုံဆွေးနွေးအပြီးမှာ ပူးပေါင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။   လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံး ရပ်တန့်ရေးအတွက် နှစ်ဖက်သဘောတူ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးကို ဦးတည်ပြီး ဒီနေ့ ဆွေးနွေးပွဲမှာ…

Read More

အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ နိုင်ငံသားမဟုတ်သူ နှစ်သန်းနီးပါးထိရှိနေ

ဒေလီ၊ သြဂုတ်-၃၁-၂၀၁၉ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာရှိတဲ့ နိုင်ငံသားမှတ်ပုံတင်စာရင်း နောက်ဆုံးအပြီးသတ်ကို သြဂုတ် ၃၁ ရက်က ထုတ်ပြန်ရာမှာတော့ နိုင်ငံသားမဟုတ်တဲ့ နိုင်ငံမဲ့လူဦးရေ ၁ ဒသမ ၉ သန်းရှိနေပါတယ်။   ပါကစ္စတန်ဆီကနေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံက လွတ်လပ်ရေးမကြေညာခင် တစ်ရက်အလိုဖြစ်တဲ့ ၁၉၇၁ ခုနှစ် မတ် ၂၄ ရက်မှာ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေထိုင်ကြောင်း သက်သေပြနိုင်သူတွေသာ အိန္ဒိယနိုင်ငံသားမှတ်ပုံတင်စာရင်းမှာ ပါဝင်တာဖြစ်ပါတယ်။   နိုင်ငံသားဖြစ်ခွင့် စာရင်းမှာ ပါဝင်တဲ့သူတွေအနေနဲ့ အယူခံဝင်ဖို့ ရက်ပေါင်း ၁၂၀ အချိန်ပေးထားပါတယ်။ နိုင်ငံသားစာရင်းမှာ မပါဝင်သူတွေအနေနဲ့ကတော့ နောက်ထပ်ဘာတွေဆက်ဖြစ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။   ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူတွေကို စစ်ဆေးသိရှိရဖို့ လိုအပ်တာကြောင့် ဒီလုပ်ငန်းစဉ်ကို လုပ်ခဲ့တာလို့ အိန္ဒိယနိုင်ငံက ပြောပါတယ်။   အိန္ဒိယနိုင်ငံဟာ အရင်ကတည်းက…

Read More

တစ်ကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့်မှာ သရုပ်ဖေါ်တင်ဆက်လို့ တရားစွဲခံထားရသူနှစ်ဦး တနင်္လာနေ့မှာ အမိန့်ချမယ်

မြစ်ကြီးနား၊ သြဂုတ် ၃၁ – ၂၀၁၉ ဖြူဖြူ (VOM)   တစ်ကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့်အထိမ်းအမှတ်မှာ သရုပ်ဖေါ်တင်ဆက်ပြသလို့ ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ မဆိုင်းနူးပန်နဲ့ ကိုပေါလုတို့ကို လာမယ့် တနင်္လာနေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တရားရုံးကနေ အပြီးသတ်အမိန့်ချမှတ်သွားမယ်လို့ သိရပါတယ်။   “ကျမတို့ကတော့ ထောင်ချတာ၊ အရေးယူတာကို ဘယ်သူမှဂရုစိုက်မှာ မဟုတ်ဘူး။ ကျမတို့ကတော့ ကိုယ့်ရဲ့အခွင့်အရေးကို ဆက်လက်တောင်းဆိုသွားမှာပဲ။ အထိမ်းအမှတ်ပွဲဆိုတာက နှစ်တိုင်းလုပ်နေရမယ့် ပွဲဖြစ်တယ်။ အဲတော့ နောက်နှစ်လည်း လုပ်မှာပဲ။”လို့ တရားစွဲခံထားရတဲ့ မဆိုင်းနူးပန်က ပြောပါတယ်။   ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ် ဇွန်လကစပြီး ဖြစ်ပေါ်လာခဲ့တဲ့ တပ်မတော်နဲ့ KIA တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်ဒုက္ခသည်အဖြစ် ရှိနေပြီး ပညာရေး၊ ကျန်းမာရေးအခက်အခဲ များစွာကြုံတွေ့နေတဲ့အတွက် ရှစ်နှစ်ပြည့်အထိမ်းအမှတ်ပွဲမှာ စစ်ရှောင်တွေရဲ့…

Read More

တွစ်တာစီအီးအို ဂျက်ဒေါ်ဆင်ရဲ့ အကောင့်ကို ဟတ်ကာတွေဖောက်ထွင်းရယူ

နယူးယောက်၊ သြဂုတ်-၃၁-၂၀၁၉ မျိုးဆက် (VOM)   ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ တွစ်တာ ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဂျက်ဒေါ်ဆေရဲ့ ကိုယ်ပိုင်တွစ်တာအကောင့်ကို ဟတ်ကာများက ဖောက်ထွင်းရယူသွားပါတယ်။   Chuckling Squad အဖွဲ့လို့ သူတို့ကိုယ်သူတို့ရည်ညွှန်းပြောဆိုထားတဲ့ ဟတ်ကာအဖွဲ့ဟာ ဖော်လိုဝါ လေးသန်းကျော်ရှိတဲ့ ဂျက်ဒေါ်ဆေရဲ့ တွစ်တာအကောင့်ကို ရယူသွားခဲ့တာလို့ ဆိုပါတယ်။   တွစ်တာရဲ့ ကိုယ်ပိုင်စနစ်တွေမှာ ချို့ယွင်းချက်မရှိဘူးလို့ ကုမ္ပဏီက ထုတ်ပြန်ထားပြီး အမည်မဖော်လိုတဲ့ မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီတစ်ခုရဲ့ အားနည်းချက်လို့ ပြစ်တင်ပြောဆိုထားပါတယ်။   ဂျက်ဒေါ်ဆေရဲ့ တွစ်တာအကောင့်မှာ ဖုန်းနံပါတ်ပါပူးတွဲပါရှိပြီး အဲဒီဖုန်းကိုဝန်ဆောင်မှုပေးတဲ့ မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီရဲ့  လုံခြုံရေးအားနည်းချက်ကြောင့် အကောင့် အဟတ်ခံရတာလို့ တွစ်တာက ထုတ်ပြန်ထားပါတယ်။   ဒီလိုအကောင့်ကို ထိန်းချုပ်ဖို့အတွက် Simswapping ဆိုတဲ့ နည်းပညာကို ဟတ်ကာတွေက အသုံးပြုခဲ့ကြတယ်လို့ ကုမ္ပဏီက သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုပါတယ်။ လက်ရှိမှာတော့ အဲဒီပြသနာကို ဖြေရှင်းပြီးဖြစ်တယ်လို့…

Read More

အချုပ်ခန်းအတွင်းက အချုပ်သား ထွက်ပြေးလွတ်မြောက်မှုနဲ့ ပတ်သက်ပြီး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးနေ

မန္တလေး၊ ဩဂုတ် ၃၁-၂၀၁၉ ဖြူဖြူ (VOM)   မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တရားရုံး အချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားကိစ္စနဲ့ပတ်သက်ပြီး တာဝန်ကျ တပ်ဖွဲ့ဝင် ၁၄ ဦးခန့်ကို စစ်ဆေးနေတယ်လို့ အမှုကိုကိုင်တွယ်ဖြေရှင်းနေတဲ့ မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့ဆီက သိရပါတယ်။   “လက်ရှိမှာတော့ အချုပ်တရားခံ ထွက်ပြေးမှုနဲ့ ပတ်သက်ပြီး တပ်ဖွဲ့ဝင်တွေကို မည်သည့်အတွက်ကြောင့် ထွက်ပြေးလွတ်မြောက် ဖြစ်ရခြင်းကို စုံစမ်းစစ်ဆေးနေပါတယ်။” လို့ မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးက ပြောပါတယ်။   သြဂုတ် ၂၉ ရက်က မနက်ပိုင်းက ခိုးမှုနဲ့ အချုပ်ကျနေတဲ့ အချုပ်သားတစ်ဦးကို အချုပ်ရမာန်ယူဖို့အတွက် ရုံးထုတ်လာပြီး တရားရုံး အချုပ်ခန်းအတွင်း ချုပ်နှောင်ထားစဉ် ထွက်ပြေးလွတ်မြောက်မှု ဖြစ်ပွားခဲ့တာပါ။ ဒီနေ့ သြဂုတ် ၃၁ ရက်နေ့အထိ အချုပ်သားကို ပြန်လည်ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။   တရားရုံးအချုပ်ခန်းကနေ…

Read More
VOM News

FREE
VIEW