ဆိုးလ်၊ သြဂုတ်-၆-၂၀၁၉ မျိုးဆက် (VOM) မြောက်ကိုရီးယားဟာ သီတင်းနှစ်ပတ်အတွင်း လေးကြိမ်မြောက်အဖြစ် အမျိုးအမည်မသိ ဒုံးပျံနှစ်စင်းကို ပစ်ခတ်လိုက်ပြန်တယ်လို့ တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်ပါတယ်။ ဒုံးပျံတွေကို ဟွမ်ဟေးပြည်နယ်ကနေ ကိုရီးယားကျွန်းဆွယ်တစ်လျှောက် ပင်လယ်ပြင်ရဲ့ အရှေ့ပိုင်းကို ပစ်ခတ်ခဲ့တာလို့ တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်ထားပါတယ်။ ဒီပစ်ခတ်မှုဟာ သြဂုတ် ၅ ရက်မှာ စတင်ခဲ့တဲ့ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် အမျက်ဒေါသထွက်တယ်ဆိုတာကို ထပ်မံသတိပေးဖော်ပြလိုက်တာလို့ ဆိုပါတယ်။ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်တို့နဲ့ ရရှိထားတဲ့ သဘောတူညီမှုတွေကို ချိုးဖောက်လိုက်တာလို့ မြောက်ကိုရီးယားဘက်က ပြောပါတယ်။ အဓိက စစ်ရေးလေ့ကျင့်မှုကိုတော့ သြဂုတ် ၁၁ ရက်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စတင်သွားမှာဖြစ်ပြီး အကြိုပြင်ဆင်လေ့ကျင့်မှုတွေကတော့ စတင်နေပြီဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးပျံပစ်ခတ်မှုတွေနဲ့ ပတ်သက်တဲ့…
Read MoreMonth: August 2019
၂၀၀၈ ခြေ၊ဥ ပြင်ဆင်ရေးအပေါ် သူရဦးရွှေမန်းပြောဆိုချက်
နေပြည်တော်၊ သြဂုတ် ၅- ၂၀၁၉ ကိုထွန်း(VOM) ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းရှိ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းညှိနှိုင်းဖို့လိုကြောင်း သူရဦးရွှေမန်းက ပြောပါတယ်။ ပထမအကြိမ်လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်းတာဝန်ယူခဲ့စဉ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးလုပ်ဆောင်ခဲ့ကြပြီး ပုဒ်မတစ်ခုနဲ့ အချက် ၅၄ ချက်ကို ပြင်ဆင်နိုင်ခဲ့ပါတယ်။ အခု အစိုးရလက်ထက်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်နိုင်မလားဆိုတဲ့အပေါ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်း သူရဦးရွှေမန်းက ပြောဆိုပါတယ်။ #voiceofmyanmar #သူရဦးရွှေမန်း #၂၀၀၈ ခြေ၊ဥ
Read Moreအုပ်ချုပ်ရေးမှူး တစ်ဦးက မလျော်သြဇာသုံးပြီး ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်တယ်လို့ ဒေသခံအချို့စွပ်စွဲ
တိုက်ကြီး၊ သြဂုတ် ၅ – ၂၀၁၉ မိုးယံ(VOM) ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ပန်နီပင်ကျေးရွာအုပ်စုမှာ အုပ်စုအုပ်ချုပ်ရေးမှူးက မလျော်သြဇာသုံးပြီး ဥပဒေမဲ့လုပ်ရပ်တွေလုပ်နေတယ်ဆိုပြီး ဒေသခံအချို့က ဒီနေ့ သြဂုတ် ၅ ရက် မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ “အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး လူငါးဦးက ကျမကြက်ခြံကို မီးရှိ့တယ်။ ဒါကို တိုင်ထားတယ်၊ ဘာမှအရေးယူ ဆောင်ရွက်တာတွေ မရှိဘူး။ တိုင်တာလည်း သုံးခါရှိပြီ၊ ခုလည်းထပ်တိုင်ထားတယ်။”လို့ ပန်နီပင်ကျေးရွာအုပ်စု လှည်းလမ်းကူးကျေးရွာနေ ဒေါ်ခင်အေးက ပြောပါတယ်။ ဒါ့အပြင် မြေယာအငြင်းပွားမှု၊ မိသားစုအမွေကိစ္စတွေမှာလည်း ဝင်ရောက်စွတ်ဖက်မှုတွေ ရှိနေတဲ့အတွက် အခုလို ရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်တယ်လို့ ဦးမင်းဇော်က ပြောပါတယ်။ “ကျမတို့ မိသားစုပြသနာ၊ အမွေပြသနာကိစ္စတွေ ပါဝင်နေပါတယ်။ အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဥပဒေမဲ့ ကျမလယ်ထဲကို လာပြီးလယ်ထွန်တယ်။ အဲဒီလုပ်ရပ်တွေကို…
Read Moreစစ်ကိုင်းမှာ ကျောင်းသားသမဂ္ဂတွေ ဆန္ဒပြ
စစ်ကိုင်း၊ သြဂုတ် ၅-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့မှာ ဒီနေ့ မနက်ပိုင်းက ကျောင်းသား သမဂ္ဂတွေစုပေါင်းပြီး စစ်ကိုင်း အသင်္ခယာ အဝိုင်းပတ်ကနေ မြို့မဈေးအထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ပါတယ်။ ဆယ်ဗင်းဇူလိုင် လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြတာဖြစ်ပြီး မတရားဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ချက်ချင်းလွှတ်၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာလှုပ်ရှားခွင့်ရရှိရေး ၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရရှိရေး စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ကြွေးကြော်သံများနဲ့ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြတာပါ။ ဆဲဗင်းဇူလိုင်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးခြင်းမရှိဘူးဆိုရင် တစ်နိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂတွေစုပေါင်းပြီး လှုပ်ရှားမှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ အဲဒီ ဆန္ဒပြပွဲမှာ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေး ကောလိပ်၊ မန္တလေးပညာရေးကောလိပ်၊ ဖားအံပညာရေးတက္ကသိုလ် ၊ လားရှိုး ပညာရေးကောလိပ်၊ မုံရွာပညာရေးကောလိပ်တို့က ကျောင်းသားသမဂ္ဂတွေ…
Read Moreတပ်မတော်နဲ့ တပ်မတော်သားခွဲခြားသိပြီး ဝေဖန်ဖို့လို
နေပြည်တော်၊ သြဂုတ် ၅ – ၂၀၁၉ ကိုထွန်း(VOM) တပ်မတော်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေရှိနေတဲ့အပေါ်မှာ တပ်မတော်နဲ့ တပ်မတော်သားတွေဆိုပြီး ခွဲခြားသိမြင်ဖို့ လိုအပ်ကြောင်း တပ်မတော်ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်ခဲ့တဲ့ သူရဦးရွှေမန်းက ပြောဆိုပါတယ်။ “ဒီနေ့ နိုင်ငံတော်အတွင်းမှာ တပ်မတော်နဲ့ ပတ်သက်ပြီးအမျိုးအမျိုး ဝေဖန်ပြောဆိုနေကြတာ ရှိပါတယ်။ စိတ်လည်းမကောင်းပါဘူး။ တပ်မတော်သား၊ တပ်မတော်ဆိုပြီး ခွဲပြီးသိဖို့တော့ လိုပါတယ်။”လို့ မနေ့ သြဂုတ် ၄ ရက် ညနေပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာနဲ့ တွေ့ဆုံပွဲမှာ သူရဦးရွှေမန်းက ပြောဆိုခဲ့တာပါ။ တပ်မတော်သားတွေဖြစ်တဲ့ စစ်သားတွေဟာ မိဘဆွေမျိုးတွေနဲ့ ခွဲခွာပြီး အသက်ခန္ဓာကို ပေးလှူနေကြရတာ ဖြစ်တဲ့အတွက် လွန်စွာ သနားစရာကောင်းသလို အမိန့်ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ တပ်မတော်နဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုမယ်ဆိုရင် တပ်မတော်အပေါ်နားလည်ဖို့လိုပြီး တပ်မတော်ကို…
Read Moreဟောင်ကောင် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ဖြိုခွဲ
ဟောင်ကောင်၊သြဂုတ်-၄-၂၀၁၉ မျိုးဆက် (VOM) ဟောင်ကောင်မှာ သီတင်းကိုးပတ်ထိအောင် ဆက်လက်ဆန္ဒပြနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဟောင်ကောင်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းနေပါတယ်။ ဆန္ဒပြအဖွဲ့တွေဟာ ချီတက်ပွဲမစတင်မီ မောင်းကွတ်ခရိုင်အတွင်း စုဝေးခဲ့ကြပါတယ်။ သူတို့ဟာ သြဂုတ် ၅ ရက်မှာ ဟောင်ကောင်မြို့တော်တစ်ဝိုက် ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုထားကြပါတယ်။ ဒီလိုဆူပူအုံကြွမှုတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရနဲ့ စစ်တပ်ကပြင်းပြင်းထန်ထန် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ အငြင်းပွါးဖွယ် ပြစ်မှုကျူးလွန်ရာ တရားခံလွှဲပြောင်းရေးဥပဒေမူကြမ်းကြောင့် နှစ်လကြာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေနဲ့ ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့တို့ကတော့ သူတို့ရဲ့ ရပ်တည်ချက်သဘောထားတွေကို အလျော့ပေးမယ့် လက္ခဏာမျိုး မရှိပါဘူး။ တရုတ်ပြည်မကြီးသို့ တရားခံတွေကို လွှဲပြောင်းခွင့်ရရှိစေမယ့် ဥပဒေမူကြမ်းကို အစိုးရက လက်ရှိမှာ ဆိုင်းငံ့ထားပေမယ့်လည်း ဆန္ဒပြသူတွေကတော့ အဲဒီဥပဒေမူကြမ်းကို အပြည့်အဝရုတ်သိမ်းစေလိုကြပါတယ်။ …
Read Moreတက္ကဆက်ပြည်နယ်က အစုအလိုက်အပြုံလိုက်ပစ်ခတ်မှု လူ ၂၀ ဦးသေဆုံး
နယူးယောက်၊သြဂုတ်-၄-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ အယ်ပါဆိုမြို့မှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၂၀ခန့်သေဆုံးပြီး အခြားသူ ၂၆ဦးလည်း ထိခိုက်ဒဏ်ရာများရရှိသွားပါတယ်။ ဒီပစ်ခတ်မှုဟာ တက္ကဆက်ပြည်နယ်သမိုင်းမှာ သေဆုံးထိခိုက်မှုအများဆုံး နေ့တွေထဲက တစ်နေ့ဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အဘတ်က ပြောပါတယ်။ လူအစုလိုက်အပြုံလိုက်သေဆုံးရတဲ့ ပစ်ခတ်မှုဟာ အမေရိကန်-မက္ကဆီကိုနယ်စပ်က မိုင်အနည်းငယ်အကွာမှာရှိတဲ့ စီလိုဗီစတာဈေးဝယ်စင်တာအနီး ဝေါမတ်စတိုးဆိုင်မှာ ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အသက်၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားပါတယ်။ သံသယရှိသူဟာ အယ်ပါဆိုမြို့အရှေ့ဖက် မိုင် ၆၅၀ အကွာရှိ အယ်လန်မြို့က ဒေါလက်စ်ဒေသခံတစ်ဦး ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူရဲ့အမည်က ပတ်ထရစ်ခရုစစ် ဖြစ်တယ်လို့ အမေရိကနသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ စီစီတီဗွီကင်မရာတွေမှာ သေနတ်သမားလို့ ယူဆရသူရဲ့…
Read Moreအစိုးရပိုင် မြေဧက လေးထောင်ကျော်ထုတ်ရောင်းပြီး မြေယာလျော်ကြေးပေးမယ်
ရန်ကုန်၊ သြဂုတ် ၄ – ၂၀၁၉ သိဂီ င်္(VOM) ရန်ကုန်တိုင်းအတွင်းက သိမ်းဆည်းထားတဲ့ မြေယာတွေအတွက် လျော်ကြေးပေးနိုင်ဖို့ အစိုးရပိုင်မြေဧက လေးထောင်ကျော်ကို ထုတ်ပြီးရောင်းချသွားမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က သိရပါတယ်။ “ဒီလ သြဂုတ်မှာစရောင်းမှာ ဖြစ်တယ်။ ဘီလျံ ၁၆၀ ကျော်အောင် ဝယ်ယူမယ့်သူ ရှိလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ဘာကြောင့်ဆို ဝယ်ချင်တယ်ဆိုပြီး စာရင်ပို့တဲ့ ပမာဏက များပါတယ်။ ရောင်းချတဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ သတင်းစာတွေမှာ ကြေငြာပြီးရောင်းပေးမှာ ဖြစ်တယ်။” လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ မနေ့ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ မြေယာလျော်ကြေးပေးရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။ ရန်ကုန်တိုင်းအတွင်းမှာ လျော်ကြေးပေးရမယ့်မြေယာပေါင်း ၂၄၀၀၂့၇၉၁ ဧကအထိ ရှိနေပြီး လျော်ကြေးပမာဏဟာ ဘီလျံ…
Read Moreအစိုးရ အလိုမရှိစာသားပါ စာရွက်တွေ မန္တလေးမြို့က နေရာအတော်များများမှာ လိုက်လံကပ်
မန္တလေး၊ ဩဂုတ် ၄-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့ပေါ်က ဓာတ်တိုင်အချို့နဲ့ နံရံအချို့တို့မှာ မနေ့ ဩဂုတ်လ ၃ ရက် ညပိုင်းက အစိုးရအလိုမရှိကြောင်း စာရွက်တွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဘက်စုံဖိနှိပ်ချုပ်ချယ်မှု လွတ်မြောက်ရေး ပြည်သူ့တပ်ပေါင်းစုအဖွဲ့က လိုက်လံကပ်ထားတာတွေ ဖြစ်ပွားခဲ့ပါတယ်။ ” နိုင်ငံရေးဆိုတာတော့ ဒီလိုပါပဲ။ လက်ရှိအစိုးရကို အတိုက်အခိုက်လုပ်နေတဲ့ အဖွဲ့အစည်းဆိုတာ ရှိမှာပဲ။ ဘယ်သူလုပ်တယ်ဆိုတာတော့ မြင်ရတာမဟုတ်တဲ့အတွက် မပြောနိုင်ဘူးပေါ့လေ။ လက်ရှိအစိုးရရဲ့ လုပ်ငန်းစဉ်တွေကိုလည်း မျက်မြင်ကိုယ်တွေ့မြင်နေရတာပဲ။ မျက်မြင်နဲ့ ကပ်ထားတဲ့စာတွေထဲပါတာကို သုံးသပ်လိုက်ရင်တော့ ကျနော်ထင်ပါတယ် ပြည်သူတွေကလည်း မအတော့ဘူးဆိုတော့ နားလည်မယ် ထင်ပါတယ်။” လို့ ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး ပြောပါတယ်။ ချမ်းမြသာစည်မြို့နယ်အတွင်း မနော်ဟရီလမ်း ၅၈ လမ်းနဲ့ ၅၉ လမ်းကြား ဓာတ်တိုင်အချို့နဲ့ မြရည်နန္ဒာအိမ်ယာဘက်နဲ့ စုစုပေါင်းသုံးနေရာလောက်မှာ စပြီးကပ်ထားတာတွေ ဖြစ်ပွားခဲ့တာပါ။…
Read Moreရန်ကုန်မှာ နှစ်နှစ်ဆယ်ကျော်နေလာတဲ့ ကျူးတွေကို ဖျက်သိမ်း
ရန်ကုန်၊ သြဂုတ် ၄ – ၂၀၁၉ မိုးယံ(VOM) ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် ဇဝနရပ်ကွက် မင်္ဂလာရိပ်သာလမ်းမှာ နှစ်ပေါင်းနှစ်ဆယ်ခန့် တစ်ဆက်တည်းနေလာတဲ့ ကျူးကျော်အိမ်ထောင်စု နှစ်ဆယ်ကျော်ကို ဒီနေ့ သြဂုတ် ၄ ရက် မနက်ပိုင်းမှာ သက်ဆိုင်ရာက ဖယ်ရှားဖျက်သိမ်းခဲ့ပါတယ်။ “ကျနော့အိမ်ထဲ ခြံစည်းရိုး ဖျက်ပြီးအတင်းဝင်ဖျက်နေတယ်၊ ဝရမ်းမပါဘူး။ ရဲကဝင်မဖျက်ဘူး၊ အိုးအိမ်ဌာနက ခေါ်လာတဲ့သူတွေက ခြံနဲ့ဝင်းနဲ့ သန်းခေါင်စာရင်းနဲ့နေတာကို ဥပဒေမဲ့ အတင်းဝင်ဖျက်တာ။” လို့ ဖျက်သိမ်းခံရတဲ့ အိမ်ထောင်စုက ဦးကျော်လွင်က ပြောပါတယ်။ ရန်ကုန်တိုင်း မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကနေ အဲဒီ မြေ ၃၃.၅ ဧကကျော်မှာ ကျူးကျော်နေထိုင်နေတဲ့ အိမ်ထောင်စုတွေကို အိုးအိမ်တည်ဆောက်ရေး စီမံကိန်းပြုလုပ်ဖို့ ဖယ်ရှားမှာဖြစ်ပြီး ရဲတပ်ဖွဲ့အပါအဝင် အင်အား နှစ်ရာကျော်ရှိတယ်လို့ သိရပါတယ်။ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်ကတော့…
Read More