စစ်ကိုင်းမှာ ကျောင်းသားသမဂ္ဂတွေ ဆန္ဒပြ

စစ်ကိုင်း၊ သြဂုတ် ၅-၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းမြို့မှာ   ဒီနေ့ မနက်ပိုင်းက ကျောင်းသား သမဂ္ဂတွေစုပေါင်းပြီး စစ်ကိုင်း အသင်္ခယာ အဝိုင်းပတ်ကနေ မြို့မဈေးအထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ပါတယ်။

 

ဆယ်ဗင်းဇူလိုင်  လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့  ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြတာဖြစ်ပြီး  မတရားဖမ်းဆီးခံထားရတဲ့  ကျောင်းသားတွေ ချက်ချင်းလွှတ်၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာလှုပ်ရှားခွင့်ရရှိရေး ၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရရှိရေး စာသားပါ  ဆိုင်းဘုတ်များကိုင်ဆောင်ပြီး  ကြွေးကြော်သံများနဲ့ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြတာပါ။

 

ဆဲဗင်းဇူလိုင်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး  ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ ကျောင်းသားတွေကို  ပြန်လွှတ်ပေးခြင်းမရှိဘူးဆိုရင်  တစ်နိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂတွေစုပေါင်းပြီး လှုပ်ရှားမှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

 

အဲဒီ ဆန္ဒပြပွဲမှာ  စစ်ကိုင်းပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေး ကောလိပ်၊ မန္တလေးပညာရေးကောလိပ်၊ ဖားအံပညာရေးတက္ကသိုလ် ၊ လားရှိုး ပညာရေးကောလိပ်၊ မုံရွာပညာရေးကောလိပ်တို့က ကျောင်းသားသမဂ္ဂတွေ ပါဝင်ခဲ့ပါတယ်။

 

ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနကို  ခွင့်ပြုချက်ရယူခဲ့ခြင်းမရှိတဲ့အတွက် ရဲတပ်ဖွဲ့နဲ့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေဟာ ခွင့်ပြုချက်ရယူဆောင်ရွက်စေဖို့အတွက်  လာရောက် ညှိနှိုင်းခဲ့ကြပါတယ်။

 

#voiceofmyanmar  #စစ်ကိုင်း #ကျောင်းသားသမဂ္ဂ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW