၂၀၀၈ ခြေ၊ဥ ပြင်ဆင်ရေးအပေါ် သူရဦးရွှေမန်းပြောဆိုချက်

နေပြည်တော်၊ သြဂုတ် ၅- ၂၀၁၉ ကိုထွန်း(VOM)   ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းရှိ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းညှိနှိုင်းဖို့လိုကြောင်း သူရဦးရွှေမန်းက ပြောပါတယ်။   ပထမအကြိမ်လွှတ်တော်မှာ  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်းတာဝန်ယူခဲ့စဉ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးလုပ်ဆောင်ခဲ့ကြပြီး ပုဒ်မတစ်ခုနဲ့ အချက် ၅၄ ချက်ကို ပြင်ဆင်နိုင်ခဲ့ပါတယ်။ အခု အစိုးရလက်ထက်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်နိုင်မလားဆိုတဲ့အပေါ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်း သူရဦးရွှေမန်းက ပြောဆိုပါတယ်။   #voiceofmyanmar #သူရဦးရွှေမန်း #၂၀၀၈ ခြေ၊ဥ

Read More

အုပ်ချုပ်ရေးမှူး တစ်ဦးက မလျော်သြဇာသုံးပြီး ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်တယ်လို့ ဒေသခံအချို့စွပ်စွဲ

တိုက်ကြီး၊ သြဂုတ် ၅ – ၂၀၁၉ မိုးယံ(VOM)   ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ပန်နီပင်ကျေးရွာအုပ်စုမှာ အုပ်စုအုပ်ချုပ်ရေးမှူးက မလျော်သြဇာသုံးပြီး ဥပဒေမဲ့လုပ်ရပ်တွေလုပ်နေတယ်ဆိုပြီး ဒေသခံအချို့က ဒီနေ့ သြဂုတ် ၅ ရက် မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။   “အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး လူငါးဦးက ကျမကြက်ခြံကို မီးရှိ့တယ်​။ ဒါကို တိုင်ထားတယ်​၊ ဘာမှအရေးယူ ဆောင်ရွက်တာတွေ မရှိဘူး။ တိုင်တာလည်း သုံးခါရှိပြီ၊ ခုလည်းထပ်တိုင်ထားတယ်။”လို့ ပန်နီပင်ကျေးရွာအုပ်စု လှည်းလမ်းကူးကျေးရွာနေ ဒေါ်ခင်အေးက ပြောပါတယ်​။   ဒါ့အပြင် မြေယာအငြင်းပွားမှု၊ မိသားစုအမွေကိစ္စတွေမှာလည်း ဝင်ရောက်စွတ်ဖက်မှုတွေ ရှိနေတဲ့အတွက် အခုလို ရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်တယ်လို့ ဦးမင်းဇော်က ​ပြောပါတယ်​။   “ကျမတို့ မိသားစုပြသနာ၊ အမွေပြသနာကိစ္စတွေ ပါဝင်နေပါတယ်။ အုပ်​ချုပ်​​ရေးမှူးကိုယ်​တိုင်​ ဥပဒေမဲ့ ကျမလယ်​ထဲကို လာပြီးလယ်​ထွန်​တယ်​။ အဲဒီလုပ်ရပ်တွေကို…

Read More

စစ်ကိုင်းမှာ ကျောင်းသားသမဂ္ဂတွေ ဆန္ဒပြ

စစ်ကိုင်း၊ သြဂုတ် ၅-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့မှာ   ဒီနေ့ မနက်ပိုင်းက ကျောင်းသား သမဂ္ဂတွေစုပေါင်းပြီး စစ်ကိုင်း အသင်္ခယာ အဝိုင်းပတ်ကနေ မြို့မဈေးအထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ပါတယ်။   ဆယ်ဗင်းဇူလိုင်  လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့  ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြတာဖြစ်ပြီး  မတရားဖမ်းဆီးခံထားရတဲ့  ကျောင်းသားတွေ ချက်ချင်းလွှတ်၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာလှုပ်ရှားခွင့်ရရှိရေး ၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရရှိရေး စာသားပါ  ဆိုင်းဘုတ်များကိုင်ဆောင်ပြီး  ကြွေးကြော်သံများနဲ့ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြတာပါ။   ဆဲဗင်းဇူလိုင်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး  ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ ကျောင်းသားတွေကို  ပြန်လွှတ်ပေးခြင်းမရှိဘူးဆိုရင်  တစ်နိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂတွေစုပေါင်းပြီး လှုပ်ရှားမှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။   အဲဒီ ဆန္ဒပြပွဲမှာ  စစ်ကိုင်းပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေး ကောလိပ်၊ မန္တလေးပညာရေးကောလိပ်၊ ဖားအံပညာရေးတက္ကသိုလ် ၊ လားရှိုး ပညာရေးကောလိပ်၊ မုံရွာပညာရေးကောလိပ်တို့က ကျောင်းသားသမဂ္ဂတွေ…

Read More

တပ်မတော်နဲ့ တပ်မတော်သားခွဲခြားသိပြီး ဝေဖန်ဖို့လို

နေပြည်တော်၊ သြဂုတ် ၅ – ၂၀၁၉ ကိုထွန်း(VOM)   တပ်မတော်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေရှိနေတဲ့အပေါ်မှာ တပ်မတော်နဲ့ တပ်မတော်သားတွေဆိုပြီး ခွဲခြားသိမြင်ဖို့ လိုအပ်ကြောင်း တပ်မတော်ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်ခဲ့တဲ့ သူရဦးရွှေမန်းက ပြောဆိုပါတယ်။   “ဒီနေ့ နိုင်ငံတော်အတွင်းမှာ တပ်မတော်နဲ့ ပတ်သက်ပြီးအမျိုးအမျိုး ဝေဖန်ပြောဆိုနေကြတာ ရှိပါတယ်။ စိတ်လည်းမကောင်းပါဘူး။ တပ်မတော်သား၊ တပ်မတော်ဆိုပြီး ခွဲပြီးသိဖို့တော့ လိုပါတယ်။”လို့ မနေ့ သြဂုတ် ၄ ရက် ညနေပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာနဲ့ တွေ့ဆုံပွဲမှာ သူရဦးရွှေမန်းက ပြောဆိုခဲ့တာပါ။   တပ်မတော်သားတွေဖြစ်တဲ့ စစ်သားတွေဟာ မိဘဆွေမျိုးတွေနဲ့ ခွဲခွာပြီး အသက်ခန္ဓာကို ပေးလှူနေကြရတာ ဖြစ်တဲ့အတွက် လွန်စွာ သနားစရာကောင်းသလို အမိန့်ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။   တပ်မတော်နဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုမယ်ဆိုရင် တပ်မတော်အပေါ်နားလည်ဖို့လိုပြီး တပ်မတော်ကို…

Read More
VOM News

FREE
VIEW