အုပ်ချုပ်ရေးမှူး တစ်ဦးက မလျော်သြဇာသုံးပြီး ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်တယ်လို့ ဒေသခံအချို့စွပ်စွဲ

တိုက်ကြီး၊ သြဂုတ် ၅ – ၂၀၁၉

မိုးယံ(VOM)

 

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ပန်နီပင်ကျေးရွာအုပ်စုမှာ အုပ်စုအုပ်ချုပ်ရေးမှူးက မလျော်သြဇာသုံးပြီး ဥပဒေမဲ့လုပ်ရပ်တွေလုပ်နေတယ်ဆိုပြီး ဒေသခံအချို့က ဒီနေ့ သြဂုတ် ၅ ရက် မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

 

“အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး လူငါးဦးက ကျမကြက်ခြံကို မီးရှိ့တယ်​။ ဒါကို တိုင်ထားတယ်​၊ ဘာမှအရေးယူ ဆောင်ရွက်တာတွေ မရှိဘူး။ တိုင်တာလည်း သုံးခါရှိပြီ၊ ခုလည်းထပ်တိုင်ထားတယ်။”လို့ ပန်နီပင်ကျေးရွာအုပ်စု လှည်းလမ်းကူးကျေးရွာနေ ဒေါ်ခင်အေးက ပြောပါတယ်​။

 

ဒါ့အပြင် မြေယာအငြင်းပွားမှု၊ မိသားစုအမွေကိစ္စတွေမှာလည်း ဝင်ရောက်စွတ်ဖက်မှုတွေ ရှိနေတဲ့အတွက် အခုလို ရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်တယ်လို့ ဦးမင်းဇော်က ​ပြောပါတယ်​။

 

“ကျမတို့ မိသားစုပြသနာ၊ အမွေပြသနာကိစ္စတွေ ပါဝင်နေပါတယ်။ အုပ်​ချုပ်​​ရေးမှူးကိုယ်​တိုင်​ ဥပဒေမဲ့ ကျမလယ်​ထဲကို လာပြီးလယ်​ထွန်​တယ်​။ အဲဒီလုပ်ရပ်တွေကို မကျေနပ်ပါဘူး။”လို့ ပန်နီပင်ကျေးရွာအုပ်စုနေ မသက်သက်ခိုင်က ပြောပါတယ်။

 

အခုလို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးလုံး အနေနဲ့ မလျော်သြဇာသုံးပြီး  ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေအပေါ် ဦးဖိုးလုံးက “ကျနော် ဘာမှမသိဘူး။ သူတို့ သတင်းစာရှင်းလင်းပွဲ လုပ်တယ်၊ ကျနော့်ကို ဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်တဲ့အတွက် တရားစွဲမှာပါ။ ကျနော့်ကို မဟုတ်တာတွေ ပြောတာပါ။ ကြက်ခြံ ကိစ္စတွေကိုလည်း ကျနော်မသိပါဘူး။” လို့ တုန့်ပြန်ပါတယ်။

 

#voiceofmyanmar #တိုက်ကြီး #

 

Related posts

Leave a Comment

VOM News

FREE
VIEW