ရန်ကုန်မှာ နှစ်နှစ်ဆယ်ကျော်နေလာတဲ့ ကျူးတွေကို ဖျက်သိမ်း

ရန်​ကုန်၊ သြဂုတ်​ ၄ – ၂၀၁၉

မိုးယံ(VOM)

 

ရန်​ကုန်​တိုင်း သင်္ကန်းကျွန်းမြို့နယ်​ ဇဝနရပ်​ကွက်​ မင်္ဂလာရိပ်​သာလမ်းမှာ နှစ်​​ပေါင်းနှစ်​ဆယ်​​ခန့် တစ်​ဆက်​တည်းနေလာတဲ့ ကျူးကျော်အိမ်​​ထောင်​စု နှစ်​ဆယ်​​ကျော်​​ကို ဒီနေ့ သြဂုတ် ၄ ရက် မနက်ပိုင်းမှာ သက်ဆိုင်ရာက ဖယ်ရှားဖျက်သိမ်းခဲ့ပါတယ်။

 

“ကျနော့အိမ်ထဲ ခြံစည်းရိုး ဖျက်ပြီးအတင်းဝင်ဖျက်နေတယ်၊ ဝရမ်းမပါဘူး။ ရဲကဝင်မဖျက်ဘူး၊ အိုးအိမ်ဌာနက ခေါ်လာတဲ့သူတွေက ခြံနဲ့ဝင်းနဲ့ သန်းခေါင်စာရင်းနဲ့နေတာကို ဥပဒေမဲ့ အတင်းဝင်ဖျက်တာ။” လို့ ဖျက်သိမ်းခံရတဲ့ အိမ်ထောင်စုက ဦးကျော်လွင်က ပြောပါတယ်။

 

ရန်ကုန်တိုင်း မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကနေ အဲဒီ မြေ ၃၃.၅ ဧကကျော်မှာ ကျူးကျော်နေထိုင်နေတဲ့ အိမ်ထောင်စုတွေကို အိုးအိမ်တည်ဆောက်ရေး စီမံကိန်းပြုလုပ်ဖို့ ဖယ်ရှားမှာဖြစ်ပြီး ရဲတပ်ဖွဲ့အပါအဝင် အင်အား နှစ်ရာကျော်ရှိတယ်လို့ သိရပါတယ်။

 

မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်ကတော့ “ဝန်ထမ်းအိမ်ယာ တည်ဆောက်ဖို့စီမံကိန်းအတွက် ဒီနေရာကိုဖယ်ရှားတာပါ။ ကျနော်တို့ဘက်က သူတို့ကိုဖယ်ရှားဖို့ နို့တစ်သတိပေးစာ အကြိမ်ကြိမ် ပို့ပြီးပါပြီ။ မဖယ်ပေးတဲ့အတွက် အခုလို အင်အားသုံးဖယ်ရှားခြင်းဖြစ်ပါတယ်။” လို့ ပြောပါတယ်။

 

ဒါနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးယူထားတဲ့ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း PVA တာဝန်ခံ ဦးစိန်သန်းက “အခုလက်ရှိအိမ်ထောင်စုနှစ်ဆယ်နေတဲ့ မြေကပလပ်မြေကို သိမ်းယူဖို့လုပ်နေတာပါ။ ကျနော်တို့က ထိုက်တန်တဲ့ ပြောင်းရွှေ့စရိတ်၊ နစ်နာမှုတို့ပေးဖို့ အေးဆေးစွာထွက်ပေးမယ်လို့ ပြောထားတာကို အခုလို အင်အားသုံး ဖျက်စီးတာပါ။ စီမံကိန်းအကြောင်းပြပြီး ပိုင်ဆိုင်မှုမရှိတဲ့မြေတွေကို သိမ်းဖို့လုပ်နေတဲ့အတွက် ကျနော်တို့က ပြည်သူဘက်က တတ်နိုင်သလောက် ကာကွယ်ပေးသွားမှာပါ။” လို့ ပြောပါတယ်။

 

 

#voiceofmyanmar #ရန်ကုန် #ကျူးဖျက်သိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW