ဟောင်ကောင် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ဖြိုခွဲ

ဟောင်ကောင်၊သြဂုတ်-၄-၂၀၁၉ မျိုးဆက် (VOM)     ဟောင်ကောင်မှာ သီတင်းကိုးပတ်ထိအောင် ဆက်လက်ဆန္ဒပြနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဟောင်ကောင်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းနေပါတယ်။   ဆန္ဒပြအဖွဲ့တွေဟာ ချီတက်ပွဲမစတင်မီ မောင်းကွတ်ခရိုင်အတွင်း စုဝေးခဲ့ကြပါတယ်။ သူတို့ဟာ သြဂုတ် ၅ ရက်မှာ ဟောင်ကောင်မြို့တော်တစ်ဝိုက် ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုထားကြပါတယ်။   ဒီလိုဆူပူအုံကြွမှုတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရနဲ့ စစ်တပ်ကပြင်းပြင်းထန်ထန် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ အငြင်းပွါးဖွယ် ပြစ်မှုကျူးလွန်ရာ တရားခံလွှဲပြောင်းရေးဥပဒေမူကြမ်းကြောင့် နှစ်လကြာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။   ဆန္ဒပြသူတွေနဲ့ ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့တို့ကတော့ သူတို့ရဲ့ ရပ်တည်ချက်သဘောထားတွေကို အလျော့ပေးမယ့် လက္ခဏာမျိုး မရှိပါဘူး။ တရုတ်ပြည်မကြီးသို့ တရားခံတွေကို လွှဲပြောင်းခွင့်ရရှိစေမယ့် ဥပဒေမူကြမ်းကို အစိုးရက လက်ရှိမှာ ဆိုင်းငံ့ထားပေမယ့်လည်း ဆန္ဒပြသူတွေကတော့ အဲဒီဥပဒေမူကြမ်းကို အပြည့်အဝရုတ်သိမ်းစေလိုကြပါတယ်။  …

Read More

တက္ကဆက်ပြည်နယ်က အစုအလိုက်အပြုံလိုက်ပစ်ခတ်မှု လူ ၂၀ ဦးသေဆုံး

နယူးယောက်၊သြဂုတ်-၄-၂၀၁၉ မျိုးဆက် (VOM)     အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ အယ်ပါဆိုမြို့မှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၂၀ခန့်သေဆုံးပြီး အခြားသူ ၂၆ဦးလည်း ထိခိုက်ဒဏ်ရာများရရှိသွားပါတယ်။     ဒီပစ်ခတ်မှုဟာ တက္ကဆက်ပြည်နယ်သမိုင်းမှာ သေဆုံးထိခိုက်မှုအများဆုံး နေ့တွေထဲက တစ်နေ့ဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အဘတ်က ပြောပါတယ်။ လူအစုလိုက်အပြုံလိုက်သေဆုံးရတဲ့ ပစ်ခတ်မှုဟာ အမေရိကန်-မက္ကဆီကိုနယ်စပ်က မိုင်အနည်းငယ်အကွာမှာရှိတဲ့ စီလိုဗီစတာဈေးဝယ်စင်တာအနီး ဝေါမတ်စတိုးဆိုင်မှာ ဖြစ်ပွားခဲ့တာပါ။     ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အသက်၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားပါတယ်။ သံသယရှိသူဟာ အယ်ပါဆိုမြို့အရှေ့ဖက် မိုင် ၆၅၀ အကွာရှိ အယ်လန်မြို့က ဒေါလက်စ်ဒေသခံတစ်ဦး ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူရဲ့အမည်က ပတ်ထရစ်ခရုစစ် ဖြစ်တယ်လို့ အမေရိကနသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။     စီစီတီဗွီကင်မရာတွေမှာ သေနတ်သမားလို့ ယူဆရသူရဲ့…

Read More

အစိုးရပိုင် မြေဧက လေးထောင်ကျော်ထုတ်ရောင်းပြီး မြေယာလျော်ကြေးပေးမယ်

ရန်ကုန်၊ သြဂုတ် ၄ – ၂၀၁၉ သိဂီ င်္(VOM)   ရန်ကုန်တိုင်းအတွင်းက သိမ်းဆည်းထားတဲ့ မြေယာတွေအတွက် လျော်ကြေးပေးနိုင်ဖို့ အစိုးရပိုင်မြေဧက လေးထောင်ကျော်ကို ထုတ်ပြီးရောင်းချသွားမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က သိရပါတယ်။   “ဒီလ သြဂုတ်မှာစရောင်းမှာ ဖြစ်တယ်။ ဘီလျံ ၁၆၀ ကျော်အောင် ဝယ်ယူမယ့်သူ ရှိလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ဘာကြောင့်ဆို ဝယ်ချင်တယ်ဆိုပြီး စာရင်ပို့တဲ့ ပမာဏက များပါတယ်။  ရောင်းချတဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ သတင်းစာတွေမှာ ကြေငြာပြီးရောင်းပေးမှာ ဖြစ်တယ်။” လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။   မနေ့ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့တဲ့  ရန်ကုန်တိုင်းအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ မြေယာလျော်ကြေးပေးရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။   ရန်ကုန်တိုင်းအတွင်းမှာ လျော်ကြေးပေးရမယ့်မြေယာပေါင်း ၂၄၀၀၂့၇၉၁ ဧကအထိ ရှိနေပြီး လျော်ကြေးပမာဏဟာ ဘီလျံ…

Read More

အစိုးရ အလိုမရှိစာသားပါ စာရွက်တွေ မန္တလေးမြို့က နေရာအတော်များများမှာ လိုက်လံကပ်

မန္တလေး၊ ဩဂုတ် ၄-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့ပေါ်က ဓာတ်တိုင်အချို့နဲ့ နံရံအချို့တို့မှာ မနေ့ ဩဂုတ်လ ၃ ရက် ညပိုင်းက အစိုးရအလိုမရှိကြောင်း စာရွက်တွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဘက်စုံဖိနှိပ်ချုပ်ချယ်မှု လွတ်မြောက်ရေး ပြည်သူ့တပ်ပေါင်းစုအဖွဲ့က  လိုက်လံကပ်ထားတာတွေ ဖြစ်ပွားခဲ့ပါတယ်။   ” နိုင်ငံရေးဆိုတာတော့ ဒီလိုပါပဲ။ လက်ရှိအစိုးရကို အတိုက်အခိုက်လုပ်နေတဲ့ အဖွဲ့အစည်းဆိုတာ ရှိမှာပဲ။ ဘယ်သူလုပ်တယ်ဆိုတာတော့ မြင်ရတာမဟုတ်တဲ့အတွက် မပြောနိုင်ဘူးပေါ့လေ။ လက်ရှိအစိုးရရဲ့ လုပ်ငန်းစဉ်တွေကိုလည်း မျက်မြင်ကိုယ်တွေ့မြင်နေရတာပဲ။ မျက်မြင်နဲ့ ကပ်ထားတဲ့စာတွေထဲပါတာကို သုံးသပ်လိုက်ရင်တော့ ကျနော်ထင်ပါတယ် ပြည်သူတွေကလည်း မအတော့ဘူးဆိုတော့ နားလည်မယ် ထင်ပါတယ်။” လို့ ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး ပြောပါတယ်။   ချမ်းမြသာစည်မြို့နယ်အတွင်း မနော်ဟရီလမ်း ၅၈ လမ်းနဲ့ ၅၉ လမ်းကြား ဓာတ်တိုင်အချို့နဲ့ မြရည်နန္ဒာအိမ်ယာဘက်နဲ့ စုစုပေါင်းသုံးနေရာလောက်မှာ စပြီးကပ်ထားတာတွေ ဖြစ်ပွားခဲ့တာပါ။…

Read More

ရန်ကုန်မှာ နှစ်နှစ်ဆယ်ကျော်နေလာတဲ့ ကျူးတွေကို ဖျက်သိမ်း

ရန်​ကုန်၊ သြဂုတ်​ ၄ – ၂၀၁၉ မိုးယံ(VOM)   ရန်​ကုန်​တိုင်း သင်္ကန်းကျွန်းမြို့နယ်​ ဇဝနရပ်​ကွက်​ မင်္ဂလာရိပ်​သာလမ်းမှာ နှစ်​​ပေါင်းနှစ်​ဆယ်​​ခန့် တစ်​ဆက်​တည်းနေလာတဲ့ ကျူးကျော်အိမ်​​ထောင်​စု နှစ်​ဆယ်​​ကျော်​​ကို ဒီနေ့ သြဂုတ် ၄ ရက် မနက်ပိုင်းမှာ သက်ဆိုင်ရာက ဖယ်ရှားဖျက်သိမ်းခဲ့ပါတယ်။   “ကျနော့အိမ်ထဲ ခြံစည်းရိုး ဖျက်ပြီးအတင်းဝင်ဖျက်နေတယ်၊ ဝရမ်းမပါဘူး။ ရဲကဝင်မဖျက်ဘူး၊ အိုးအိမ်ဌာနက ခေါ်လာတဲ့သူတွေက ခြံနဲ့ဝင်းနဲ့ သန်းခေါင်စာရင်းနဲ့နေတာကို ဥပဒေမဲ့ အတင်းဝင်ဖျက်တာ။” လို့ ဖျက်သိမ်းခံရတဲ့ အိမ်ထောင်စုက ဦးကျော်လွင်က ပြောပါတယ်။   ရန်ကုန်တိုင်း မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကနေ အဲဒီ မြေ ၃၃.၅ ဧကကျော်မှာ ကျူးကျော်နေထိုင်နေတဲ့ အိမ်ထောင်စုတွေကို အိုးအိမ်တည်ဆောက်ရေး စီမံကိန်းပြုလုပ်ဖို့ ဖယ်ရှားမှာဖြစ်ပြီး ရဲတပ်ဖွဲ့အပါအဝင် အင်အား နှစ်ရာကျော်ရှိတယ်လို့ သိရပါတယ်။   မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်ကတော့…

Read More
VOM News

FREE
VIEW