ကျုံဒါးစခန်းမှူး ကိုယ့်ကိုယ်ကို ပစ်သတ်သေ

ပုသိမ်၊ စက်တင်ဘာ ၃၊ ၂၀၁၉ ။

ကိုအောင် (VOM)

 

 

ဧရာဝတီတိုင်း ဒေးဒရဲမြို့က တည်းခိုခန်းမှာ ကျုံဒါးနယ်မြေစခန်းမှူး ရဲအုပ်စောလှဌေးဟာ သူရဲ့ဇနီးဖြစ်သူကို သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ခဲ့ပြီးနောက် သူ့ကိုယ်သူ ပစ်သတ်ကာ အဆုံးစီရင်သွားတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

 

 

“ဒေးဒရဲမြို့ကို အမူကိစ္စတစ်ခုအတွက် လာကြတာ။ လင်မယားစကားများကြတာထင်တယ် သူကိုင်တဲ့ခြောက်လုံးပူးသေနတ်နဲ့ ခုလိုပစ်ခတ်မှုတွေဖြစ်ကုန်တာ အမျိုးသမီးက မသေပဲဆေးရုံမှာ။

သတိမရသေးတော့ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးဘူး”လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

 

ဒေးဒရဲမြို့ ဗိုလ်ချုပ်လမ်း မှာရှိတဲ့ ဒေးဒရဲအအေးခန်းဧည့်ရိပ်သာ၊ အခန်းA1မှာ တည်းခိုနေတဲ့ရဲအုပ်

စောလှဌေးဟာ ဇနီးဖြစ်သူ မချောဥမ္မာနဲ့ စကားများရန်ဖြစ်ရာက ခြောက်လုံးပြူးသေနတ်နဲ့ ဇနီးဖြစ်သူကို နှစ်ချက်ပစ်ခတ်ခဲ့ပြီးတဲ့နောက် သူ့ပါးစပ်ထဲ သေနတ်ပြောင်းထည့် ပစ်ခတ်ပြီး အဆုံးစီရင်ခဲ့တယ်လို့ ရဲမှတ်တမ်းတွေမှာ ဖော်ပြထားတယ်လို့ သူက ဆိုပါတယ်။

 

ဇနီးဖြစ်သူ မချောဥမ္မာဟာ သေနတ်ထိမှန်မူကြောင့် ညာဘက်ပေါင်မှာ ဒဏ်ရာပြင်းထန်စွာရပီး ဒေးဒရဲမြို့နယ်ဆေးရုံမှာ တက်ရောက်ကုသနေတယ်လို့ သိရပါတယ်။  သေဆုံးသွားတဲ့ ရဲအုပ်စောလှဌေးကိုတော့ ဒေးဒရဲမြို့မစခန်းကနေ သေမှုသေခင်း ၁၂/၂၀၁၉နဲ့ အမူဖွင့်စစ်ဆေးနေတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုပါတယ်။

 

ဓာတ်ပုံ – U Day

Related posts

Leave a Comment

VOM News

FREE
VIEW