တောင်ကိုရီးယား သမ္မတခရီးစဉ်အတွင်း MOU ၅ ခု လက်မှတ်ထိုး

နေပြည်တော်၊ စက်တင်ဘာ ၃၊ ၂၀၁၉ ကိုထွန်း (VOM)   မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်နေတဲ့ တောင်ကိုရီးယားသမ္မတနိုင်ငံ သမ္မတ H.E.Mr.Moon Jae In နဲ့အဖွဲ့ရဲ့ ခရီးစဉ်အတွင်း ကိုးရီးယား-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်မယ့် နားလည်မှု စာချွန်လွှာ ၅ ခုကို သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။   တောင်ကိုရီးယားသမ္မတ နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရှေ့မှောက်မှာ လုပ်တဲ့သဘောတူလက်မှတ်ရေးထိုးပွဲမှာ   ၂၀၁၈မှ၂၀၂၀အထိစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ချေးငွေဆိုင်ရာ သဘောတူညီချက်၊ ကုန်သွယ်ရေးနှင့် စက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ၊ မြန်မာနိုင်ငံ၌ ကိုးရီးယားနိုင်ငံတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ သင်္ဘောလိုင်း သင်္ဘောကျင်း အဆင့်မြှင့်တင်ရေး ထောက်ပံ့ပို့ဆောင်ရေးနှင့် ဆိပ်ကမ်းတည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေးနယ်မြေများတွင် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ ထွန်းသစ်စလုပ်ငန်းများနှင့်…

Read More

သဘာဝဘေးသင့် ပျက်စီးသီးနှံစာရင်း တောင်သူများသိဖို့ ကြေညာရမည်

မုံရွာ။ စက်တင်ဘာ ၃၊ ၂၀၁၉ မိုင်ချယ်ရီ (VOM)     စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ စိုက်ပျိုးရေးဦးစီးဌာနတွေက တာဝန်ရှိသူတွေဟာ မိမိတို့ မြို့နယ် အတွင်းမှာ သဘာဝဘေးကြောင့် သီးနှံပျက်စီးမှုတွေ ပေါ်ပေါက်လာမယ်ဆိုရင် အမှန်တကယ် ပျက်စီးဆုံးရှုံးမှုစာရင်းကို တောင်သူတွေသိအောင် ထုတ်ပြန်ပေးရမယ်လို့ စိုက်ပျိုးရေးဦးစီးဌာန စစ်ကိုင်းတိုင်း တိုင်းဦးစီးမှူးရုံးကနေ ဒီကနေ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။   သဘာဝဘေးဒဏ်ကြောင့် သီးနှံတွေ ပျက်စီးတဲ့အခါ၊ အမှန်တကယ် ဆိုးဆိုးရွားရွားထိခိုက်ပြီး စိုက်ပျိုးဆောင်ရွက်ရန် မဖြစ်နိုင်တော့တဲ့ အခြေအနေ၊ အကျိုးအမြတ် မရနိုင်တော့ဘဲ အရင်းအနှီးများ ပျက်စီးမယ့် အခြေအနေ အထိ ဖြစ်ပေါ်ပြီဆိုရင် ပျက်စီးဧက စာရင်းကို သဘာဝဘေးဒဏ်ခံရတဲ့ ကျေးရွာ/ရပ်ကွက်တွေက အုပ်ချုပ်ရေးမှူးရုံးမှာ စာကပ်ကြေညာတာ၊ အသံချဲ့စက်နဲ့ အသိပေးတာတွေ လုပ်ဖို့ ထုတ်ပြန်တာဖြစ်ပါတယ်။   “စစ်ကိုင်းတိုင်း အတွင်းမှာ အရင်နှစ်တွေက ရေကြီးနစ်မြုပ်တာတွေ ရှိတယ်။ နောက်…

Read More

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဖုန်းဆက်သွယ်ရေးလိုင်းတွေဖြတ်ဖို့ ဘင်္ဂလားဒေ့ရှ် အမိန့်ထုတ်

ကော့ဘဇား၊ စက်တင်ဘာ-၃-၂၀၁၉ မျိုးဆက် (VOM)     ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေးတွေဖြတ်တောက်ဖို့ စက်တင်ဘာ ၂ ရက်မှာ အမိန့်ထုတ်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။     ဒုက္ခသည်စခန်းတွေမှာ မကြာသေးမီသတင်းပတ်တွေက အကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက် ဒီတားမြစ်ချက်ထွက်လာတာဖြစ်ပါတယ်။ ဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့ရေး နောက်ထပ်အားထုတ်မှုတစ်ခုကို သြဂုတ်လနှောင်းပိုင်းမှာပြုလုပ်ခဲ့ပေမယ့် ရိုဟင်ဂျာတစ်ဦးတစ်ယောက်ကမှ ပြန်လိုခြင်းမရှိဘဲ အစီအစဉ်ပျက်ပြားသွားပြီးနောက်မှာ ဒီလိုမိုဘိုင်းဖုန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ခဲ့တာပါ။     စခန်းတွေမှာ ဖုန်းဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်မှုလုပ်ဆောင်ပြီးသွားပြီဆိုတာကို ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ ခုနှစ်ရက်အတွင်း အစီရင်ခံရမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးစည်းမျဉ်းကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဇာကီယာဟူစိန်ခန်းကပြောပါတယ်။     ဒုက္ခသည်စခန်းထဲက ဒုက္ခသည်အများစုက မိုဘိုင်းဖုန်းတွေအသုံးပြုနေကြတာကြောင့် ဒါကိုရပ်တန့်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို တိုက်တွန်းခဲ့တာဖြစ်ကြောင်းနဲ့ လုံခြုံရေးအရ ဒီလိုဆုံးဖြတ်လိုက်တာလို့ သူကပြောပါတယ်။     ဒီအမိန့်နဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေအံအားသင့်ခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့…

Read More

အီးယူက မြန်မာနိုင်ငံကို ဒေါ်လာကိုးသန်းကျော် ထောက်ပံ့ပေးမယ်

ဘရပ်ဆဲလ်၊ စက်တင်ဘာ-၃-၂၀၁၉ မျိုးဆက် (VOM)     ပဋိပက္ခတွေကြောင့် ထိခိုက်နေတဲ့ မိသားစုတွေအတွက် လိုအပ်တာတွေကို ထောက်ပံ့ပေးနိုင်ဖို့ မြန်မာနိုင်ငံကို ဒေါ်လာ ၉ ဒသမ ၈သန်း တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးမယ်လို့ ဥရောပသမဂ္ဂက စက်တင်ဘာ ၂ ရက်မှာကြေညာလိုက်ပါတယ်။     မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရသူတွေအရေးကို မိမိတို့အနေနဲ့ မေ့မထားကြောင်း၊ အရပ်သားတွေကို ဆက်လက်အကာအကွယ်ပေးရေးဟာ ဥရောပသမဂ္ဂရဲ့ထိပ်တန်းဦးစားပေးဖြစ်တယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနဲ့ အရပ်သားကာကွယ်ရေး ကော်မရှင်နာမင်းကြီး ခရစ်စတိုစတိုင်လီယာနီဒက်က ပြောပါတယ်။     အီးယူကပေးမယ့် အကူအညီတွေဟာ အထူးသဖြင့် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှ အခြေခံအခွင့်အရေးတွေဆုံးရှုံးနေပြီး အကူအညီမဲ့နေသူတွေကို ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ သူကပြောပါတယ်။     ဒါ့အပြင် ပဋိပက္ခတွေမှာပါဝင်နေတဲ့ အဖွဲ့အစည်းတိုင်းဟာ…

Read More

ကျုံဒါးစခန်းမှူး ကိုယ့်ကိုယ်ကို ပစ်သတ်သေ

ပုသိမ်၊ စက်တင်ဘာ ၃၊ ၂၀၁၉ ။ ကိုအောင် (VOM)     ဧရာဝတီတိုင်း ဒေးဒရဲမြို့က တည်းခိုခန်းမှာ ကျုံဒါးနယ်မြေစခန်းမှူး ရဲအုပ်စောလှဌေးဟာ သူရဲ့ဇနီးဖြစ်သူကို သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ခဲ့ပြီးနောက် သူ့ကိုယ်သူ ပစ်သတ်ကာ အဆုံးစီရင်သွားတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။     “ဒေးဒရဲမြို့ကို အမူကိစ္စတစ်ခုအတွက် လာကြတာ။ လင်မယားစကားများကြတာထင်တယ် သူကိုင်တဲ့ခြောက်လုံးပူးသေနတ်နဲ့ ခုလိုပစ်ခတ်မှုတွေဖြစ်ကုန်တာ အမျိုးသမီးက မသေပဲဆေးရုံမှာ။ သတိမရသေးတော့ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးဘူး”လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။   ဒေးဒရဲမြို့ ဗိုလ်ချုပ်လမ်း မှာရှိတဲ့ ဒေးဒရဲအအေးခန်းဧည့်ရိပ်သာ၊ အခန်းA1မှာ တည်းခိုနေတဲ့ရဲအုပ် စောလှဌေးဟာ ဇနီးဖြစ်သူ မချောဥမ္မာနဲ့ စကားများရန်ဖြစ်ရာက ခြောက်လုံးပြူးသေနတ်နဲ့ ဇနီးဖြစ်သူကို နှစ်ချက်ပစ်ခတ်ခဲ့ပြီးတဲ့နောက် သူ့ပါးစပ်ထဲ သေနတ်ပြောင်းထည့် ပစ်ခတ်ပြီး အဆုံးစီရင်ခဲ့တယ်လို့ ရဲမှတ်တမ်းတွေမှာ ဖော်ပြထားတယ်လို့…

Read More

ကျောက်တော်မြို့နယ်အတွင်း ပစ်ခတ်မှု အရပ်သား ၇ ဦးဒဏ်ရာရ

  ကျောက်တော်၊စက်တင်ဘာ ၃-၂၀၁၉ ခိုင်လင်းစံ (VOM)     ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိ ဘုရားကုန်းတော်အနီးရှိ သရက်တစ်ပင်ကျေးရွာနားမှာ စက်တင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ သရက်တစ်ပင်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၄ ရွာက အရပ်သား ၇ ဦး၊ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။   အဲ့ဒီပစ်ခတ်မှုကြောင့် သရက်တစ်ပင်ကျေးရွာက ၂ ဦး၊ ရဘက်ကျေးရွာက ၂ ဦး၊ ရွှေတလှည်းကျေးရွာက ၂ ဦးနဲ့ ကျောက်တစ်လုံးကျေးရွာက ၁ ဦးတို့ ဒဏ်ရာ ရခဲ့ကြပြီး၊ သူတို့ကို ကျောက်တော်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရွှေဂရုဏာ လူမှုကူညီရေးအသင်းက ပြောပါတယ်။   “မနေ့က နေ့လည် ၂ နာရီလောက်မှာ စ ဖြစ်ပါတယ်။ ရွာနားမှာ မိုင်းပေါက်ကွဲပြီးတဲ့နောက် ပစ်ခတ်ခဲ့တာလို့သိရ ပါတယ်။ ပစ်လိုက်တဲ့ကျည်တွေနဲ့ လက်နက်ကြီးကျည်တွေ…

Read More

ဇီးကုန်းမြို့နယ်​ ​ရေကြီး​ရေလျှံမှု၊ ​ကျောင်း ၁၇ ကျောင်း ယာယီပိတ်

ဇီးကုန်း၊ စက်​တင်​ဘာ ၃၊ ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း​၊ သာယာဝတီ ခရိုင်​၊ ဇီးကုန်းမြို့နယ်​မှာ ရေကြီးရေလျှံမှုတွေကြောင့် စာသင်ကျောင်း ၁၇ ကျောင်းကို ယာယီပိတ်လိုက်ရတယ်လို့ မြို့နယ်​အ​ထွေအ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာနက ပြောပါတယ်။     ရေဝင်​နစ်​မြုပ်​မှုများ​ကြောင့်​ ဇီးကုန်းမြို့ပေါ်နဲ့ အနီးဝန်းကျင်က ကျေးရွာတွေမှာ ရှိတဲ့ မူလတန်းကျောင်း ၁၄​ကျောင်း၊ အ.လ.က(ခွဲ)​ကျောင်း ၃​ကျောင်း စုစု​ပေါင်း ၁၇​ကျောင်းကို ရေပြန်ကျတဲ့အချိန်အထိ ယာယီပိတ်​ထားရတာ ဖြစ်ပါတယ်။     “​ကျောင်း​တွေထဲမှာ ရေ​တွေဝင်​​နေတော့  က​လေး​တွေ အန္တရာယ်​ ရှိနိုင်​တာရယ်​၊ လတ်​တ​လော စာသင်​လို့ အဆင်​မ​ပြေနိုင်​တာရယ်​​ကြောင့်​ ပိတ်​လိုက်​တာပါ။ ​ရေကျတာနဲ့ ပြန်​ဖွင့်​မှာပါ ​ကျောင်းဖွင့်ပြီးရင်​လည်း အစားထိုးရက်​​တွေနဲ့ ပြန်​သင်​​ပေးမှာပါ” လို့ မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်ရေးမှူး​ ဦးဝင်းမြင့်​က VOM ကို ပြောပါတယ်။     ဒီရက်ပိုင်း…

Read More
VOM News

FREE
VIEW