ဇီးကုန်းမြို့နယ်​ ​ရေကြီး​ရေလျှံမှု၊ ​ကျောင်း ၁၇ ကျောင်း ယာယီပိတ်

ဇီးကုန်း၊ စက်​တင်​ဘာ ၃၊ ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း​၊ သာယာဝတီ ခရိုင်​၊ ဇီးကုန်းမြို့နယ်​မှာ ရေကြီးရေလျှံမှုတွေကြောင့် စာသင်ကျောင်း ၁၇ ကျောင်းကို ယာယီပိတ်လိုက်ရတယ်လို့ မြို့နယ်​အ​ထွေအ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာနက ပြောပါတယ်။

 

 

ရေဝင်​နစ်​မြုပ်​မှုများ​ကြောင့်​ ဇီးကုန်းမြို့ပေါ်နဲ့ အနီးဝန်းကျင်က ကျေးရွာတွေမှာ ရှိတဲ့ မူလတန်းကျောင်း ၁၄​ကျောင်း၊ အ.လ.က(ခွဲ)​ကျောင်း ၃​ကျောင်း စုစု​ပေါင်း ၁၇​ကျောင်းကို ရေပြန်ကျတဲ့အချိန်အထိ ယာယီပိတ်​ထားရတာ ဖြစ်ပါတယ်။

 

 

“​ကျောင်း​တွေထဲမှာ ရေ​တွေဝင်​​နေတော့  က​လေး​တွေ အန္တရာယ်​ ရှိနိုင်​တာရယ်​၊ လတ်​တ​လော စာသင်​လို့ အဆင်​မ​ပြေနိုင်​တာရယ်​​ကြောင့်​ ပိတ်​လိုက်​တာပါ။ ​ရေကျတာနဲ့ ပြန်​ဖွင့်​မှာပါ ​ကျောင်းဖွင့်ပြီးရင်​လည်း အစားထိုးရက်​​တွေနဲ့ ပြန်​သင်​​ပေးမှာပါ” လို့ မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်ရေးမှူး​ ဦးဝင်းမြင့်​က VOM ကို ပြောပါတယ်။

 

 

ဒီရက်ပိုင်း မိုးများခဲ့တာကြောင့် ဇီးကုန်းမြို့နယ် ထဲက မင်းဘူးချောင်း၊ ဘော်ဘင်ချောင်းတို့ ရေလျှံပြီး  မြို့​ပေါ် ရပ်​ကွက်​အချို့နဲ့ ကျေးရွာအချို့က လူနေအိမ်တွေ ရေဝင်ခဲ့သလို လယ်မြေဧက တထောင်ကျော် ရေမြုပ်ခဲ့တယ်သလို ဇီးကုန်း-နတ္တလင်း ရထားလမ်းကိုလည်း စက်တင်ဘာ ၂ ရက်နေ့ ည အထိ ယာယီပိတ်​ခဲ့ရတယ်​လို့ ဆိုပါတယ်​။

 

ဇီးကုန်းမြို့နယ်ဝန်းကျင် ရေကြီးမှုကြောင့် အိမ်ထောင်စု နှစ်ထောင်ကျော် ရေဘေးသင့်ပြီး၊ လယ်မြေဧက တထောင်ကျော် ရေနစ်မြုပ်ခဲ့ပါတယ်။ (ဓာတ်ပုံ – မိုးယံ / VOM)

ရေဝင်နစ်မြုပ်တဲ့ အရပ်တွေက အိမ်ထောင်စု နှစ်ထောင်ကျော် ရေဘေးသင့်နေတာကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးစခန်းတွေကို ဇီးကုန်းမြို့နယ်ခန်းမနဲ့ ဝက်ကော် ဘုန်းကြီးကျောင်းတို့မှာ ဖွင့်လှစ်ထားတာမှာ၊ ဝက်ကော်ကျောင်းတိုက်မှာတော့ ဝက်ကော်ရွာသစ်၊ ဝက်ကော်တာလမ်းရွာ၊ အနောက်ရှမ်းစုရွာတို့က ရေဘေးသင့်သူ ၁၀၀ ကျော် ခိုလှုံနေကြပါတယ်။

 

 

`ရွာထဲမှာလည်း တစ်​ချို့​နေကြတယ်​ ဘုန်းဘုန်း ​ကျောင်းမှာ​တော့ လုဦး​ရေ တစ်​ရာ​ကျော်​ ခိုလှုံ​နေကြတယ်​ လိုအပ်​တာက​တော့ အစားအ​သောက်​ ​တွေ​ပေါ့။ ဒီမနက်​က ဇီးကုန်းမြို့ နယ်​ပြည်​​ထောင်​စု ကြံ့ခိုင်​ဖွံ့ဖြိုး​ရေးပါတီက ထမင်းထုပ်၊ ရေသန့်ဘူး လာလှူသွားတယ်” လို့ ​ကျောင်းထိုင်​ဆရာ​တော်​ ဦးသီလဝံသ က မိန့်ပါတယ်။

 

 

မြို့နယ်​ခန်းမက ယာယီကယ်​ဆယ်​​ရေးစခန်းကို ပဲခူးတိုင်း​ဒေသကြီး အစိုးရအဖွဲ့ ကရင်​တိုင်းရင်းသား ​ရေးရာဝန်​ကြီး​ ဒေါ်​နော်​ဘွယ်​​ဆေး မှ ​ရေ​ဘေးသင့်​ပြည်​သူများအတွက်​ ထောက်​ပံ့​ငွေ သိန်း တစ်​ရာ့တစ်​ဆယ်​ကျပ်​ ပေးအပ်​ခဲ့တယ်​လို့လည်း မြို့နယ်​အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာနက ပြောပါတယ်။

 

“တောင်​ညိုဆည်​ ​ရေပိုလွှဲက​ရေ​တွေက အ​ရှေ့ဘက်​ကိုသွားတာ။ ဇီးကုန်းမြို့ ကျ​တော့ ဆည်​ရဲ့အပြင်​ဘက်​ ​ကျပါတယ်​။ ​ရေကြီးတာက​ မင်းဘူး​ချောင်း၊ ​မှော်​ရ​ချောင်း၊ ​ဘော်​ဘင်​​ချောင်းတို့က​ ရေ​တွေက မိုး​ရေချိန်​များပြီး ရေ​ထောက်​ပြီး ​ရေကြီး​ရေလျှံမှု​တွေဖြစ်​တာပါ။ သြဂုတ်​ ၃၁ရက်​​နေ့ တစ်​ရက်​တည်းမှာကို မိုး​ရေချိန်​က ၉.၁လက္မ ရှိတယ်​။ ပြည်​သူ​တွေ ကိုလည်း ကျ​နော်​တို့ဌာနကအချိန်​နဲ့တ​ပြေးညီ ​ဆည်​အ​ကြောင်း​တွေကို ဖုန်းနဲ့​သော်လည်းကောင်း၊ face book လူမှုစာမျက်​နှာ​တွေက တဆင့်​​သော်လည်းကောင်း ထုတ်​ပြန်​​ပေး​နေပါတယ်​” ​​လို့ ဆည်​​မြောင်းဦးစီးဌာန ဦးစီးမှူး ဦးသက်​နိုင်​က ​ပြောပါတယ်​။

 

ဓာတ်ပုံ – မိုးယံ (VOM)

Related posts

Leave a Comment

VOM News

FREE
VIEW