စစ်ကိုင်းမြို့မှာ မွေးကင်းစ ကလေးငယ်တစ်ဦး စွန့်ပစ်မှုဖြစ်

စစ်ကိုင်း စက်တင်ဘာ ၂၄၊၂၀၁၉

မောင်တာရာ (VOM)

 

 

စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက် အနောက်ပိုင်း၊ မအူပင်သွားလမ်း Ak အုတ်ဖိုလမ်းဘေခြုံထဲမှာ  မွေးကင်းစကလေးငယ်တစ်ဦးကို ဒီနေ့မနက်မှာ လာရောက်စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။

 

”မနက်က ၉ နာရီလောက်က Sk အုတ်ကျင်း  တာဝန်ခံက ဒီမှာ ကလေးလေးတစ်ယောက် လာရောက် စွန့်ပစ်သွားလို့ဆိုပြီး ဖုန်းလှမ်းအကြောင်းကြားတယ်၊ ကျနော်တို့သွားတော့ အဲနားကလူတွေက ကလေးလေးကို ရေချိုးသန့်စင်ပေးနေတယ်၊ ဆားတောင်က မိဘမဲ့ ဂေဟာကို လှမ်းဆက်သွယ်ပြီး၊ ပို့ဆောင်ပေးခဲ့ပါတယ်”လို့ အိုးဘိုကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီးမှ ကိုသံမဏိ ကပြောပါတယ်။

 

စွန့်ပစ်ခံရတဲ့ ကလေးဟာ သမီးမိန်းကလေးဖြစ်ပြီး သူ့ကို အိုးဘိုကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီးမှ ဆားတောင်မြို့၊ ညောင်ငုတ်တိုရပ်ရှိ  ဆရာမ ရှင်ချမ်း တည်ထောင်ထားတဲ့ သစ္စာရွှေဂူမေတ္တာရိပ် ကလေးသူငယ် ကယ်ဆယ်စောင့်ရှောက်ရေးနဲ့ ပညာသင်ကြားပေးရေးကျောင်းကို ပို့ဆောင်ထားရှိပေးခဲ့တာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW