China Today မျက်နှာဖုံး ကိစ္စ ပြည်ထောင်စုအဆင့် တင်ပြထား

မန္တ​လေး၊ စက်တင်ဘာ ၂၄၊ ၂၀၁၉ ဖြူဖြူ (VOM)     မန္တ​လေးနန်းမြို့ရိုးနဲ့ကျုံးရေပြင်မှာ တရုတ်​နန်းမြို့ရိုးပုံ ရောင်ပြန်​ထင်ဟပ်နေတဲ့ ရုပ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြခဲ့တဲ့ China Today မဂ္ဂဇင်း ကိစ္စနဲ့ပတ်​သက်​ပြီး အ​ရေးယူ​ဆောင်​ရွက်​​ပေးဖို့ သာသနာ​ရေးနဲ့ ယဉ်​​ကျေးမှုဝန်​ကြီးဌာနကို တင်​ပြထားတယ်​လို့ မန္တလေးတိုင်းဝန်ကြီးချုပ်က ပြောပါတယ်။   မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ထုတ်ဝေတဲ့  China Today မဂ္ဂဇင်းရဲ့ မျက်နှာဖုံးပုံဟာ  Facebook လူမှုကွန်​ရက်​ စာမျက်​နှာက​နေတစ်​ဆင့်​ လူသိများလာပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။   “သူတို့နိုင်​ငံမှာလည်း ဒီလိုနန်း​တော်​မျိုးရှိပါတယ်​ ဆိုတဲ့ဟာကို ပြချင်​လို့ထုတ်​တာပါလို့​ပြောတယ်​။ ဒါ​ပေမယ့်​ ပြည်​သူ​တွေရဲ့တုန့်​ပြန်​ချက်​ကကျ တမျိုးမြင်​တယ်​။ အဲ​ဒီတော့ ပြည်​​ထောင်​စုကိုတင်​လိုက်​ပါပြီ။  ကျ​နော်​ရဲ့လုပ်​ပိုင်​ခွင့်​က​တော့ သာသနာ​ရေးဝန်​ကြီးဌာနကို တင်​ပြထားတယ်​” လို့ မန္တ​လေးတိုင်း ၀န်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​က ဒီနေ့ကျင်းပတဲ့ လွှတ်တော်စည်းဝေးအပြီးမှာ သတင်းထောက်တွေကို ​ပြောပါတယ်​။  …

Read More

အန်အယ်လ်ဒီဟာ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်ဖြစ်နေတယ်လို့ တစညပါတီ ဝေဖန်

ရန်ကုန် စက်တင်ဘာ ၂၄ သိဂီ င်္(VOM)   NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာမျှော်လင့်သလို ဖြစ်မလာတဲ့အပြင် တောင်စမ်းစမ်း မြောက်စမ်းစမ်းနဲ့ ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင် ဖြစ်နေတယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ  ဦးဟန်ရွှေက ဝေဖန်ပြောဆိုလိုက်ပါတယ်။   အန်အယ်လ်ဒီအနေနဲ့ နိုင်ငံရေးအတွေ့အကြုံတွေ အများကြီး ရှိခဲ့တာကြောင့် အစိုးရတရပ် ဖြစ်လာချိန်မှာ နိုင်ငံအရေးတွေကို အင်တိုက်အားတိုက် လုပ်သွားနိုင်မယ်လို့ မျှော်လင့်ထားခဲ့တာတွေဟာ ဖြစ်မလာဘူးလို့ ဒီနေ့ကျင်းပတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၃၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ အခုလို ဝေဖန်ခဲ့တာပါ။   “ပြည်သူတွေက ပုံပြီး ယုံပြီးမဲပေးကြတယ်။ NLD က တပ်မတော်အစိုးရလက်ထက်လည်းမှီတယ်။  ဦးသိန်းစိန်အစိုးရလက်ထက်လည်းမှီတယ်။  လွှတ်တော်လည်း ဝင်ရောက်ခဲ့တယ်။၂၀၁၅ မှာအစိုးရဖြစ်တယ်။ ဘာပဲပြောပြော သူကအတွေ့ကြုံရှိနေပြီ။ ဒီတော့ NLD အစိုးရဖြစ်တာနဲ့ ဒိုင်း ဒိုင်း ဒိုင်း…

Read More

စစ်ကိုင်းမြို့မှာ မွေးကင်းစ ကလေးငယ်တစ်ဦး စွန့်ပစ်မှုဖြစ်

စစ်ကိုင်း စက်တင်ဘာ ၂၄၊၂၀၁၉ မောင်တာရာ (VOM)     စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက် အနောက်ပိုင်း၊ မအူပင်သွားလမ်း Ak အုတ်ဖိုလမ်းဘေခြုံထဲမှာ  မွေးကင်းစကလေးငယ်တစ်ဦးကို ဒီနေ့မနက်မှာ လာရောက်စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။   ”မနက်က ၉ နာရီလောက်က Sk အုတ်ကျင်း  တာဝန်ခံက ဒီမှာ ကလေးလေးတစ်ယောက် လာရောက် စွန့်ပစ်သွားလို့ဆိုပြီး ဖုန်းလှမ်းအကြောင်းကြားတယ်၊ ကျနော်တို့သွားတော့ အဲနားကလူတွေက ကလေးလေးကို ရေချိုးသန့်စင်ပေးနေတယ်၊ ဆားတောင်က မိဘမဲ့ ဂေဟာကို လှမ်းဆက်သွယ်ပြီး၊ ပို့ဆောင်ပေးခဲ့ပါတယ်”လို့ အိုးဘိုကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီးမှ ကိုသံမဏိ ကပြောပါတယ်။   စွန့်ပစ်ခံရတဲ့ ကလေးဟာ သမီးမိန်းကလေးဖြစ်ပြီး သူ့ကို အိုးဘိုကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီးမှ ဆားတောင်မြို့၊ ညောင်ငုတ်တိုရပ်ရှိ  ဆရာမ ရှင်ချမ်း တည်ထောင်ထားတဲ့ သစ္စာရွှေဂူမေတ္တာရိပ် ကလေးသူငယ် ကယ်ဆယ်စောင့်ရှောက်ရေးနဲ့ ပညာသင်ကြားပေးရေးကျောင်းကို ပို့ဆောင်ထားရှိပေးခဲ့တာဖြစ်ပါတယ်။

Read More

အင်ဒိုနီးရှား ပါပူအာဒေသမှာ ဆန္ဒပြသူတွေအကြမ်းဖက်လို့ လူ ၂၁ ဦးထက်မနည်းသေဆုံး

ဂျကာတာ၊ စက်တင်ဘာ-၂၄-၂၀၁၉ မျိုးဆက် (VOM)   အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူအာဒေသမှာ ရာပေါင်းများစွာသော ဆန္ဒပြသူတွေ ဟာ မြို့အတွင်းရှိ အဆောက်အဦတွေကို မီးရှို့ခဲ့တာကြောင့် လူ၂၁ ထက်မနည်း သေဆုံးပြီး ၆၅ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။     စက်တင်ဘာ၂၃ရက်မှာ အထက်တန်းကျောင်းသားအများစုပါဝင်တဲ့ ဆန္ဒပြသူတွေဟာ  ဝါမီနာ မြို့တွင်းရှိ အစိုးရအဆောက်အအုံတစ်ခုနဲ့  အခြားသော အဆောက်အဦးတွေကို မီးရှို့ခဲ့ကြပါတယ်။ သေဆုံးသူတွေထဲက ၁၆ဦးဟာ မီးလောင်နေတဲ့ အဆောက်အဦးတွေအတွင်း ပိတ်မိသေဆုံးခဲ့ကြတာပါ။   မနေ့ကဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ဆရာတစ်ယောက်ရဲ့ လူမျိုးရေးခွဲခြားပြောဆိုမှုကြောင့် ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ပါပူအာဒေသမှာ သီတင်းပတ်ချီကြာအောင် ဆူပူအုံ့ကြွမှုတွေဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေအသုံးပြုကာ လူစုခွဲခဲ့ရပါတယ်။   စက်တင်ဘာ၂၃ရက်ကဖြစ်ပေါ်တဲ့ အကြမ်းဖက်ဆူပူကြောင့် သေဆုံးသူအရေအတွက်ဟာ မြင့်တက်လာနိုင်ပြီး  မီးလောင်သွားတဲ့  အဆောက်အဦးတွေထဲမှာ  ပိတ်မိနေသူအများစုဟာ အရပ်သားတွေဖြစ်တယ်လို့  စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။…

Read More
VOM News

FREE
VIEW