အင်ဒိုနီးရှား ပါပူအာဒေသမှာ ဆန္ဒပြသူတွေအကြမ်းဖက်လို့ လူ ၂၁ ဦးထက်မနည်းသေဆုံး

ဂျကာတာ၊ စက်တင်ဘာ-၂၄-၂၀၁၉

မျိုးဆက် (VOM)

 

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူအာဒေသမှာ ရာပေါင်းများစွာသော ဆန္ဒပြသူတွေ ဟာ မြို့အတွင်းရှိ အဆောက်အဦတွေကို မီးရှို့ခဲ့တာကြောင့် လူ၂၁ ထက်မနည်း သေဆုံးပြီး ၆၅ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

 

စက်တင်ဘာ၂၃ရက်မှာ အထက်တန်းကျောင်းသားအများစုပါဝင်တဲ့ ဆန္ဒပြသူတွေဟာ  ဝါမီနာ မြို့တွင်းရှိ အစိုးရအဆောက်အအုံတစ်ခုနဲ့  အခြားသော အဆောက်အဦးတွေကို မီးရှို့ခဲ့ကြပါတယ်။ သေဆုံးသူတွေထဲက ၁၆ဦးဟာ မီးလောင်နေတဲ့ အဆောက်အဦးတွေအတွင်း ပိတ်မိသေဆုံးခဲ့ကြတာပါ။

 

မနေ့ကဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ဆရာတစ်ယောက်ရဲ့ လူမျိုးရေးခွဲခြားပြောဆိုမှုကြောင့် ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ပါပူအာဒေသမှာ သီတင်းပတ်ချီကြာအောင် ဆူပူအုံ့ကြွမှုတွေဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေအသုံးပြုကာ လူစုခွဲခဲ့ရပါတယ်။

 

စက်တင်ဘာ၂၃ရက်ကဖြစ်ပေါ်တဲ့ အကြမ်းဖက်ဆူပူကြောင့် သေဆုံးသူအရေအတွက်ဟာ မြင့်တက်လာနိုင်ပြီး  မီးလောင်သွားတဲ့  အဆောက်အဦးတွေထဲမှာ  ပိတ်မိနေသူအများစုဟာ အရပ်သားတွေဖြစ်တယ်လို့  စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

 

ပါပူအာဒေသကို ပါပူအာနဲ့ အနောက်ပါပူအာဆိုပြီး ပြည်နယ်နှစ်ခုခွဲခြားထားကာ အငြင်းပွားဖွယ် ဆန္ဒခံယူပွဲတစ်ခုပြုလုပ်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာခဲ့ပါတယ်။

 

Ref : BBC

Photo :Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW