သရေခေတ္တရာပျူမြို့ဟောင်းထဲက ပြိုကျသွားတဲ့အရှေ့ဘက်နန်းမြို့ရိုးကို ရှေးလက်ရာမပျက်ပြန်လည်ပြုပြင်နေ

ပြည် ၊ အောက်တိုဘာလ ၃-၂၀၁၉
လမင်း (VOM)

ပြည်မြို့အရှေ့ဘက် ၅ မိုင်ခန့်မှာရှိတဲ့ သရေခေတ္တရာပျူမြို့ဟောင်းထဲက အရှေ့ဘက်နန်းမြို့ရိုးဟာ ဇူလိုင်လ ၂၉ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ကားကြီးတွေဖြတ်သန်းသွားလာမှုကြောင့် ပြိုကျမှုဖြစ်ပွားခဲ့ကာ ပြိုကျပျက်စီးသွားတဲ့ နန်းမြို့ရိုးကို စက်တင်ဘာ ၉ ရက်နေ့ကစပြီး ရှေးလက်ရာမပျက် အကြီးစားပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။

” ယူနက်စကိုက သတ်မှတ်ထားတဲ့ဟာရယ် သုတေသနလုပ်ထားတဲ့ အုတ်နီမှုန့်ရယ်၊ ပဲရယ်၊ ထုံးရယ်ကို အချိုးကျထည့်ပြီးတော့ ဥသျှစ်ရည်၊ တင်လဲရည၊် သျှားစီးတို့ကိုအချိုးကျထည့်ပြီးတော့မှ မဆလာဖျော်ရတယ် မဆလာဖျော်တော့ ရှေးခေတ်သရုပ်ပုံစံလိုပေါ့ ရှေးခေတ်ကလည်း အဲ့ဒီသရုပ်ကိုသုံးခဲ့တယ်ဆိုတာကို စမ်းသပ်ခဲ့ကြတယ်ပေါ့နော် အဲ့ဒါကြောင့်မလို့ရှေးမူမပျက်ပြန်ပြုပြင်ခဲ့တာပါ ” လို့ ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစုမှ အင်ဂျင်နီယာဒေါ်သိန်းသိန်းစိုးကပြောပါတယ်။

အခုလိုပြိုကျသွားခဲ့တဲ့နန်းမြို့ရိုးနေရာဟာ လွန်ခဲ့တဲ့နှစ်သုံးဆယ်တုန်းက ပြိုကျမှုဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပြုပြင်တဲ့အုတ်တွေက ရှေးဟောင်းအုတ်တွေမဟုတ်ဘဲ ခေတ်အုပ်တွေနဲ့ ပြန်လည်ပြုပြင်ခဲ့တာတွေကြောင့် အခုလိုထပ်မံပြိုကျခဲ့တာဖြစ်ပြီး ယခုပြန်လည်ပြုပြင်ရာတွင် ယခင်ပျူခေတ်က ပြုလုပ်လာခဲ့တဲ့ အုတ်ဖုတ်နည်းတွေကို အသုံးပြုပြီး အဲဒီခေတ်အချိန်ကအသုံးပြုခဲ့တဲ့ အုတ်အရွယ်အစားတိုင်းပြုလုပ်ကာ ပြန်လည်ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

“ခေတ်အုပ်‌တွေကအသုံးမပြုတော့ဘူး ဒါပေမယ့်အရင်တုန်းကအုတ်ဆိုဒ်အတိုင်း ပြိုကျတဲ့အထဲမှာတွေ့ရတဲ့ ၁၈ ၊ ၉ ၊ ၃ တွေ့ရတယ် ၁၄၇ ၊ ၂ ခွဲတွေတွေ့ရတယ် ပေါ့နော် အဲ့အုတ်တွေကိုပြန်ပြီးတော့ အုတ်ဖုတ်ပြီးတော့ ပြန်ပြီးအစားသွင်းမှာပါ ဘာလို့လဲဆိုတော့အရင် ဘိလပ်မြေအင်္ဂတေနဲ့ တွဲစပ်ထားတဲ့အခါကျတော့ သူကရှေးခေတ်အုပ်တွေကဘိလပ်မြေအဂ်တေနဲ့ခိုင်ခံ့မှု့မရှိဘူးမတွဲစပ်နိုင်ဘူး ဒါကြောင့်ပြိုကျတာပါ ဒါကြောင့်အဲ့ဒီခေတ်ကသုံးခဲ့တဲ့အုတ်အရွယ်အစားတိုင်းနဲ့ နည်းတွေအတိုင်းအသုံးပြုမှာပါ” လို့ ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစုမှ အင်ဂျင်နီယာဒေါ်သိန်းသိန်းစိုးကပြောပါတယ် ။

စက်တင်ဘာ ၉ ရက်နေ့ကစပြီး ၃ လအတွင်းပြန်လည်ပြင်ဆင်တည်ဆောက်ပါမှာဖြစ်သလို အခုအချိန်မှာတော့ မိုးမကြာခဏရွာတာ‌ကြောင့် မြေမကြာခဏပြိုကျနေတဲ့အခက်ခဲရှိနေပြီး ပြီးခဲ့တဲ့လပိုင်းတွေကလည်း ပြည်မြို့မှာမိုးမကြာခဏရွာတာကြောင့် သရေခေတ္တရာပျူမြို့ဟောင်းမှာ ဘုရားတဆူပတ်ကြားအက်ကာ ဖောင်းပွတာတွေဖြစ်ပေါ်ခဲ့သလို အခုပြန်လည်ပြုပြင်နေတဲ့ အရှေ့ဘက်နန်းမြို့ရိုးပြိုကျမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

သရေခေတ္တရာပျုမြို့ဟောင်းဧရိယာသည် ဧက ၁၂ဝ၀ အကျယ်ရှိပြီး လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က ကာတာနိုင်ငံ၊ဒိုဟာမြို့မှာပြုလုပ်တဲ့ ၃၈ ကြိမ်မြောကမ္ဘာ့အမွေအနှစ်အစည်းအဝေးတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့တဲ့မြို့ဟောင်းတခုဖြစ်ပါတယ်။

#voiceofmyanmar#ပြည်မြို့#သရေခေတ္တရာပျူမြို့ဟောင်း#ပြိုကျသွားတဲ့အရှေ့ဘက်နန်းမြို့ရိုးကိုရှေးလက်ရာမပျက်ပြန်လည်ပြုပြင်နေ#

Zawgyi Code


လမင်း (VOM)








Related posts

Leave a Comment

VOM News

FREE
VIEW