ထိုင္း-ျမန္မာနယ္စပ္မွာ ဘတ္သန္း ၅၀၀ တန္ဖိုးရိွမူးယစ္ေဆးေတြ ဖမ္းမိ

ဘန္ေကာက္၊ ေအာက္တိုဘာ-၁၉
မ်ိဳးဆက္(VOM)

 

ထိုင္-ျမန္မာနယ္စပ္အနီးတြင္ မက္သာဖက္တမင္း မူးယစ္ေဆး၀ါး ၁၅၀၀ ကီလိုဂရမ္သယ္ေဆာင္လာတဲ႔ ေနာက္တြဲယာဥ္တစ္စီးကို ထိုင္းအာဏာပိုင္ေတြက ၾကားျဖတ္ဖမ္းဆီးခဲ႔ပါတယ္။

 

မူးယစ္ေဆးေတြသယ္ေဆာင္လာတဲ႔ ၁၈ ဘီးကားကို တာ႔ခ္-မဲေဆာက္ ကားလမ္းမွာရိွတဲ႔ စစ္ေဆးေရးဂိတ္တစ္ခုမွာ ေအာက္တိုဘာ၁၈ ရက္က ရပ္တန္႔ေစျပီး ရွာေဖြမႈေတြ လုပ္ခဲ႔တာျဖစ္ပါတယ္။ ကနဦးရွာေဖြရာမွာေတာ႔ ေမာ္ေတာ္ယာဥ္ေပၚမွာ ဘာမွမေတြ႔ခဲ႔ပါဘူး။

 

ဒါေပမယ္႔ အာဏာပိုင္ေတြက ဆက္လက္စစ္ေဆးရာမွာေတာ႔ ေမာ္ေတာ္ယာဥ္ရဲ႕ၾကမ္းခင္းမွာ လ်ိဳ႕၀ွက္အေပါက္ေတြ ဖန္တီးျပီး နိုင္ငံျခားဘာသာစကားနဲ႔ေရးထားတဲ႔ မူးယစ္ေဆး၀ါးအိတ္ေတြကို ေတြ႔ရိွခဲ႔တာျဖစ္ပါတယ္။

 

အဲဒီမူးယစ္ေဆး၀ါးေတြရဲ႕ ခန္႔မွန္းတန္ဖိုးဟာ ဘတ္သန္းေပါင္း ၅၀၀ ရိွတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ မူးယစ္ေဆး၀ါးေတြကို ဖို႔ဖရာခရိုင္ကေန နာ႔ခြန္ပါသြန္က ေဖာက္သည္တစ္ဦးဆီကိုပို႕ဖို႔အတြက္ ငွားရမ္းခံရတဲ႔ ကားသမားနွစ္ဦးကို ရဲတပ္ဖြဲ႔က သံသယရိွေနပါတယ္။

 

ဒါေပမယ္႔ ဒီေနာက္တြဲယာဥ္ထဲမွာ မူးယစ္ေဆး၀ါးေတြ ပါရိွတာကို မသိဘူးလို႔ ကားသမားနွစ္ဦးစလံုးက အခိုင္အမာေျပာပါတယ္။ ထိုင္းနိုင္ငံနဲ႔ ျမန္မာနိုင္ငံတို႔အၾကား ပူးေပါင္းေဆာင္ရြက္မႈ သေဘာတူညီခ်က္အရ မူးယစ္ေဆး၀ါးေတြကို အျပင္းအထန္နွိမ္နွင္းမႈကို ေရွာင္လႊဲဖို႔အတြက္ မူးယစ္ေဆး၀ါး ေမွာင္ခိုဂိုဏ္းေတြဟာ နယ္စပ္မွာရိွတဲ႔ လမ္းေၾကာင္းသစ္ေတြကို အသံုးျပဳေနတယ္လို႔ စံုစမ္းစစ္ေဆးသူေတြက ယံုၾကည္ေနၾကပါတယ္။

 

Ref : Bangkok Post
Photo : Aswin Pakkawan

Unicode

ထိုင်း-မြန်မာနယ်စပ်မှာ ဘတ်သန်း ၅၀၀ တန်ဖိုးရှိမူးယစ်ဆေးတွေ ဖမ်းမိ

ဘန်ကောက်၊ အောက်တိုဘာ-၁၉
မျိုးဆက်(VOM)

ထိုင်-မြန်မာနယ်စပ်အနီးတွင် မက်သာဖက်တမင်း မူးယစ်ဆေးဝါး ၁၅၀၀ ကီလိုဂရမ်သယ်ဆောင်လာတဲ့ နောက်တွဲယာဉ်တစ်စီးကို ထိုင်းအာဏာပိုင်တွေက ကြားဖြတ်ဖမ်းဆီးခဲ့ပါတယ်။

မူးယစ်ဆေးတွေသယ်ဆောင်လာတဲ့ ၁၈ ဘီးကားကို တာ့ခ်-မဲဆောက် ကားလမ်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ အောက်တိုဘာ၁၈ ရက်က ရပ်တန့်စေပြီး ရှာဖွေမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ကနဦးရှာဖွေရာမှာတော့ မော်တော်ယာဉ်ပေါ်မှာ ဘာမှမတွေ့ခဲ့ပါဘူး။

ဒါပေမယ့် အာဏာပိုင်တွေက ဆက်လက်စစ်ဆေးရာမှာတော့ မော်တော်ယာဉ်ရဲ့ကြမ်းခင်းမှာ လျို့ဝှက်အပေါက်တွေ ဖန်တီးပြီး နိုင်ငံခြားဘာသာစကားနဲ့ရေးထားတဲ့ မူးယစ်ဆေးဝါးအိတ်တွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေရဲ့ ခန့်မှန်းတန်ဖိုးဟာ ဘတ်သန်းပေါင်း ၅၀၀ ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မူးယစ်ဆေးဝါးတွေကို ဖို့ဖရာခရိုင်ကနေ နာ့ခွန်ပါသွန်က ဖောက်သည်တစ်ဦးဆီကိုပို့ဖို့အတွက် ငှားရမ်းခံရတဲ့ ကားသမားနှစ်ဦးကို ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။

ဒါပေမယ့် ဒီနောက်တွဲယာဉ်ထဲမှာ မူးယစ်ဆေးဝါးတွေ ပါရှိတာကို မသိဘူးလို့ ကားသမားနှစ်ဦးစလုံးက အခိုင်အမာပြောပါတယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ မူးယစ်ဆေးဝါးတွေကို အပြင်းအထန်နှိမ်နှင်းမှုကို ရှောင်လွှဲဖို့အတွက် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေဟာ နယ်စပ်မှာရှိတဲ့ လမ်းကြောင်းသစ်တွေကို အသုံးပြုနေတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်နေကြပါတယ်။

Ref : Bangkok Post
Photo : Aswin Pakkawan

Related posts

Leave a Comment

VOM News

FREE
VIEW