ဗစ္တိုုးရီးယားအမွုုမွာ ေက်ာင္းတာဝန္ခံက သူ႕သားႏွစ္ဦး စိတ္ဒဏ္ရာခံစားေနရတဲ့အတြက္ သက္ေသစာရင္းမွပယ္ဖ်က္ေပးရန္ တရား႐ုံးသို႔အသနားခံစာတင္

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၂၁-၂၀၁၉
ကိုထြန္း(VOM)

ဗစ္တိုးရီးယားအမွဳမွာပါဝင္တဲ့ သားႏွစ္ေယာက္ကို သက္ေသစာရင္းကေန ပယ္ဖ်က္ေပးဖို႔ ေဒၚဥမၼာလႈိင္က ဒီကေန႔တရားခြင္မွာ အသနားခံစာတင္ျပခဲ့တယ္လို႔ တရားခြင္ကိုဝင္ေရာက္နားေထာင္ခဲ့တဲ့ VOMသတင္းေထာက္ ကိုထြန္းကေျပာပါတယ္။

အမႈႏွင့္ပတ္သက္ၿပီး ပုဗၺသီရိၿမိဳ႕နယ္တရား႐ုံးမွာ ေဒၚဥမၼာလႈိင္ကို စတင္စစ္ေဆးခဲ့ရာ ေဒၚဥမၼာလႈိင္က လက္ရွိအေျခအေနမွာ မိမိ၏သားႏွစ္ဦး ေက်ာင္းတက္ရန္အတြက္ေခၚရာတြင္ ခက္ခဲျခင္း၊ လူစည္ကားရာေနရာမ်ား၊ ေစ်းမ်ားသို႔မသြားရဲ၊မလာရဲျခင္းစတဲ့ စိတ္ဒဏ္ရာေတြကို ခံစားေနရတဲ့အတြက္ သက္ေသအျဖစ္က ပယ္ဖ်က္ေပးဖို႔ တရား႐ုံးမွာ ေလွ်ာက္ထားခဲ့တာျဖစ္ပါတယ္။

ေဒၚဥမၼာလႈိင္က ဩဂုတ္လ၁၄ရက္ ဗစ္တိုးရီးယားအမႈ နဲ႔ ပတ္သက္ၿပီး တရားခြင္စစ္ေဆးအၿပီးမွာ သံသယတရားခံေအာင္ႀကီးရဲ႕ေရွ႕ေန ေဒၚစုဒါလီေအာင္ကို သတင္းေထာက္မ်ားကို အင္တာဗ်ဴးေျဖၾကားစဥ္ ေျပာၾကားခ်က္မ်ားသည္ အ႐ြယ္မေရာက္မေသးသည့္ သားႏွစ္ဦး၏ဂုဏ္သိကၡာကို ထိခိုက္ေနတဲ့အတြက္ ေဒၚဥမၼာလႈိင္က တရားလုိျပဳလုပ္ျပီး ေရွ႕ေနေဒၚစုဒါလီေအာင္ကို ပုဗၺသိရိၿမိဳ႕နယ္၊ပတၱာရဲစခန္းမွာ ကေလးသူငယ္အခြင့္အေရးဆိုင္ရာဥပေဒပုဒ္မ(၁၀၁)ျဖင့္အမႈဖြင့္ထားခဲ့ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #ဗစ္တိုးရီးယား

Unicode

ဒေါ်ဥမ္မာလှိုင်က မိမိ၏သားနှစ်ဦး စိတ်ဒဏ်ရာခံစားနေရတဲ့အတွက် သက်သေစာရင်းမှပယ်ဖျက်ပေးရန် တရားရုံးသို့အသနားခံစာတင်

နေပြည်တော်၊ အောက်တိုဘာ ၂၁-၂၀၁၉
ကိုထွန်း(VOM)

ဗစ်တိုးရီးယားအမှုမှာပါဝင်တဲ့ သားနှစ်ယောက်ကို သက်သေစာရင်းကနေ ပယ်ဖျက်ပေးဖို့ ဒေါ်ဥမ္မာလှိုင်က ဒီကနေ့တရားခွင်မှာ အသနားခံစာတင်ပြခဲ့တယ်လို့ တရားခွင်ကိုဝင်ရောက်နားထောင်ခဲ့တဲ့ VOMသတင်းထောက် ကိုထွန်းကပြောပါတယ်။

အမှုနှင့်ပတ်သက်ပြီး ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒေါ်ဥမ္မာလှိုင်ကို စတင်စစ်ဆေးခဲ့ရာ ဒေါ်ဥမ္မာလှိုင်က လက်ရှိအခြေအနေမှာ မိမိ၏သားနှစ်ဦး ကျောင်းတက်ရန်အတွက်ခေါ်ရာတွင် ခက်ခဲခြင်း၊ လူစည်ကားရာနေရာများ၊ ဈေးများသို့မသွားရဲ၊မလာရဲခြင်းစတဲ့ စိတ်ဒဏ်ရာတွေကို ခံစားနေရတဲ့အတွက် သက်သေအဖြစ်က ပယ်ဖျက်ပေးဖို့ တရားရုံးမှာ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ဒေါ်ဥမ္မာလှိုင်က ဩဂုတ်လ၁၄ရက် ဗစ်တိုးရီးယားအမှု နဲ့ ပတ်သက်ပြီး တရားခွင်စစ်ဆေးအပြီးမှာ သံသယတရားခံအောင်ကြီးရဲ့ရှေ့နေ ဒေါ်စုဒါလီအောင်ကို သတင်းထောက်များကို အင်တာဗျူးဖြေကြားစဉ် ပြောကြားချက်များသည် အရွယ်မရောက်မသေးသည့် သားနှစ်ဦး၏ဂုဏ်သိက္ခာကို ထိခိုက်နေတဲ့အတွက် ဒေါ်ဥမ္မာလှိုင်က တရားလိုပြုလုပ်ပြီး ရှေ့နေဒေါ်စုဒါလီအောင်ကို ပုဗ္ဗသိရိမြို့နယ်၊ပတ္တာရဲစခန်းမှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပုဒ်မ(၁၀၁)ဖြင့်အမှုဖွင့်ထားခဲ့ပါတယ်။

#voiceofmyanmar #နေပြည်တော် #ဗစ်တိုးရီးယား

Related posts

Leave a Comment

VOM News

FREE
VIEW