မဲဆႏၵရွင္ေတြကို လက္ေဆာင္ေပးခဲ႔မိတဲ႔ ဂ်ပန္ကုန္သြယ္ေရးဝန္ၾကီး ရာထူးမွနႈတ္ထြက္

တိုက်ိဳ၊ ေအာက္တိုဘာ ၂၅-၂၀၁၉
မ်ိဳးဆက္(VOM)

ဂ်ပန္နုိင္ငံရဲ႕ ေရြးေကာက္ပြဲဥပေဒကို ခ်ိဳးေဖာက္တယ္လို႔ စြပ္စြဲခံရျပီးေနာက္ ဂ်ပန္ကုန္သြယ္ေရး၀န္ၾကီးသစ္ဟာ ရာထူးကေန နႈတ္ထြက္လိုက္ပါတယ္။

ကုန္သြယ္ေရး၀န္ၾကီး အစ္ရွဴဆူဂါဝါရာဟာ သူ႔ရဲ႕ တိုက်ိဳကမဲဆႏၵရွင္ေတြကို ေစ်းၾကီးတဲ႔ ဖရဲသီး၊ လိေမၼာ္သီး၊ ရိုင္ရယ္ဂ်ယ္လီနဲ႔ လက္ေဆာင္ေတြေပးခဲ႔တာေၾကာင္႔လို႔ သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။ သူ႔ကိုေထာက္ခံတဲ႔ မိသားစုတစ္စုကုိလည္း ေထာက္ပ႔ံေငြ ဂ်ပန္ယန္း၂၀၀၀၀ ကိုေပးအပ္ခဲ႔တယ္လို႔ ဆိုပါတယ္။

ဂ်ပန္ေရြးေကာက္ပြဲဥပေဒအရ နိုင္ငံေရးသမားေတြဟာ သူတို႔ရဲ႕ မဲဆႏၵနယ္မွ မဲဆႏၵရွင္ေတြကို အလွဴေငြေပးအပ္တာမ်ိဳးေတြကို တားျမစ္ပိတ္ပင္ထားပါတယ္။

ကြယ္လြန္သြားတဲ႔ မဲဆႏၵရွင္တစ္ဦးရဲ႕ မိသားစုကို မစၥတာဆူဂါ၀ါရာရဲ႕ အတြင္းေရးမွဴးက ယန္း ၂၀၀၀၀ ေထာက္ပံ႕ေပးအပ္ခဲ႔ေၾကာင္း အပတ္စဥ္ထုတ္မဂၢဇင္းတစ္ခုျဖစ္တဲ႔ ရွဴခန္ဘန္ရွန္မွာ ပထမဆံုးေဖာ္ျပခဲ႔ပါတယ္။

ဒါ႔အျပင္ မဲဆႏၵရွင္ေတြကို လိေမၼာ္သီးအပါအဝင္အျခားပစၥည္းေတြကိုလည္း ေပးခဲ႔ျပီး လက္ခံရရိွသူေတြဆီကေန ေက်းဇူးတင္ေၾကာင္း ျပန္လည္ေပးပို႔တဲ႔ စာေတြအပါအ၀င္ ဝန္ၾကီးရံုးက ေပးပို႔တဲ႔ လက္ေဆာင္စာရင္းေတြကိုပါ အဲဒီမဂၢဇင္းက ထုတ္ေဖာ္ေရးသားခဲ႔ပါတယ္။

သူ႔အေနနဲ႔ ေရြးေကာက္ပြဲဥပေဒကို ခ်ိဳးေဖာက္ျခင္းမရိွမရိွ အတည္ျပဳေနဆဲျဖစ္ေပမယ္႔လည္း ရာထူးမွနႈတ္ထြကဖို႔ ဆံုးျဖတ္လိုက္ျပီျဖစ္ေၾကာင္း ၊ မိမိျပသနာေၾကာင္႔ ပါလီမန္ရဲ႕ လုပ္ငန္းေဆာင္ေတြကို မေနွးေကြးေစလိုဘူးလို႔ ဝန္ၾကီး မစၥတာဆူဂါ၀ါရာက သတင္းေထာက္ေတြကို ေျပာပါတယ္။

Ref : BBC Photo : Getty Images
#voiceofmyanmar #မဲဆႏၵရွင္ေတြကိုလက္ေဆာင္ေပးခဲ႔မိတဲ႔ #ဂ်ပန္ကုန္သြယ္ေရးဝန္ၾကီးရာထူးမွနႈတ္ထြက္

 

Unicode

မဲဆန္ဒရှင်တွေကို လက်ဆောင်ပေးခဲ့မိတဲ့ ဂျပန်ကုန်သွယ်ရေးဝန်ကြီး ရာထူးမှနှုတ်ထွက်

တိုကျို၊ အောက်တိုဘာ ၂၅-၂၀၁၉
မျိုးဆက်(VOM)

ဂျပန်နိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံရပြီးနောက် ဂျပန်ကုန်သွယ်ရေးဝန်ကြီးသစ်ဟာ ရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။

ကုန်သွယ်ရေးဝန်ကြီး အစ်ရှူဆူဂါဝါရာဟာ သူ့ရဲ့ တိုကျိုကမဲဆန္ဒရှင်တွေကို ဈေးကြီးတဲ့ ဖရဲသီး၊ လိမ္မော်သီး၊ ရိုင်ရယ်ဂျယ်လီနဲ့ လက်ဆောင်တွေပေးခဲ့တာကြောင့်လို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။ သူ့ကိုထောက်ခံတဲ့ မိသားစုတစ်စုကိုလည်း ထောက်ပံ့ငွေ ဂျပန်ယန်း၂၀၀၀၀ ကိုပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ မဲဆန္ဒနယ်မှ မဲဆန္ဒရှင်တွေကို အလှူငွေပေးအပ်တာမျိုးတွေကို တားမြစ်ပိတ်ပင်ထားပါတယ်။

ကွယ်လွန်သွားတဲ့ မဲဆန္ဒရှင်တစ်ဦးရဲ့ မိသားစုကို မစ္စတာဆူဂါဝါရာရဲ့ အတွင်းရေးမှူးက ယန်း ၂၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း အပတ်စဉ်ထုတ်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ ရှူခန်ဘန်ရှန်မှာ ပထမဆုံးဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် မဲဆန္ဒရှင်တွေကို လိမ္မော်သီးအပါအဝင်အခြားပစ္စည်းတွေကိုလည်း ပေးခဲ့ပြီး လက်ခံရရှိသူတွေဆီကနေ ကျေးဇူးတင်ကြောင်း ပြန်လည်ပေးပို့တဲ့ စာတွေအပါအဝင် ဝန်ကြီးရုံးက ပေးပို့တဲ့ လက်ဆောင်စာရင်းတွေကိုပါ အဲဒီမဂ္ဂဇင်းက ထုတ်ဖော်ရေးသားခဲ့ပါတယ်။

သူ့အနေနဲ့ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ခြင်းမရှိမရှိ အတည်ပြုနေဆဲဖြစ်ပေမယ့်လည်း ရာထူးမှနှုတ်ထွကဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ၊ မိမိပြသနာကြောင့် ပါလီမန်ရဲ့ လုပ်ငန်းဆောင်တွေကို မနှေးကွေးစေလိုဘူးလို့ ဝန်ကြီး မစ္စတာဆူဂါဝါရာက သတင်းထောက်တွေကို ပြောပါတယ်။

Ref : BBC Photo : Getty Images
#voiceofmyanmar #မဲဆန္ဒရှင်တွေကိုလက်ဆောင်ပေးခဲ့မိတဲ့ #ဂျပန်ကုန်သွယ်ရေးဝန်ကြီးရာထူးမှနှုတ်ထွက်

Related posts

Leave a Comment

VOM News

FREE
VIEW