ကရင္ လက္နက္နဲ႔ၿငိမ္းခ်မ္းေရးလဲလွယ္ထားတဲ့အဖြဲ႕ေတြစုေပါင္းၿပီး ေမ့ေပ်ာက္ခံဘဝေရာက္ေနသည္ဆိုကာ လက္ရွိအစိုးရသိေစရန္ သတင္းစာရွင္း

ဘီးလင္း ေအာက္တိုဘာ ၂၆-၂၀၁၉
မိုးယံ(VOM)

မြန္ျပည္နယ္၊ သထုံခ႐ိုင္၊ ဘီးလင္းၿမိဳ႕နယ္၊ ေနာင္႐ိုးေဒသ ၿငိမ္းခ်မ္းေရးအိမ္ယာမွာ ေအာက္တိုဘာ၂၅ရက္ နံနက္ပိုင္းက ကရင္ လက္နက္နဲ႔ၿငိမ္းခ်မ္းေရးလဲလွယ္ထားတဲ့ အဖြဲ႕ေတြစုေပါင္းၿပီး ေမ့ေပ်ာက္ခံဘဝေရာက္ေနသည္ဆိုကာ ႏိုင္ငံေတာ္အစိုးရသိေစရန္
သတင္းစာရွင္းပြဲျပဳလုပ္ခဲ့ပါတယ္။

“အခုက်ေနာ္တို႔ဘဝက ေမ့ေပ်ာက္ခံရမယ့္ဘဝမ်ိဳးေရာက္ေနတယ္
စၿပီးၿငိမ္းခ်မ္းေရးယူခ်ိန္ ခဏဘဲအဆင္ေျပတယ္ အခုဆိုရင္ စားဝတ္ေနေရးက်ပ္တည္းကုန္ၾကၿပီ
ေရရွည္စိုက္ပ်ိဳးေမြးျမဴေရးလုပ္ဖို႔ ေျမယာလိုခ်င္တယ္ဆိုတာကို ႏိုင္ငံေတာ္အစိုးရသိေစခ်င္လို႔
အခုလိုသတင္းစာရွင္းပြဲျပဳလုပ္တာပါလို႔ ”ေနာင္႐ိုးေဒသၿငိမ္းခ်မ္းေရးအဖြဲ႕ဦးေဆာင္သူ ေစာအယ္ေဆးကေျပာပါတယ္။

သတင္းစာရွင္းပြဲကို ေစာအယ္ေဆးဦးေဆာင္တဲ့ ေနာင္႐ိုးေဒသၿငိမ္းေရးအဖြဲ႕၊ ေစာျမင့္ဦး
ဦးေဆာင္တဲ့ ၿငိမ္းခ်မ္းေရးအဖြဲ႕၊ ေစာလားဖိုး ဦးေဆာင္တဲ့ထာဝရၿငိမ္းခ်မ္းေရးအဖြဲ႕ တို႔က စုေပါင္းျပဳလုပ္ၾကတာလို႔ သိရပါတယ္။

ၿပီးခဲ့တဲ့၂၀၁၁ခုႏွစ္ေအာက္တိုဘာလ ၉ရက္ေန႔က လက္နက္နဲ႔ၿငိမ္းခ်မ္းေရးလဲလွယ္ထားေသာ ေစာအယ္ေဆးဦးေဆာင္တဲ့ ေနာင္႐ိုးေဒသၿငိမ္းခ်မ္းေရး အဖြဲ႕ကအိမ္ေထာင္စု (၁၈)စု ၊မိသားစုဝင္ (၆၀)
ရွိၿပီး တက္ေရာက္လာတဲ့ ၿငိမ္းခ်မ္းေရးအဖြဲ႕က အိမ္ေထာင္စု ေလးဆယ္ အတြက္ စိုက္ပ်ိဳးေမြးျမဴ ေရးျပဳလုပ္ႏိုင္ရန္ ေျမဧက (၁၀၀)ခန႔္ ရရွိလ်င္ အဆင္ေျပႏိုင္ေၾကာင္းလည္း ျငိမ္းခ်မ္းေရးအဖြဲ႕ဝင္ေတြက ေျပာပါတယ္။

၂၀၁၂ခုႏွစ္က ႏိုင္ငံေတာ္အစိုးရကေန ေပ၄၀ ေပ၆၀ ေျမေပၚမွာ
ေပ ၂၀ ၁၈ေပ သြပ္မိုး၊ပ်ဥ္ေထာင္ပ်ဥ္ခင္း အိမ္တစ္လုံးစီ စီစဥ္ေဆာက္လုပ္ေပးခဲ့ၿပီးေနာက္ပိုင္း လ်စ္လ်ဴရႈထားျခင္းခံရတဲ့အတြက္ ေမ့ေပ်ာက္ခံဘဝကိုေရာက္ေနတယ္လို႔ သတင္းစာရွင္းပြဲမွာ လက္ရိွအစိုးရသိေစဖို႔ ထည္႔သြင္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

#voiceofmyanmar #ကရင္လက္နက္နဲ႔ၿငိမ္းခ်မ္းေရးလဲလွယ္ထားတဲ့အဖြဲ႕ #လက္ရွိအစိုးရသိေစရန္ #သတင္းစာရွင္း

 

Unicode

ကရင် လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ထားတဲ့အဖွဲ့တွေစုပေါင်းပြီး မေ့ပျောက်ခံဘဝရောက်နေသည်ဆိုကာ လက်ရှိအစိုးရသိစေရန် သတင်းစာရှင်း

ဘီးလင်း အောက်တိုဘာ ၂၆-၂၀၁၉
မိုးယံ(VOM)

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ နောင်ရိုးဒေသ ငြိမ်းချမ်းရေးအိမ်ယာမှာ အောက်တိုဘာ၂၅ရက် နံနက်ပိုင်းက ကရင် လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ထားတဲ့ အဖွဲ့တွေစုပေါင်းပြီး မေ့ပျောက်ခံဘဝရောက်နေသည်ဆိုကာ နိုင်ငံတော်အစိုးရသိစေရန်
သတင်းစာရှင်းပွဲပြုလုပ်ခဲ့ပါတယ်။

“အခုကျနော်တို့ဘဝက မေ့ပျောက်ခံရမယ့်ဘဝမျိုးရောက်နေတယ်
စပြီးငြိမ်းချမ်းရေးယူချိန် ခဏဘဲအဆင်ပြေတယ် အခုဆိုရင် စားဝတ်နေရေးကျပ်တည်းကုန်ကြပြီ
ရေရှည်စိုက်ပျိုးမွေးမြူရေးလုပ်ဖို့ မြေယာလိုချင်တယ်ဆိုတာကို နိုင်ငံတော်အစိုးရသိစေချင်လို့
အခုလိုသတင်းစာရှင်းပွဲပြုလုပ်တာပါလို့ ”နောင်ရိုးဒေသငြိမ်းချမ်းရေးအဖွဲ့ဦးဆောင်သူ စောအယ်ဆေးကပြောပါတယ်။

သတင်းစာရှင်းပွဲကို စောအယ်ဆေးဦးဆောင်တဲ့ နောင်ရိုးဒေသငြိမ်းရေးအဖွဲ့၊ စောမြင့်ဦး
ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့၊ စောလားဖိုး ဦးဆောင်တဲ့ထာဝရငြိမ်းချမ်းရေးအဖွဲ့ တို့က စုပေါင်းပြုလုပ်ကြတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့၂၀၁၁ခုနှစ်အောက်တိုဘာလ ၉ရက်နေ့က လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ထားသော စောအယ်ဆေးဦးဆောင်တဲ့ နောင်ရိုးဒေသငြိမ်းချမ်းရေး အဖွဲ့ကအိမ်ထောင်စု (၁၈)စု ၊မိသားစုဝင် (၆၀)
ရှိပြီး တက်ရောက်လာတဲ့ ငြိမ်းချမ်းရေးအဖွဲ့က အိမ်ထောင်စု လေးဆယ် အတွက် စိုက်ပျိုးမွေးမြူ ရေးပြုလုပ်နိုင်ရန် မြေဧက (၁၀၀)ခန့် ရရှိလျင် အဆင်ပြေနိုင်ကြောင်းလည်း ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

၂၀၁၂ခုနှစ်က နိုင်ငံတော်အစိုးရကနေ ပေ၄၀ ပေ၆၀ မြေပေါ်မှာ
ပေ ၂၀ ၁၈ပေ သွပ်မိုး၊ပျဉ်ထောင်ပျဉ်ခင်း အိမ်တစ်လုံးစီ စီစဉ်ဆောက်လုပ်ပေးခဲ့ပြီးနောက်ပိုင်း လျစ်လျူရှုထားခြင်းခံရတဲ့အတွက် မေ့ပျောက်ခံဘဝကိုရောက်နေတယ်လို့ သတင်းစာရှင်းပွဲမှာ လက်ရှိအစိုးရသိစေဖို့ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #ကရင်လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ထားတဲ့အဖွဲ့ #လက်ရှိအစိုးရသိစေရန် #သတင်းစာရှင်း

Related posts

Leave a Comment

VOM News

FREE
VIEW