ထိုင္းဘတ္ေငြနဲ႔ ျမန္မာက်ပ္ေငြနယ္စပ္မွာအသုံးျပဳခြင့္ရရင္ ကုန္သည္‌ေတြလုပ္ငန္းပိုအဆင္ေျပႏိုင္

ျမဝတီ ၊ ေအာက္တိုဘာ ၂၆-၂၀၁၉
သူရိန္ (VOM)

ႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္ေရးေငြေပးေခ်မႈ အပိုင္းမွာ ထိုင္းဘတ္ေငြနဲ႔ျမန္မာက်ပ္ေငြကို အသုံးျပဳဖို႔အေကာင္အထည္ေပၚလာရင္ ျမဝတီနယ္စပ္ကုန္သည္‌ေတြအေနနဲ႔ လုပ္ငန္းလုပ္ကိုင္ရာမွာ ပိုမိုအဆင္ေျပလာမယ္လို႔ နယ္စပ္ကုန္သည္ႀကီးမ်ားအသင္းကေနသိရပါတယ္။

ထိုင္းဘတ္နဲ႔ ျမန္မာက်ပ္ေငြတို႔ကို ႏွစ္ႏိုင္ငံလုံးမွာအသုံးျပဳခြင့္အတြက္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒ ဦးေက်ာ္ေက်ာ္ေမာင္နဲ႔ ထိုင္းဗဟိုဘဏ္ဥကၠ႒ မစၥတာဗီရာထိုင္းဆန္သီပရာေဟာ့ တို႔က အေမရိကန္ျပည္ေထာင္စုမွာျပဳလုပ္တဲ့ ႏိုင္ငံတကာေငြေၾကးရံပုံေငြအဖြဲ႕ IMF နဲ႔ကမာၻ႔ဘဏ္ World Bank အစည္းအေဝးမွာ ႏွစ္ႏိုင္ငံနားလည္မႈစာခြၽန္လႊာ mouေရးထိုးခဲ့ၾကရာမွာ ထိုင္းဘတ္ေငြနဲ႔ျမန္မာက်ပ္ေငြတို႔ကို ႏွစ္ဖက္လုံးမွာ အသုံးျပဳခြင့္၊ေငြေပးေခ်ခြင့္ ပါဝင္ခဲ့တာလည္းျဖစ္ပါတယ္။

“ ဒါဟာ ျမဝတီနယ္စပ္ကုန္မ်ားအတြက္ ေတာ္ေတာ္ေလးကို အေျခအေနေကာင္းလာမယ့္ သေဘာရွိပါတယ္။ အခုလက္ရွိမွာေတာ့ ျမဝတီနယ္စပ္ကုန္သည္ေတြက ဟိုဘက္ကုန္ေရာင္းကုန္ဝယ္ ဒီဘက္က Export ေရာင္းထားတဲ့ပစၥည္း ဟိုဘက္ျခမ္းက Inport ကုန္ပစၥည္းေတြကို သြားဝယ္တဲ့အခါ က်ေနာ္တို႔ ျမဝတီ၊မဲ့ေဆာက္ အမွတ္(၁)ခ်စ္ၾကည္ေရးတံတားေပၚက သြားရတဲ့အခါမွာ ထိုင္းဘတ္ေငြ ၅ သိန္းပမာဏနဲ႔ညီမွ်တဲ့ ျမန္မာက်ပ္ေငြကိုသာ ယူေဆာင္ခြင့္ရွိတဲ့အတြက္ အေတာ္ေလးကို အခက္အခဲျဖစ္ပါတယ္။လက္ရွိ ရန္ကုန္ကုမၼဏီေတြက ထိုင္းကုန္ပစၥည္း မွာယူလိုတဲ့အခါ ဘဏ္ကေနတဆင့္ ျမဝတီၿမိဳ႕ကို ေငြလႊဲရပါတယ္။ အဲ့ဒီျမန္မာက်ပ္ေငြေတြကို တရားမဝင္ လမ္းေဘးေငြလဲခုံေတြမွာ ထိုင္းဘတ္ေငြနဲ႔ျပန္လဲၿပီး ထိုင္းဘက္ျခမ္းမွာ ကုန္ပစၥည္း သြားဝယ္ရပါတယ္။ အဲ့လို သြားဝယ္တဲ့အခါမွာလဲ အမွတ္(၁)တံတားေပၚက သြားတဲ့အခါ ထိုင္းဘတ္ေငြ(၅)သိန္းသာ ယူေဆာင္သြားခြင့္ရွိလို႔ တရားဝင္ကုန္စည္ဝယ္တဲ့ေနရာမွာ ခိုးေၾကာင္ခိုးဝွက္နဲ႔ ေငြေၾကးကို သယ္ေဆာင္ေနရပါတယ္ ” လို ႔ နယ္စပ္ကုန္သည္ႀကီးမ်ားအသင္းက လုပ္ငန္းရွင္ ဦးစိုင္းထြန္းေဝ ေျပာပါတယ္။

ယင္းကိစၥနဲ႔ပက္သက္ၿပီး ျမဝတီနယ္စပ္ကုန္သည္ႀကီးမ်ားအသင္း ဥကၠ႒ ေဒၚသင္းသင္းျမတ္ကို ဆက္သြယ္ေမးျမန္းၾကည္တဲ့အခါ “ လက္ရွိ ထိုင္းႏိုင္ငံနဲ႔အဓိက ကုန္သြယ္မႈမ်ားျပဳလုပ္ေနတဲ့ ျမဝတီနယ္စပ္ကုန္သြယ္ေရးေငြေပးေခ်မႈမွာ ထိုင္းဘတ္ေငြနဲ႔သာ အဓိကလုပ္ေဆာင္ေနရတယ္။ပို႔ကုန္ေတြနဲ႔ သြင္းကုန္‌ေတြအတြက္ ထိုင္းဘတ္ေငြကိုဘဲ အဓိကထား သုံးစြဲေနရတယ္ ” လို႔ ေျပာပါတယ္။

ထိုင္း-ျမန္မာ ဗဟိုဘဏ္ႏွစ္ခုရဲ႕ နားလည္မႈစာခြၽန္လႊာမွာအဓိကပါဝင္တဲ့ အခ်က္ႏွစ္ခ်က္က ႏွစ္ႏိုင္ငံနယ္စပ္ ေငြေပးေခ်မႈေတြနဲ႔ ေငြလႊဲလုပ္ငန္း‌ေတြေဆာင္႐ြက္ရာမွာ ထိုင္းဘတ္ေငြနဲ႔ျမန္မာက်ပ္ေငြကို ပိုမိုသုံးစြဲဖို႔နဲ႔ ထိုင္း-ျမန္မာႏွစ္ႏိုင္ငံအၾကား ဘ႑ာေရးလုပ္ငန္းေတြနဲ႔ ေငြေပးေခ်မႈစနစ္ေတြ တိုးတက္ေအာင္ ႏွစ္ႏိုင္ငံပူးေပါင္းလုပ္ေဆာင္သြားမယ့္ အခ်က္‌ေတြပါဝင္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #ထိုင္းဘတ္ေငြနဲ႔ျမန္မာက်ပ္ေငြ #နယ္စပ္မွာအသုံးျပဳခြင့္ရရင္ #ကုန္သည္‌ေတြလုပ္ငန္းပိုအဆင္ေျပႏိုင္

 

Unicode

ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေနယ်စပ်မှာအသုံးပြုခွင့်ရရင် ကုန်သည်‌တွေလုပ်ငန်းပိုအဆင်ပြေနိုင်

မြဝတီ ၊ အောက်တိုဘာ ၂၆-၂၀၁၉
သူရိန် (VOM)

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးငွေပေးချေမှု အပိုင်းမှာ ထိုင်းဘတ်ငွေနဲ့မြန်မာကျပ်ငွေကို အသုံးပြုဖို့အကောင်အထည်ပေါ်လာရင် မြဝတီနယ်စပ်ကုန်သည်‌တွေအနေနဲ့ လုပ်ငန်းလုပ်ကိုင်ရာမှာ ပိုမိုအဆင်ပြေလာမယ်လို့ နယ်စပ်ကုန်သည်ကြီးများအသင်းကနေသိရပါတယ်။

ထိုင်းဘတ်နဲ့ မြန်မာကျပ်ငွေတို့ကို နှစ်နိုင်ငံလုံးမှာအသုံးပြုခွင့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နဲ့ ထိုင်းဗဟိုဘဏ်ဥက္ကဋ္ဌ မစ္စတာဗီရာထိုင်းဆန်သီပရာဟော့ တို့က အမေရိကန်ပြည်ထောင်စုမှာပြုလုပ်တဲ့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF နဲ့ကမ္ဘာ့ဘဏ် World Bank အစည်းအဝေးမှာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ mouရေးထိုးခဲ့ကြရာမှာ ထိုင်းဘတ်ငွေနဲ့မြန်မာကျပ်ငွေတို့ကို နှစ်ဖက်လုံးမှာ အသုံးပြုခွင့်၊ငွေပေးချေခွင့် ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

“ ဒါဟာ မြဝတီနယ်စပ်ကုန်များအတွက် တော်တော်လေးကို အခြေအနေကောင်းလာမယ့် သဘောရှိပါတယ်။ အခုလက်ရှိမှာတော့ မြဝတီနယ်စပ်ကုန်သည်တွေက ဟိုဘက်ကုန်ရောင်းကုန်ဝယ် ဒီဘက်က Export ရောင်းထားတဲ့ပစ္စည်း ဟိုဘက်ခြမ်းက Inport ကုန်ပစ္စည်းတွေကို သွားဝယ်တဲ့အခါ ကျနော်တို့ မြဝတီ၊မဲ့ဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်က သွားရတဲ့အခါမှာ ထိုင်းဘတ်ငွေ ၅ သိန်းပမာဏနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေကိုသာ ယူဆောင်ခွင့်ရှိတဲ့အတွက် အတော်လေးကို အခက်အခဲဖြစ်ပါတယ်။လက်ရှိ ရန်ကုန်ကုမ္မဏီတွေက ထိုင်းကုန်ပစ္စည်း မှာယူလိုတဲ့အခါ ဘဏ်ကနေတဆင့် မြဝတီမြို့ကို ငွေလွှဲရပါတယ်။ အဲ့ဒီမြန်မာကျပ်ငွေတွေကို တရားမဝင် လမ်းဘေးငွေလဲခုံတွေမှာ ထိုင်းဘတ်ငွေနဲ့ပြန်လဲပြီး ထိုင်းဘက်ခြမ်းမှာ ကုန်ပစ္စည်း သွားဝယ်ရပါတယ်။ အဲ့လို သွားဝယ်တဲ့အခါမှာလဲ အမှတ်(၁)တံတားပေါ်က သွားတဲ့အခါ ထိုင်းဘတ်ငွေ(၅)သိန်းသာ ယူဆောင်သွားခွင့်ရှိလို့ တရားဝင်ကုန်စည်ဝယ်တဲ့နေရာမှာ ခိုးကြောင်ခိုးဝှက်နဲ့ ငွေကြေးကို သယ်ဆောင်နေရပါတယ် ” လို့ နယ်စပ်ကုန်သည်ကြီးများအသင်းက လုပ်ငန်းရှင် ဦးစိုင်းထွန်းဝေ ပြောပါတယ်။

ယင်းကိစ္စနဲ့ပက်သက်ပြီး မြဝတီနယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်ကို ဆက်သွယ်မေးမြန်းကြည်တဲ့အခါ “ လက်ရှိ ထိုင်းနိုင်ငံနဲ့အဓိက ကုန်သွယ်မှုများပြုလုပ်နေတဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေးငွေပေးချေမှုမှာ ထိုင်းဘတ်ငွေနဲ့သာ အဓိကလုပ်ဆောင်နေရတယ်။ပို့ကုန်တွေနဲ့ သွင်းကုန်‌တွေအတွက် ထိုင်းဘတ်ငွေကိုဘဲ အဓိကထား သုံးစွဲနေရတယ် ” လို့ ပြောပါတယ်။

ထိုင်း-မြန်မာ ဗဟိုဘဏ်နှစ်ခုရဲ့ နားလည်မှုစာချွန်လွှာမှာအဓိကပါဝင်တဲ့ အချက်နှစ်ချက်က နှစ်နိုင်ငံနယ်စပ် ငွေပေးချေမှုတွေနဲ့ ငွေလွှဲလုပ်ငန်း‌တွေဆောင်ရွက်ရာမှာ ထိုင်းဘတ်ငွေနဲ့မြန်မာကျပ်ငွေကို ပိုမိုသုံးစွဲဖို့နဲ့ ထိုင်း-မြန်မာနှစ်နိုင်ငံအကြား ဘဏ္ဍာရေးလုပ်ငန်းတွေနဲ့ ငွေပေးချေမှုစနစ်တွေ တိုးတက်အောင် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်သွားမယ့် အချက်‌တွေပါဝင်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #ထိုင်းဘတ်ငွေနဲ့မြန်မာကျပ်ငွေ #နယ်စပ်မှာအသုံးပြုခွင့်ရရင် #ကုန်သည်‌တွေလုပ်ငန်းပိုအဆင်ပြေနိုင်

Related posts

Leave a Comment

VOM News

FREE
VIEW