ေကာင္းမႈေတာ္ တန္ေဆာင္တိုင္ပြဲေတာ္မွာ မီးႀကီးမီးပုံပ်ံ(၇)လုံး လႊတ္တင္ပူေဇာ္မယ္

စစ္ကိုင္း ေအာက္တိုဘာ ၂၉-၂၀၁၉
ေမာင္တာရာ (VOM)

စစ္ကိုင္ၿမိဳ႕၊ ရာဇမဏိစူဠာ ေကာင္းမႈေတာ္ေစတီေတာ္ရဲ႕ တန္ေဆာင္တိုင္ ဗုဒၶပူဇနိယပြဲေတာ္မွာ မီးႀကီးမီးပုံပ်ံ အလုံးေရ စုစုေပါင္း ခုႏွစ္လုံး လႊတ္တင္ပူေဇာ္သြားမယ္လို႔ ေကာင္းမႈေတာ္ဘုရားေဂါပကအဖြဲ႕ကေန သိရပါတယ္။

”တန္ေဆာင္မုန္းလဆန္း (၁၄)ရက္ေန႔ နဲ႔ လျပည့္ေန႔ညေတြမွာ က်င္းပသြားမယ္၊ လဆန္း (၁၄) ရက္ေန႔ညမွာ သုံးလုံးလြတ္တင္ပူေဇာ္ၿပီး လျပည့္ေန႔ ညမွာေတာ့ ေလးလုံးလြတ္တင္ပူေဇာ္သြားမွာျဖစ္ပါတယ္။ ပထမအႀကိမ္က စတင္လုပ္တာျဖစ္တဲ့အတြက္ ေလးလုံးသာ လႊတ္တင္ပူေဇာ္ႏိုင္ခဲ့တယ္။ ဒီႏွစ္မွာေတာ့ လုပ္ငန္းရွင္ေတြရဲ႕ပါဝင္ကူညီကုသိုလ္ယူမႈေတြနဲ႔အတူ ေနာက္ထပ္သုံးလုံးထပ္တိုးၿပီးေတာ့ (၇) လုံးလြတ္တင္ပူေဇာ္မွာျဖစ္ပါတယ္” လို႔ ေကာင္းမႈေတာ္ဘုရားေဂါပကအဖြဲ႕ ဒုဥကၠဌ ဦးနီတင္ကေျပာပါတယ္။

မီးပုံပ်ံလႊတ္တင္ပူေဇာ္ပြဲမွာ ေဖ်ာ္ေျဖေရးအစီအစဥ္ ပါဝင္မွာျဖစ္တဲ့အတြက္
စစ္ကိုင္းခ႐ိုင္ရဲတပ္ဖြဲ႕က လုံၿခဳံေရးကို စီမံခ်က္ခ် လုပ္ေဆာင္သြားမွာ ျဖစ္ၿပီး ဝင္ခြင့္ကဒ္ေတြကိုလည္း လိုအပ္တဲ့သူ အကုန္လုံးကိုေတာ့ ဝင္ခြင့္ကဒ္ေတြ ထုတ္ေပးမွာျဖစ္တယ္လို႔ သိရပါတယ္။

ရာဇမဏိစူဠာေကာင္းမႈေတာ္ျမတ္စြာဘုရားပြဲေတာ္ကို သီတင္းကြၽတ္လျပည့္ေန႔၊ သီတင္းကြၽတ္လျပည့္ေက်ာ္ ၇,၈ ရက္ေန႔ နဲ႔ တန္ေဆာင္မုန္းလျပည္ေန႔တို႔မွာ ေကာင္းမႈေတာ္ေစတီေတာ္ရဲ႕ အေရွ႕ဘက္ကြင္းအတြင္းမွာ က်င္းပသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #စစ္ကိုင္း #ေကာင္းမႈေတာ္တန္ေဆာင္တိုင္

 

Unicode

ကောင်းမှုတော် တန်ဆောင်တိုင်ပွဲတော်မှာ မီးကြီးမီးပုံပျံ(၇)လုံး လွှတ်တင်ပူဇော်မယ်

စစ်ကိုင်း အောက်တိုဘာ ၂၉-၂၀၁၉
မောင်တာရာ (VOM)

စစ်ကိုင်မြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ရဲ့ တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်မှာ မီးကြီးမီးပုံပျံ အလုံးရေ စုစုပေါင်း ခုနှစ်လုံး လွှတ်တင်ပူဇော်သွားမယ်လို့ ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ကနေ သိရပါတယ်။

”တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့ နဲ့ လပြည့်နေ့ညတွေမှာ ကျင်းပသွားမယ်၊ လဆန်း (၁၄) ရက်နေ့ညမှာ သုံးလုံးလွတ်တင်ပူဇော်ပြီး လပြည့်နေ့ ညမှာတော့ လေးလုံးလွတ်တင်ပူဇော်သွားမှာဖြစ်ပါတယ်။ ပထမအကြိမ်က စတင်လုပ်တာဖြစ်တဲ့အတွက် လေးလုံးသာ လွှတ်တင်ပူဇော်နိုင်ခဲ့တယ်။ ဒီနှစ်မှာတော့ လုပ်ငန်းရှင်တွေရဲ့ပါဝင်ကူညီကုသိုလ်ယူမှုတွေနဲ့အတူ နောက်ထပ်သုံးလုံးထပ်တိုးပြီးတော့ (၇) လုံးလွတ်တင်ပူဇော်မှာဖြစ်ပါတယ်” လို့ ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ ဒုဥက္ကဌ ဦးနီတင်ကပြောပါတယ်။

မီးပုံပျံလွှတ်တင်ပူဇော်ပွဲမှာ ဖျော်ဖြေရေးအစီအစဉ် ပါဝင်မှာဖြစ်တဲ့အတွက်
စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့က လုံခြုံရေးကို စီမံချက်ချ လုပ်ဆောင်သွားမှာ ဖြစ်ပြီး ဝင်ခွင့်ကဒ်တွေကိုလည်း လိုအပ်တဲ့သူ အကုန်လုံးကိုတော့ ဝင်ခွင့်ကဒ်တွေ ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ရာဇမဏိစူဠာကောင်းမှုတော်မြတ်စွာဘုရားပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့၊ သီတင်းကျွတ်လပြည့်ကျော် ၇,၈ ရက်နေ့ နဲ့ တန်ဆောင်မုန်းလပြည်နေ့တို့မှာ ကောင်းမှုတော်စေတီတော်ရဲ့ အရှေ့ဘက်ကွင်းအတွင်းမှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #စစ်ကိုင်း #ကောင်းမှုတော်တန်ဆောင်တိုင်

Related posts

Leave a Comment

VOM News

FREE
VIEW