ကောင်းမှုတော် တန်ဆောင်တိုင်ပွဲတော်မှာ မီးကြီးမီးပုံပျံ(၇)လုံး လွှတ်တင်ပူဇော်မယ်

စစ်ကိုင်း အောက်တိုဘာ ၂၉-၂၀၁၉ မောင်တာရာ (VOM) စစ်ကိုင်မြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ရဲ့ တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်မှာ မီးကြီးမီးပုံပျံ အလုံးရေ စုစုပေါင်း ခုနှစ်လုံး လွှတ်တင်ပူဇော်သွားမယ်လို့ ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ကနေ သိရပါတယ်။ ”တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့ နဲ့ လပြည့်နေ့ညတွေမှာ ကျင်းပသွားမယ်၊ လဆန်း (၁၄) ရက်နေ့ညမှာ သုံးလုံးလွတ်တင်ပူဇော်ပြီး လပြည့်နေ့ ညမှာတော့ လေးလုံးလွတ်တင်ပူဇော်သွားမှာဖြစ်ပါတယ်။ ပထမအကြိမ်က စတင်လုပ်တာဖြစ်တဲ့အတွက် လေးလုံးသာ လွှတ်တင်ပူဇော်နိုင်ခဲ့တယ်။ ဒီနှစ်မှာတော့ လုပ်ငန်းရှင်တွေရဲ့ပါဝင်ကူညီကုသိုလ်ယူမှုတွေနဲ့အတူ နောက်ထပ်သုံးလုံးထပ်တိုးပြီးတော့ (၇) လုံးလွတ်တင်ပူဇော်မှာဖြစ်ပါတယ်” လို့ ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ ဒုဥက္ကဌ ဦးနီတင်ကပြောပါတယ်။ မီးပုံပျံလွှတ်တင်ပူဇော်ပွဲမှာ ဖျော်ဖြေရေးအစီအစဉ် ပါဝင်မှာဖြစ်တဲ့အတွက် စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့က လုံခြုံရေးကို စီမံချက်ချ လုပ်ဆောင်သွားမှာ ဖြစ်ပြီး ဝင်ခွင့်ကဒ်တွေကိုလည်း လိုအပ်တဲ့သူ အကုန်လုံးကိုတော့ ဝင်ခွင့်ကဒ်တွေ ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ရာဇမဏိစူဠာကောင်းမှုတော်မြတ်စွာဘုရားပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့၊ သီတင်းကျွတ်လပြည့်ကျော် ၇,၈…

Read More

ယခုနှစ် ဒီဇင်ဘာစပြီး YBS ကားခတွေကို ကဒ်စနစ်နဲ့ပေးချေနိုင်မယ်

ရန်ကုန် အောက်တိုဘာ ၂၉-၂၀၁၉ သိဂီ င်္(VOM) ရန်ကုန်မြို့က YBS ကားစီးနင်းခတွေကို ကစ်စနစ်နဲ့ပေးချေနိုင်မယ့် Yangon Payment Services –YPS Card ကို လာမယ့်ဒီဇင်ဘာမှာ စတင်မှာဖြစ်ပြီး စတင်ချိန်မှာ ကဒ်တချို့ကို အခမဲ့ပေးဝေနိုင်ဖို့ပါ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကနေ သိရပါတယ်။ လက်ရှိမှာတော့ ကဒ်စနစ်အသုံးပြုဖို့ရွေးချယ်ထားတဲ့ YBS ကားတွေကို စက်ပစ္စည်းတွေ တပ်ဆင်နေပြီဖြစ်ကြောင်းနဲ့ ကနဦးအနေနဲ့ Downtown ဧရိယာအတွင်းပြေးဆွဲနေပြီး ယာဉ်ကြံ့ခိုင်မှုအခြေနေကောင်းမွန်တဲ့ YBS ကားအစီးရေ ၂၀၀၀ ကို ဦးစားပေးတပ်ဆင်သွားမှာဖြစ်ပါတယ်။ ” ဒီဇင်ဘာမှာ ကဒ်စနစ်စတင်ဖို့ မျှော်မှန်းထားတယ်။ ပထမအသုပ်မှာ အခမဲ့ပေးဖို့လုပ်နေတယ်လို့ သိရတယ်၊ YBS 56၊ YBS 57 ၊ YBS 58 ယာဉ်လိုင်းတွေမှာ စတင်အသုံးပြုသွားမယ် ” လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု…

Read More

မြန်မာနယ်စပ်အနီး မူးယစ်ဆေးတွေသယ်ဆောင်လာတဲ့ ရိုဟင်ဂျာတစ်ဦးကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး

zawgyi ဒါကာ၊ အောက်တိုဘာ-၂၉-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်ဒေါ်လာ ငါးသန်းတန်ဖိုးရှိ မက်သာဖက်တမင်းမူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ ရိုဟင်ဂျာ အမျိုးသားတစ်ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က မြန်မာနိုင်ငံနယ်စပ်အနီး ဖမ်းဆီးလိုက်ပါတယ်။ ဒီလိုဖမ်းဆီးရမိမှုဟာ ဒီနှစ်အတွင်း မူးယစ်ဆေးဝါး အမြောက်အများဖမ်းဆီးရမိခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်အထူး တပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံနယ်စပ်အနီး ကော့ဘဇားခရိုင်းအတွင်ရှိ မြစ်ထဲကတစ်ဆင့် မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ လှေတစ်စင်းကို အောက်တိုဘာ ၂၇ ရက်က စီးနှင်းရှာဖွေမှုပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီလိုစီးနှင်းဖမ်းဆီးရာမှာ အဲဒီလှေပေါ်မှာ လိုက်ပါလာတဲ့ လူအချို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမယ့် သံသယရှိသူ ဘင်္ဂါလီတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး လှေပေါ်မှာ မက်သာဖက်တမင်း မူးယစ်ဆေးပြားရှစ်သိန်းပါ အိတ်တွေကို တွေ့ရှိခဲ့တယ်လို့ သူကဆိုပါတယ်။ ၂၀၁၇အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို…

Read More

ကျိုက်ထီးရိုး တောင်တော်ကို ရှေးဟောင်းဇုန်အဖြစ် သတ်မှတ်ဖို့ ခက်ခဲနေ

Zawgyi ကျိုက်ထို ၊ အောက်တိုဘာ ၂၉-၂၀၁၉ သူရိန်(VOM) မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် တည်ရှိတဲ့ ကျိုက်ထီးရိုး တောင်တော်ကို ရှေးဟောင်းဇုန် အဖြစ် သတ်မှတ်ဖို့ခက်ခဲ နေတယ်လို့မွန်ပြည်နယ်အစိုးရအဖွဲ့ ဝင်လူမှုရေး ဝန်ကြီး ဒေါက်တာထိန်လင်းက‌ပြောပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ် ပြီးရင် ဘုရားပြင်တာတို့၊ ရွှေချတာတို့၊အဲဒါတွေ လုပ်လို့မရတော့ဘူး ။ရှေးဟောင်းဘုရားအနေနဲ့ စည်းကမ်းချက်ထဲမှာ အဲဒါတွေပါတယ် ။ဂေါပက အဖွဲ့တွေရော ၊ အဲဒီက လုပ်ငန်းရှင်တွေရော ၊ ဟိုတယ်ပိုင်ရှင် တွေရော ၊ ဈေးသည်တွေရော အားလုံးကို ဒီစည်းကမ်းချက်တွေကိုရှင်းပြရမယ် ၊ စည်းကမ်းဖောက်ဖျက်ရင်တော့ ဥပဒေ အရ အရေးယူတာတို့ ဘာတို့ရှိလာလိမ့်မယ်လို့ ဝန်ကြီး ဒေါက်တာထိန်လင်းက‌ပြောပါတယ်။   ဒီနေရာကိုမွန်ပြည်နယ် အစိုးရက ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဇုန် အဖြစ်သတ်မှတ် ပြဋ္ဌာန်း…

Read More

နှစ်နိုင်ငံသဘောတူညီချက်နဲ့ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်သူတွေ အဆင်မပြေပဲ ပြန်လာ

မြဝတီ၊ အောက်တိုဘာ ၂၉-၂၀၁၉ သူရိန်(VOM) မြန်မာပြည်မှာ နှစ်နိုင်ငံသဘောတူညီချက်MOUစာချုပ်ချုပ်ပြီး ထိုင်းနိုင်ငံကို အလုပ်သွားလုပ်တဲ့သူတွေ လုပ်ခလစာလုံးဝမရပဲ မြန်မာနိုင်ငံကိုပြန်လာခဲ့ရတယ်လို့ မြန်မာအလုပ်သမားကူညီရေး(AAC)မဟာမိတ်အဖွဲ့ကနေသိရပါတယ်။ “ ထိုင်းနိုင်ငံကိုတရားဝင်MOU နဲ့အလုပ်သွားရောက်လုပ်တာပါ။ မြန်မာပြည်မှာတုန်းက စာချုပ်တယ်။ ဟိုရောက်ရင် လုပ်ခ တစ်ရက်ကို ဘက် ၃၂၀ ပေါ့ ။ထိုင်းရောက်တော့ စာချုပ်ပါ အချက်တွေနဲ့ကွဲလွဲတယ်။ အလုပ်လဲ မမှန်ဘူး။ ကုမ္ပဏီတာဝန်ရှိသူတွေကိုဆက်သွယ်တော့လဲလာမရှင်းပေးဘူး။ ဒါနဲ့ မြဝတီပြန်ရောက်လာတာပါ ” လို့ ထိုင်းနိုင်ငံကိုအလုပ်သွားရောက်လုပ်ကိုင်ရာမှာ အဆင်မပြေတဲ့အတွက် မြဝတီမြို့ကိုပြန်လည်ရောက်ရှိလာတဲ့အလုပ်သမား တစ်ဦးကပြောပါတယ်။ လက်ရှိ မြဝတီနယ်စပ်မှာ ထိုင်းနိုင်ငံကနေ ပြန်လည်ရောက်ရှိလာသူ လူဦးရေ ၆၀ ခန့် ရှိနေပြီး ကုမ္ပဏီ ၅ ခုက ထိုင်းနိုင်ငံမှာ အလုပ်ရရှိမယ်ဆိုကာ MOU လက်မှတ်ရေးထိုး ပို့ဆောင်ပေးခဲ့ပေမယ့်လည်း လက်ရှိကြုံတွေ့နေရသည့်အခက်အခဲများကို လာရောက်ဖြေရှင်းပေးတာတွေ မရှိဘူးလို့ သိရပါတယ်။ #voiceofmyanmar #မြဝတီ #ထိုင်းနိုင်ငံ #အလုပ်သမားကိစ္စ…

Read More

၆၇ နှစ်မှ ကလေးမွေးတဲ့အမျိုးသမီး တရုတ်နိုင်ငံရဲ့ အသက်အကြီးဆုံး မီးဖွားမိခင်ဖြစ်လာ

Zawgyi ပေကျင်း၊ အောက်တိုဘာ-၂၉-၂၀၁၉ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ အသက် ၆၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ကလေးတစ်ဦးကို အောင်မြင်စွာ မီးဖွားခဲ့တယ်လို့ သက်ဆိုင်ရာဆေးရုံက အောက်တိုဘာ ၂၈ ရက်မှာပြောပါတယ်။ သူတို့ဟာ တရုတ်နိုင်ငံမှာ သဘာဝအတိုင်း ကလေးရရှိပြီး မီးဖွားတဲ့ အသက်အကြီးဆုံးစုံတွဲဖြစ်တယ်လို့လို့ ကလေးမိဘတွေက အခိုင်အမာဆိုပါတယ်။ မျိုးရိုးနာမည် Tian လို့အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ ကျန်းမာတဲ့ မိန်းကလေးတစ်ဦးကို အောက်တိုဘာ ၂၅ ရက်မှာ မွေးဖွားခဲ့တယ်လို့ Zaozhuang မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဆေးရုံက ပြောပါတယ်။ အဲဒီကလေးငယ်ကို ကောင်းကင်ဘုံကနေ သူတို့ကိုပေးအပ်တာဖြစ်တယ်လို့ Tian ခင်ပွန်းဖြစ်သူက တရုတ်သတင်းဌာနများကို ပြောသည်။ ကလေးငယ်ကို ကောင်းကင်ဘုံကလက်ဆောင်လို့ အဓိပ္ပါယ်ရတဲ့ Tianci ဆိုပြီးအမည်ပေးထားပါတယ်။ Tianci ကျန်းမရေးစစ်ဆေးဖို့ ဆေးရုံသို့သွားရောက်ချိန်မှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာကို သိရှိခဲ့ရပြီး ကနဦးမှာတော့ ကိုယ်ဝန်ကို မလိုချင်ခဲ့ဘူးလို့ သူမကပြောပါတယ်။ တရုတ်နိုင်ငံမှာ…

Read More

ဘုရားဖူးလာတဲ့ကား ပေ၂ထောင်အနက် ချောက်ထဲပြုတ်ကျပြီး (၁၆)ဦးသေဆုံး

ရွာငံ၊ အောက်တိုဘာ ၂၉-၂၀၁၉ ဟိန်းကို(VOM) ရွှေဘိုကနေ ဘုရားဖူးလာတဲ့ လိုက်ထရပ်ကားတစ်စီးဟာ မနေ့ အောက်တိုဘာ၂၈ရက် ညပိုင်းက ရှမ်းပြည်တောင်ပိုင်း မြို့ကြီး နဲ့ ရွာငံမြို့ကြား ယုန်တောင်ကျေးရွာနားက ပေ၂ထောင်ခန့်အနက်ရှိ ချောက်ထဲကိုပြုတ်ကျခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ ” မနေ့ည ၇နာရီ လောက်ဖြစ်တယ်လို့ပြောတယ်၊ ကားပြုတ်ကျတာပေါ့ ၊ ဘုန်းကြီးတစ်ပါးအပါအ၀င် ဒီနေ့မနက်သတင်းအရဆိုရင် ၁၆ဦးသေဆုံးတယ်၊ ၁၀ဦးကတော့ဆေးရုံတင်ထားရတယ်ပေါ့ဗျာ “လို့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)က လွတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်(ခ)ကိုလတ်က VOMကို အတည်ပြုပြောပါတယ်။ လက်ရှိ ဒဏ်ရာရသူ ၁၀ဦးထဲက ၈ဦးကို ရွာငံဆေးရုံမှာ ကုသနေပြီး ၂ဦးမှာ ဒဏ်ရာစိုးရိမ်ရတဲ့အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသနေရတယ်လို့သိရပါတယ်။ ” ဘုရားဖူးသွားတာက ရွှေဘိုမြို့ ၊ခွန်တောင်းကြီးကျေးရွာက ရွာသူ၊ရွာသားတွေဟုတ်ပါတယ်၊ ဘုရားဖူးသွားဖို့ မန္တလေးကနေ ကားငှားပြီး ဘုရားဖူးသွားခဲ့တာပါ၊ ကျွန်တော်တို့ လူမူကူညီရေးအသင်းကလည်း အသင်းကား၃စီးနဲ့ ဖြစ်တဲ့နေရာကို မနေ့ညကပဲ သွားပါတယ်”…

Read More

ဖက်ဒရယ်စနစ်ကို တပ်မတော်က ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ပြီးပြီလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

Zawgyi နေပြည်တော်၊ အောက်တိုဘာ ၂၈ – ၂၀၁၉ မင်းရန်နိုင် ဖက်ဒရယ်စနစ်ကို တပ်မတော်က ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ပြီး လေ့လာလျက်လည်း ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC-2) မှာ အောက်တိုဘာ ၂၈ ရက်နေ့ကကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။ “စာအုပ်စာတမ်းတွေက လေ့လာတာအပြင် ဒီစနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံတွေကို သွားရောက်ပြီး လက်တွေ့လေ့လာခဲ့ပါတယ်။ တွေ့ရှိတာက ဖက်ဒရယ်စနစ်ကျင့်သုံးမှုနဲ့ပတ်သက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကြပါဘူး” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးတူညီတဲ့ အိန္ဒိယနိုင်ငံရဲ့ ပြည်ထောင်စုစနစ်ကို လေ့လာရာမှာလည်း ဖက်ဒရယ်ဆိုတာ ခွဲထွက်ဖို့မဟုတ်ဘဲနဲ့ သင့်လျော်သလို ဆောင်ရွက်ကြတာကို တွေ့ရှိရတယ်လို့ သူက ဆိုပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့…

Read More
VOM News

FREE
VIEW