ဖက္ဒရယ္စနစ္ကို တပ္မေတာ္က က်ယ္က်ယ္ျပန္႔ျပန္႔ ေလ့လာခဲ့ၿပီးၿပီလို႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ေျပာ

Zawgyi

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၂၈ – ၂၀၁၉
မင္းရန္ႏိုင္

ဖက္ဒရယ္စနစ္ကို တပ္မေတာ္က က်ယ္က်ယ္ျပန္႔ျပန္႔ ေလ့လာခဲ့ၿပီး ေလ့လာလ်က္လည္း ရွိတယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ေနျပည္ေတာ္ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန(၂) (MICC-2) မွာ ေအာက္တိုဘာ ၂၈ ရက္ေန႔ကက်င္းပတဲ႕ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA) လက္မွတ္ေရးထိုးျခင္း (၄)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ အခမ္းအနားမွာ ေျပာဆိုခဲ့တာပါ။

“စာအုပ္စာတမ္းေတြက ေလ့လာတာအျပင္ ဒီစနစ္ကို က်င့္သုံးေနတဲ့ ႏိုင္ငံေတြကို သြားေရာက္ၿပီး လက္ေတြ႕ေလ့လာခဲ့ပါတယ္။ ေတြ႕ရွိတာက ဖက္ဒရယ္စနစ္က်င့္သုံးမႈနဲ႔ပတ္သက္ၿပီး တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ မတူၾကပါဘူး” လို႔ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေျပာပါတယ္။

ျမန္မာႏိုင္ငံနဲ႔ အနီးစပ္ဆုံးတူညီတဲ့ အိႏၵိယႏိုင္ငံရဲ႕ ျပည္ေထာင္စုစနစ္ကို ေလ့လာရာမွာလည္း ဖက္ဒရယ္ဆိုတာ ခြဲထြက္ဖို႔မဟုတ္ဘဲနဲ႔ သင့္ေလ်ာ္သလို ေဆာင္ရြက္ၾကတာကို ေတြ႕ရွိရတယ္လို႔ သူက ဆိုပါတယ္။

ေအာက္တိုဘာ ၂၆ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ဖက္ဒရယ္စနစ္ကို ေလ့လာၿပီးၿပီလို႔ တပ္မေတာ္ဘက္က ထုတ္ေဖာ္ေျပာဆိုခဲ့သလို NCA ႏွစ္ပတ္လည္ေန႔အခမ္းအနားမွာလည္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ထပ္မံေျပာဆိုခဲ့တာပါ။

တပ္မေတာ္ဘက္က ဖက္ဒရယ္စနစ္နဲ႔ပတ္သက္လို႔ ေျပာဆိုလာတဲ့အေပၚ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ (PNLO) ဦးေဆာင္နာယက ဗိုလ္မွဴးႀကီးခြန္ဥကၠာက “ဖက္ဒရယ္စနစ္ကို တပ္မေတာ္က ေလ့လာေနတာ ကြၽန္ေတာ္သိတယ္။ သူတို႔ေလ့လာမႈက ျမင့္ပါတယ္။ သူတို႔ ျပင္ဆင္မႈရွိပါတယ္။ ဒါေပမဲ့ သူတို႔ ေလ့လာတာ ျပင္ဆင္တာက ကြၽန္ေတာ္တို႔ေလ့လာတာနဲ႔ ျပန္ညႇိရမယ္၊ သူတို႔ေလ့လာတာ ေနာက္က်တယ္” လို႔ ေျပာဆိုပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြဘက္က ဖက္ဒရယ္စနစ္နဲ႔ပတ္သက္လို႔ လြန္ခဲ့တဲ့ ႏွစ္(၂၀) ေက်ာ္ကပင္ ေလ့လာခဲ့တာျဖစ္တဲ့အတြက္ တပ္မေတာ္ရဲ႕ေလ့လာမႈနဲ႔ ကြာျခားခ်က္ေတြ ရွိႏိုင္တာေၾကာင့္ ျပန္ေပါင္းစပ္လိုက္ရင္ေတာ့ အေျဖရႏိုင္တယ္လို႔ ဗိုလ္မွဴးႀကီးခြန္ဥကၠာက ေျပာပါတယ္။

#voiceofmyanmar #ဖယ္ဒရယ္စနစ္ #ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္

Unicode

ဖက်ဒရယ်စနစ်ကို တပ်မတော်က ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ပြီးပြီလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

နေပြည်တော်၊ အောက်တိုဘာ ၂၈ – ၂၀၁၉
မင်းရန်နိုင်

ဖက်ဒရယ်စနစ်ကို တပ်မတော်က ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ပြီး လေ့လာလျက်လည်း ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC-2) မှာ အောက်တိုဘာ ၂၈ ရက်နေ့ကကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။

“စာအုပ်စာတမ်းတွေက လေ့လာတာအပြင် ဒီစနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံတွေကို သွားရောက်ပြီး လက်တွေ့လေ့လာခဲ့ပါတယ်။ တွေ့ရှိတာက ဖက်ဒရယ်စနစ်ကျင့်သုံးမှုနဲ့ပတ်သက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကြပါဘူး” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးတူညီတဲ့ အိန္ဒိယနိုင်ငံရဲ့ ပြည်ထောင်စုစနစ်ကို လေ့လာရာမှာလည်း ဖက်ဒရယ်ဆိုတာ ခွဲထွက်ဖို့မဟုတ်ဘဲနဲ့ သင့်လျော်သလို ဆောင်ရွက်ကြတာကို တွေ့ရှိရတယ်လို့ သူက ဆိုပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖက်ဒရယ်စနစ်ကို လေ့လာပြီးပြီလို့ တပ်မတော်ဘက်က ထုတ်ဖော်ပြောဆိုခဲ့သလို NCA နှစ်ပတ်လည်နေ့အခမ်းအနားမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံပြောဆိုခဲ့တာပါ။

တပ်မတော်ဘက်က ဖက်ဒရယ်စနစ်နဲ့ပတ်သက်လို့ ပြောဆိုလာတဲ့အပေါ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဖက်ဒရယ်စနစ်ကို တပ်မတော်က လေ့လာနေတာ ကျွန်တော်သိတယ်။ သူတို့လေ့လာမှုက မြင့်ပါတယ်။ သူတို့ ပြင်ဆင်မှုရှိပါတယ်။ ဒါပေမဲ့ သူတို့ လေ့လာတာ ပြင်ဆင်တာက ကျွန်တော်တို့လေ့လာတာနဲ့ ပြန်ညှိရမယ်၊ သူတို့လေ့လာတာ နောက်ကျတယ်” လို့ ပြောဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က ဖက်ဒရယ်စနစ်နဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ နှစ်(၂၀) ကျော်ကပင် လေ့လာခဲ့တာဖြစ်တဲ့အတွက် တပ်မတော်ရဲ့လေ့လာမှုနဲ့ ကွာခြားချက်တွေ ရှိနိုင်တာကြောင့် ပြန်ပေါင်းစပ်လိုက်ရင်တော့ အဖြေရနိုင်တယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

#voiceofmyanmar #ဖယ်ဒရယ်စနစ် #ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

Related posts

Leave a Comment

VOM News

FREE
VIEW