ယခုနွစ္ ဒီဇင္ဘာစၿပီး YBS ကားခေတြကို ကဒ္စနစ္နဲ႕ေပးေခ်နိုင္မယ္

ရန္ကုန္ ေအာက္တိုဘာ ၂၉-၂၀၁၉
သိဂီ ၤ(VOM)

ရန္ကုန္ၿမိဳ႕က YBS ကားစီးနင္းခေတြကို ကစ္စနစ္နဲ႔ေပးေခ်ႏုိင္မယ့္ Yangon Payment Services –YPS Card ကို လာမယ့္ဒီဇင္ဘာမွာ စတင္မွာျဖစ္ၿပီး စတင္ခ်ိန္မွာ ကဒ္တခ်ိဳ႕ကို အခမဲ႕ေပးေဝနိုင္ဖို႔ပါ စီစဥ္ေနတယ္လို႕ ရန္ကုန္တိုင္းေဒသႀကီး အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ကေန သိရပါတယ္။

လက္ရွိမွာေတာ့ ကဒ္စနစ္အသုံးျပဳဖို႕ေရြးခ်ယ္ထားတဲ႕ YBS ကားေတြကို စက္ပစၥည္းေတြ တပ္ဆင္ေနၿပီျဖစ္ေႀကာင္းနဲ႕ ကနဦးအေနနဲ႕ Downtown ဧရိယာအတြင္းေျပးဆြဲေနၿပီး ယာဥ္ႀကံံ႕ခုိင္မႈအေျခေနေကာင္းမြန္တဲ့ YBS ကားအစီးေရ ၂၀၀၀ ကုိ ဦးစားေပးတပ္ဆင္သြားမွာျဖစ္ပါတယ္။

” ဒီဇင္ဘာမွာ ကဒ္စနစ္စတင္ဖို့ ေမ်ွာ္မွန္းထားတယ္။ ပထမအသုပ္မွာ အခမဲ႕ေပးဖို႔လုပ္ေနတယ္လို႔ သိရတယ္၊ YBS 56၊ YBS 57 ၊ YBS 58 ယာဥ္လိုင္းေတြမွာ စတင္အသုံးျပဳသြားမယ္ ” လို႕ ရန္ကုန္တိုင္းေဒသႀကီး အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ အတြင္းေရးမွဴးျဖစ္သူ ေဒါက္တာေမာင္ေအာင္ကေျပာပါတယ္။

လူတိုင္းအသုံးျပဳႏုိင္တဲ့ ကဒ္နဲ႕ ယာဥ္စီးခေငြေပးေခ်နိုင္မယ့္စနစ္ကေတာ့ ၂၀၂၀ ေရာက္မွသာ အသက္ဝင္မွာျဖစ္ေၾကာင္းနဲ႔ အဲ့ဒီအခ်ိန္ေရာက္ရင္ YPS ကဒ္ဟာ ဗီဇာကဒ္ေတြလို ဘဏ္နဲ႔ခ်ိတ္ဆက္လုပ္ေဆာင္ထားၿပီးျဖစ္လို႔ ကားခေပးေခ်မႈတစ္ခုတည္းတင္မဟုတ္ဘဲ VISA ကဒ္နည္းတူ စားေသာက္ဆုိင္ ၊ ေစ်းဝယ္စင္တာေတြအျပင္ တျခား WATER BUS ေတြအသုံးျပဳႏုိင္မွာျဖစ္တယ္လုိ႔သိရပါတယ္။

“ကနဦးအေနနဲ႔ ၿမိဳ႕တြင္းေျပးဆြဲေနတဲ့ ယာဥ္လိုင္းသံုးလိုင္းကေန စမယ္။ ဒီစနစ္ကို အသံုးျပဳႏိုင္ၿပီဆိုရင္ေငြအေၾကြျပႆနာေတြ ရွိေတာ့မွာမဟုတ္ဘူး”လုိ႔ ရန္ကုန္တိုင္းေဒသႀကီး အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ရဲ႕အေထြေထြအတြင္းေရးမွဴး ဦးလွေအာင္က ေျပာပါတယ္။

ကနဦး သိရွိခ်က္အရေတာ့ YPS ကဒ္တန္ဖုိးကို ျမန္မာေငြ ၁၀၀၀ က်ပ္သတ္မွတ္ထားေၾကာင္း နဲ႕ ယာဥ္စီးခေပးေခ်ဖို႔အတြက္ဆိုရင္ အနည္းဆုံး ေငြသား ၁၀၀၀ က်ပ္ထည့္သြင္း ၿပီးစတင္အသုံးျပဳရမွာျဖစ္ပါတယ္။

” ကားစီးမယ္ဆို အေႀကြရွာရတာ ဒုကၡပါပဲ ။အေျကြမရွိရင္ လမ္းေဘးေစ်းဝယ္ အေျကြဖ်က္ရတာနဲ႕ ကားေပၚမွာ ယာဥ္ေနာက္လိုက္လို ေနာက္လူေစာင့္ျပီး ပိုက္ဆံေကာက္ရတယ္။ ဒါေႀကာင့္ ကဒ္စနစ္ကို အားေပးတယ္။ စမယ္ေျပာေနတာလည္းႀကာျပီ ။ကဒ္စနစ္ နဲ႕က ေငြအေႀကြအခက္အခဲ အတြက္ ပိုအဆင္ေျပမယ္”လို႕ ခရီးသြားျပည္သူတစ္ဦးျဖစ္သူ ကိုေအာင္ေဇာ္ကေျပာပါတယ္။

လက္႐ွိ ရန္ကုန္မွာ ေျပးဆြဲေနတဲ႕ YBS ကားေပါင္း ၆၀၀၀ ေက်ာ္ရွိျပီး ယာဥ္စီးခနႈန္းထားေတြထဲက က်ပ္၅၀၀ နဲ႕ ၁၀၀၀ အတြက္ ေငြေပးေခ်ရတာ အဆင္ေျပေပမယ့္ က်န္တဲ႕ ေငြအေၾကြရွားပါးလာတဲ႕အတြက္ တစ္ရာတန္ ခရီးကို ႏွစ္ရာ က်ပ္ ၊ ႏွစ္ရာတန္ခရီးကို သံုးရာက်ပ္ ေပးေခ်ေနရတဲ႕ အခက္အခဲေတြ ႀကံဳေတြ႔ေနရတာ ျဖစ္ပါတယ္။

#voiceofmyanmar #ရန္ကုန္ #YBSကဒ္စနစ္

 

Unicode

ယခုနှစ် ဒီဇင်ဘာစပြီး YBS ကားခတွေကို ကဒ်စနစ်နဲ့ပေးချေနိုင်မယ်

ရန်ကုန် အောက်တိုဘာ ၂၉-၂၀၁၉
သိဂီ ၤ(VOM)

ရန်ကုန်မြို့က YBS ကားစီးနင်းခတွေကို ကစ်စနစ်နဲ့ပေးချေနိုင်မယ့် Yangon Payment Services –YPS Card ကို လာမယ့်ဒီဇင်ဘာမှာ စတင်မှာဖြစ်ပြီး စတင်ချိန်မှာ ကဒ်တချို့ကို အခမဲ့ပေးဝေနိုင်ဖို့ပါ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကနေ သိရပါတယ်။

လက်ရှိမှာတော့ ကဒ်စနစ်အသုံးပြုဖို့ရွေးချယ်ထားတဲ့ YBS ကားတွေကို စက်ပစ္စည်းတွေ တပ်ဆင်နေပြီဖြစ်ကြောင်းနဲ့ ကနဦးအနေနဲ့ Downtown ဧရိယာအတွင်းပြေးဆွဲနေပြီး ယာဉ်ကြံံ့ခိုင်မှုအခြေနေကောင်းမွန်တဲ့ YBS ကားအစီးရေ ၂၀၀၀ ကို ဦးစားပေးတပ်ဆင်သွားမှာဖြစ်ပါတယ်။

” ဒီဇင်ဘာမှာ ကဒ်စနစ်စတင်ဖို့ မျှော်မှန်းထားတယ်။ ပထမအသုပ်မှာ အခမဲ့ပေးဖို့လုပ်နေတယ်လို့ သိရတယ်၊ YBS 56၊ YBS 57 ၊ YBS 58 ယာဉ်လိုင်းတွေမှာ စတင်အသုံးပြုသွားမယ် ” လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမောင်အောင်ကပြောပါတယ်။

လူတိုင်းအသုံးပြုနိုင်တဲ့ ကဒ်နဲ့ ယာဉ်စီးခငွေပေးချေနိုင်မယ့်စနစ်ကတော့ ၂၀၂၀ ရောက်မှသာ အသက်ဝင်မှာဖြစ်ကြောင်းနဲ့ အဲ့ဒီအချိန်ရောက်ရင် YPS ကဒ်ဟာ ဗီဇာကဒ်တွေလို ဘဏ်နဲ့ချိတ်ဆက်လုပ်ဆောင်ထားပြီးဖြစ်လို့ ကားခပေးချေမှုတစ်ခုတည်းတင်မဟုတ်ဘဲ VISA ကဒ်နည်းတူ စားသောက်ဆိုင် ၊ ဈေးဝယ်စင်တာတွေအပြင် တခြား WATER BUS တွေအသုံးပြုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

“ကနဦးအနေနဲ့ မြို့တွင်းပြေးဆွဲနေတဲ့ ယာဉ်လိုင်းသုံးလိုင်းကနေ စမယ်။ ဒီစနစ်ကို အသုံးပြုနိုင်ပြီဆိုရင်ငွေအကြွေပြဿနာတွေ ရှိတော့မှာမဟုတ်ဘူး”လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရဲ့အထွေထွေအတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

ကနဦး သိရှိချက်အရတော့ YPS ကဒ်တန်ဖိုးကို မြန်မာငွေ ၁၀၀၀ ကျပ်သတ်မှတ်ထားကြောင်း နဲ့ ယာဉ်စီးခပေးချေဖို့အတွက်ဆိုရင် အနည်းဆုံး ငွေသား ၁၀၀၀ ကျပ်ထည့်သွင်း ပြီးစတင်အသုံးပြုရမှာဖြစ်ပါတယ်။

” ကားစီးမယ်ဆို အကြွေရှာရတာ ဒုက္ခပါပဲ ။အကြွေမရှိရင် လမ်းဘေးဈေးဝယ် အကြွေဖျက်ရတာနဲ့ ကားပေါ်မှာ ယာဉ်နောက်လိုက်လို နောက်လူစောင့်ပြီး ပိုက်ဆံကောက်ရတယ်။ ဒါကြောင့် ကဒ်စနစ်ကို အားပေးတယ်။ စမယ်ပြောနေတာလည်းကြာပြီ ။ကဒ်စနစ် နဲ့က ငွေအကြွေအခက်အခဲ အတွက် ပိုအဆင်ပြေမယ်”လို့ ခရီးသွားပြည်သူတစ်ဦးဖြစ်သူ ကိုအောင်ဇော်ကပြောပါတယ်။

လက်ရှိ ရန်ကုန်မှာ ပြေးဆွဲနေတဲ့ YBS ကားပေါင်း ၆၀၀၀ ကျော်ရှိပြီး ယာဉ်စီးခနှုန်းထားတွေထဲက ကျပ်၅၀၀ နဲ့ ၁၀၀၀ အတွက် ငွေပေးချေရတာ အဆင်ပြေပေမယ့် ကျန်တဲ့ ငွေအကြွေရှားပါးလာတဲ့အတွက် တစ်ရာတန် ခရီးကို နှစ်ရာ ကျပ် ၊ နှစ်ရာတန်ခရီးကို သုံးရာကျပ် ပေးချေနေရတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

#voiceofmyanmar #ရန်ကုန် #YBSကဒ်စနစ်

Related posts

Leave a Comment

VOM News

FREE
VIEW