၆၇ နွစ္မွ ကေလးေမြးတဲ႔အမ်ိဳးသမီး တရုတ္နုိင္ငံရဲ႕ အသက္အၾကီးဆံုး မီးဖြားမိခင္ျဖစ္လာ

Zawgyi

ေပက်င္း၊ ေအာက္တိုဘာ-၂၉-၂၀၁၉
မ်ိဳးဆက္ (VOM)

တရုတ္နုိင္ငံမွာ အသက္ ၆၇ နွစ္အရြယ္အမ်ိဳးသမီးတစ္ဦးဟာ ကေလးတစ္ဦးကို ေအာင္ျမင္စြာ မီးဖြားခဲ႔တယ္လို႔ သက္ဆိုင္ရာေဆးရံုက ေအာက္တိုဘာ ၂၈ ရက္မွာေျပာပါတယ္။ သူတို႕ဟာ တရုတ္နုိင္ငံမွာ သဘာ၀အတိုင္း ကေလးရရိွျပီး မီးဖြားတဲ႔ အသက္အၾကီးဆံုးစံုတြဲျဖစ္တယ္လို႔လို႔ ကေလးမိဘေတြက အခိုင္အမာဆိုပါတယ္။

မ်ိဳးရိုးနာမည္ Tian လို႔အမည္ရတဲ႔ အဲဒီအမ်ိဳးသမီးဟာ က်န္းမာတဲ႔ မိန္းကေလးတစ္ဦးကို ေအာက္တိုဘာ ၂၅ ရက္မွာ ေမြးဖြားခဲ႔တယ္လို႔ Zaozhuang မိခင္နွင္႔ကေလးေစာင္႔ေရွာက္ေရး ေဆးရံုက ေျပာပါတယ္။

အဲဒီကေလးငယ္ကို ေကာင္းကင္ဘံုကေန သူတို႔ကိုေပးအပ္တာျဖစ္တယ္လို႔ Tian ခင္ပြန္းျဖစ္သူက တရုတ္သတင္းဌာနမ်ားကို ေျပာသည္။ ကေလးငယ္ကို ေကာင္းကင္ဘံုကလက္ေဆာင္လို႔ အဓိပၸါယ္ရတဲ႔ Tianci ဆိုျပီးအမည္ေပးထားပါတယ္။

Tianci က်န္းမေရးစစ္ေဆးဖို႔ ေဆးရံုသို႔သြားေရာက္ခ်ိန္မွာ ကိုယ္၀န္ရိွေနတယ္ဆိုတာကို သိရိွခဲ႔ရျပီး ကနဦးမွာေတာ႔ ကိုယ္၀န္ကို မလိုခ်င္ခဲ႔ဘူးလို႔ သူမကေျပာပါတယ္။

တရုတ္နိုင္ငံမွာ လူဦးေရတိုးတက္လာကို ထိန္းခ်ဳပ္ဖို႔ တစ္အိမ္ေထာင္ကေလးတစ္ဦးမူ၀ါဒ မခ်မွတ္မီ နွစ္နွစ္အလုိ ၁၉၇၇ ခုနွစ္ကတည္းက သူတို႔ဇနီးေမာင္နွံမွာ သားေယာက္က်ားေလးတစ္ဦးအပါအ၀င္ ကေလးနွစ္ဦးရိွျပီးျဖစ္တယ္လို႔ တရုတ္သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

Ref : CNA
Photo : AFP
#voiceofmyanmar #တရုုတ္ #၆၇ႏွစ္အရြယ္အမ်ိဳးသမီးကေလးေမြးဖြား

Unicode

၆၇ နှစ်မှ ကလေးမွေးတဲ့အမျိုးသမီး တရုတ်နိုင်ငံရဲ့ အသက်အကြီးဆုံး မီးဖွားမိခင်ဖြစ်လာ

ပေကျင်း၊ အောက်တိုဘာ-၂၉-၂၀၁၉
မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာ အသက် ၆၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ကလေးတစ်ဦးကို အောင်မြင်စွာ မီးဖွားခဲ့တယ်လို့ သက်ဆိုင်ရာဆေးရုံက အောက်တိုဘာ ၂၈ ရက်မှာပြောပါတယ်။ သူတို့ဟာ တရုတ်နိုင်ငံမှာ သဘာဝအတိုင်း ကလေးရရှိပြီး မီးဖွားတဲ့ အသက်အကြီးဆုံးစုံတွဲဖြစ်တယ်လို့လို့ ကလေးမိဘတွေက အခိုင်အမာဆိုပါတယ်။

မျိုးရိုးနာမည် Tian လို့အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ ကျန်းမာတဲ့ မိန်းကလေးတစ်ဦးကို အောက်တိုဘာ ၂၅ ရက်မှာ မွေးဖွားခဲ့တယ်လို့ Zaozhuang မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဆေးရုံက ပြောပါတယ်။

အဲဒီကလေးငယ်ကို ကောင်းကင်ဘုံကနေ သူတို့ကိုပေးအပ်တာဖြစ်တယ်လို့ Tian ခင်ပွန်းဖြစ်သူက တရုတ်သတင်းဌာနများကို ပြောသည်။ ကလေးငယ်ကို ကောင်းကင်ဘုံကလက်ဆောင်လို့ အဓိပ္ပါယ်ရတဲ့ Tianci ဆိုပြီးအမည်ပေးထားပါတယ်။

Tianci ကျန်းမရေးစစ်ဆေးဖို့ ဆေးရုံသို့သွားရောက်ချိန်မှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာကို သိရှိခဲ့ရပြီး ကနဦးမှာတော့ ကိုယ်ဝန်ကို မလိုချင်ခဲ့ဘူးလို့ သူမကပြောပါတယ်။

တရုတ်နိုင်ငံမှာ လူဦးရေတိုးတက်လာကို ထိန်းချုပ်ဖို့ တစ်အိမ်ထောင်ကလေးတစ်ဦးမူဝါဒ မချမှတ်မီ နှစ်နှစ်အလို ၁၉၇၇ ခုနှစ်ကတည်းက သူတို့ဇနီးမောင်နှံမှာ သားယောက်ကျားလေးတစ်ဦးအပါအဝင် ကလေးနှစ်ဦးရှိပြီးဖြစ်တယ်လို့ တရုတ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

Ref : CNA
Photo : AFP
#voiceofmyanmar #တရုတ် #၆၇နှစ်အရွယ်အမျိုးသမီးကလေးမွေးဖွား

Related posts

Leave a Comment

VOM News

FREE
VIEW