ျမန္မာနယ္စပ္အနီး မူးယစ္ေဆးေတြသယ္ေဆာင္လာတဲ႔ ရိုဟင္ဂ်ာတစ္ဦးကို ဘဂၤလားေဒ႔ရွ္ဖမ္းဆီး

zawgyi

ဒါကာ၊ ေအာက္တိုဘာ-၂၉-၂၀၁၉
မ်ိဳးဆက္ (VOM)

အေမရိကန္ေဒၚလာ ငါးသန္းတန္ဖိုးရိွ မက္သာဖက္တမင္းမူးယစ္ေဆး၀ါးေတြ သယ္ေဆာင္လာတဲ႔ ရိုဟင္ဂ်ာ အမ်ိဳးသားတစ္ဦးကို ဘဂၤလားေဒ႔ရွ္ ရဲတပ္ဖြဲ႔က ျမန္မာနုိင္ငံနယ္စပ္အနီး ဖမ္းဆီးလိုက္ပါတယ္။

ဒီလိုဖမ္းဆီးရမိမႈဟာ ဒီနွစ္အတြင္း မူးယစ္ေဆး၀ါး အေျမာက္အမ်ားဖမ္းဆီးရမိခဲ႕တာလို႔ ဘဂၤလားေဒ႔ရွ္ အာဏာပိုင္ေတြက ေအာက္တိုဘာ ၂၈ ရက္မွာ ေျပာပါတယ္။

ဘဂၤလားေဒ႕ရွ္အထူး တပ္ဖြဲ႔၀င္ေတြဟာ ျမန္မာနိုင္ငံနယ္စပ္အနီး ေကာ႔ဘဇားခရိုင္းအတြင္ရိွ ျမစ္ထဲကတစ္ဆင္႔ မူးယစ္ေဆး၀ါးေတြ သယ္ေဆာင္လာတဲ႔ ေလွတစ္စင္းကို ေအာက္တိုဘာ ၂၇ ရက္က စီးနွင္းရွာေဖြမႈျပဳလုပ္ခဲ႔ျခင္းျဖစ္တယ္လို႔ ရဲတပ္ဖြဲ႔ ေျပာေရးဆိုခြင္႔ရိွသူတစ္ဦးက ေျပာပါတယ္။

ဒီလိုစီးနွင္းဖမ္းဆီးရာမွာ အဲဒီေလွေပၚမွာ လိုက္ပါလာတဲ႔ လူအခ်ိဳ႕ ထြက္ေျပးလြတ္ေျမာက္သြားခဲ႔ပါတယ္။ ဒါေပမယ္႔ သံသယရိွသူ ဘဂၤါလီတစ္ဦးကို ဖမ္းဆီးနိုင္ခဲ႔ျပီး ေလွေပၚမွာ မက္သာဖက္တမင္း မူးယစ္ေဆးျပားရွစ္သိန္းပါ အိတ္ေတြကို ေတြ႔ရိွခဲ႔တယ္လို႔ သူကဆိုပါတယ္။

၂၀၁၇အတြင္း ရခိုင္ျပည္နယ္မွာ ျဖစ္ပြားခဲ႔တဲ႔ ဘဂၤါလီအေရးေၾကာင္႔ ဘဂၤလားေဒ႔ရွ္နုိင္ငံကို ရိုဟင္ဂ်ာေတြ ထြက္ေျပးခိုလံႈခဲ႔ၾကျပီး သူတုိ႔ခိုလႈံေနတဲ႔ေကာ႔ဘဇားက ဒုကၡသည္စခန္းေတြမွာ မူးယစ္ေဆး၀ါး တရားမ၀င္ေရာင္း၀ယ္မႈေတြ ၾကီးထြားလာေနပါတယ္။

ဘဂၤလားေဒ႔ရွ္မွာရိွတဲ႔ လူငယ္ေတြအၾကားမွာ ေရပန္းစားသံုးစြဲေနတဲ႔ မက္သာဖက္တစ္မင္း သို႔မဟုတ္ ယာဘ မူးယစ္ေဆးကို အခုတစ္ၾကိမ္ဖမ္းဆီးရမိမႈဟာ ဒီနွစ္အတြင္းအမ်ားဆံုးျဖစ္ပါတယ္။
ဘဂၤလာေဒ႔ရွ္နိုင္ဟာ ျပီးခဲ႔တဲ႔ နွစ္ကတည္းက မူးယစ္ေဆး၀ါးနွိမ္နွင္းမႈေတြ လုပ္ေဆာင္ခဲ႔ရာမွာ မူးယစ္ေဆး၀ါး ေရာင္း၀ယ္ေဖာက္ကားသူ လူ ၅၀၀ ေက်ာ္ဟာ ရဲတပ္ဖြဲ႔နဲ႔ လံုျခံဳေရး တပ္ဖြဲ႔၀င္ေတြရဲ႕ ပစ္ခတ္မႈေၾကာင္႔ ေသဆံုးခဲ႔ျပီး အဲဒီအထဲမွာ ရိုဟင္ဂ်ာ ၂၅ ဦးပါ၀င္ေနပါတယ္။

Ref : CNA
Photo :Getty Images
#voiceofmyanmar #ဘဂၤလားေဒရွ္ #WY #ရိုုဟင္ဂ်ာ #ျမန္မာနယ္စပ္

Unicode

မြန်မာနယ်စပ်အနီး မူးယစ်ဆေးတွေသယ်ဆောင်လာတဲ့ ရိုဟင်ဂျာတစ်ဦးကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး

ဒါကာ၊ အောက်တိုဘာ-၂၉-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန်ဒေါ်လာ ငါးသန်းတန်ဖိုးရှိ မက်သာဖက်တမင်းမူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ ရိုဟင်ဂျာ အမျိုးသားတစ်ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က မြန်မာနိုင်ငံနယ်စပ်အနီး ဖမ်းဆီးလိုက်ပါတယ်။

ဒီလိုဖမ်းဆီးရမိမှုဟာ ဒီနှစ်အတွင်း မူးယစ်ဆေးဝါး အမြောက်အများဖမ်းဆီးရမိခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အထူး တပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံနယ်စပ်အနီး ကော့ဘဇားခရိုင်းအတွင်ရှိ မြစ်ထဲကတစ်ဆင့် မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ လှေတစ်စင်းကို အောက်တိုဘာ ၂၇ ရက်က စီးနှင်းရှာဖွေမှုပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီလိုစီးနှင်းဖမ်းဆီးရာမှာ အဲဒီလှေပေါ်မှာ လိုက်ပါလာတဲ့ လူအချို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမယ့် သံသယရှိသူ ဘင်္ဂါလီတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး လှေပေါ်မှာ မက်သာဖက်တမင်း မူးယစ်ဆေးပြားရှစ်သိန်းပါ အိတ်တွေကို တွေ့ရှိခဲ့တယ်လို့ သူကဆိုပါတယ်။

၂၀၁၇အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာတွေ ထွက်ပြေးခိုလှုံခဲ့ကြပြီး သူတို့ခိုလှုံနေတဲ့ကော့ဘဇားက ဒုက္ခသည်စခန်းတွေမှာ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုတွေ ကြီးထွားလာနေပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ လူငယ်တွေအကြားမှာ ရေပန်းစားသုံးစွဲနေတဲ့ မက်သာဖက်တစ်မင်း သို့မဟုတ် ယာဘ မူးယစ်ဆေးကို အခုတစ်ကြိမ်ဖမ်းဆီးရမိမှုဟာ ဒီနှစ်အတွင်းအများဆုံးဖြစ်ပါတယ်။
ဘင်္ဂလာဒေ့ရှ်နိုင်ဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက မူးယစ်ဆေးဝါးနှိမ်နှင်းမှုတွေ လုပ်ဆောင်ခဲ့ရာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ လူ ၅၀၀ ကျော်ဟာ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ရိုဟင်ဂျာ ၂၅ ဦးပါဝင်နေပါတယ်။

Ref : CNA
Photo :Getty Images
#voiceofmyanmar #ဘင်္ဂလားဒေရှ် #WY #ရိုဟင်ဂျာ #မြန်မာနယ်စပ်

Related posts

Leave a Comment

VOM News

FREE
VIEW