ယနေ့နံနက်ပိုင်းက ဘူးသီးတောင်မှာ ပေါက်ကွဲမှုဖြစ်ပွား
ဘူးသီးတောင်၊ အောက်တိုဘာ ၁၀-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ ဘူးသီးတောင်မြို့မှာ ဒီကနေ့မနက်ပိုင်း ၈ နာရီကျော်လောက်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ ဘူးသီးတောင်မြို့ပေါ်နဲ့ တစ်မိုင်လောက်သာကွာဝေးပြီး နန်းရာကုန်း ဘင်္ဂါလီကျေးရွာအနီး NLD ပါတီရုံးအနီးမှာ ပေါကက်ကွဲခဲ့တာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက အတည်ပြုပြောကြားပါတယ်။ “မနက် ၈ နာရီကျော်လောက်မှာဖြစ်တယ်။ ပေါက်ကွဲသံကိုတော့ ကြားလိုက်ရတယ်။ တစ်လုံးတည်းပေါက်တာပါ။ နန်းရာကုန်း ကုလားရွာနားမှာပေါက်တာပါ။ NLD ပါတီရုံးရှိတယ်။ အဲ့ဒီနားမှာဖြစ်တာ။”လို့ ဦးအောင်သောင်းရွှေက ပြောပါတယ်။ အဲ့ဒီနေရာဟာ ဘူးသီးတောင်မြို့ပေါ်နဲ့ တစ်မိုင်ခန့်အကွာ ပန်ဇင်းချောင်းတံတားအရှေ့ဘက် တပ်မကိုသွားတဲ့လမ်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။ ပေါကက်ကွဲမှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာ ပထမအပတ်အတွင်း ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေအတွင်းမှာ မြန်မာ့တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေကြတာလည်းဖြစ်ပါတယ်။ #voiceofmyanmar#ဘူးသီးတောင်# ယနေ့နံနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွား# Unicode ယနေ့နံနက်ပိုင်းက…
Read More
ဘူးသီးတောင်မှာ စစ်ပွဲတွေပြင်းထန်လို့ စစ်ဘေးရှောင်တွေတိုးလာ
အောက်တိုဘာ ၁၀-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေကြတာဖြစ်ပါတယ်။ အဲ့ဒီဒေသတွေမှာ တပ်မတော်စစ်ကြောင်းတွေက ကျေးရွာတွေအနီးမှာ သွားလာတာတွေ၊ စခန်းချတာတွေအပြင် တိုက်ပွဲ ဖြစ်ပွားမှုတွေလည်းရှိနေတဲ့အတွက် ဒေသခံတွေဟာ မိမိတို့ကျေးရွာတွေမှာ ဆက်မနေရဲကြတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးမှုတွေလည်း ရှိနေကြတာကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်အရေးအတွက် ပိုမိုများပြားလာနေတာဖြစ်ပါတယ်။ “ဒီရက်ပိုင်းအတွင်းမှာက စစ်ဘေးရှောင်တွေပိုပြီးတော့ ရောက်လာနေတယ်။ လမ်းမဘုန်းတော်ကြီးကျောင်းမှာ လူဦးရေ ၇၂၅ ဦးပါတယ်။ မြို့ပေါ်မှာတော့ စခန်းနှစ်ခုရှိတယ်။ တစ်မြို့နယ်လုံးမှာဆိုရင်တော့ လူဦးရေ ၃၀၀၀ ကျော်ရှိနေပါတယ်။”လို့ လမ်းမဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းကပြောပါတယ်။ စစ်ဘေးရှောင်ကျေးရွာသားတွေဟာ ဘူးသီးတောင်မြို့ပေါ်က ကယ်ဆယ်ရေးစခန်းတွေကို လာရောက်ခိုလှုံသူများပြားလာနေပြီး လမ်းမဘုန်းတော်ကြီးကျောင်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်း၊ စေတီတောင်ရွာ၊ သေကန်ခွဆုံရွာ စတဲ့နေရာတွေမှာ စခန်းတွေဖွင့်လှစ် ပေးထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီဒုက္ခသည်တွေ စားရေးသောက်ရေးအတွက် လူကယ်ပြန်ဌာနကနေ လူတစ်ဦးလျင် တစ်နပ်ကို…
Read More
ဌာနဆိုင်ရာများ သတင်းစာရှင်းလင်းပွဲ‌လုပ်ရင် တိုင်းအစိုးရအဖွဲ့ထံသို့ တင်ပြခွင့်ပြုချက်တောင်းရန် မန္တလေးတိုင်းအစိုးရအဖွဲ့ညွန်ကြား
မန္တလေး၊အောက်တိုဘာ ၁၀-၂၀၁၉ Voice Of Myanmar မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လက်‌အောက်မှာရှိတဲ့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ အနေနဲ့ မီဒီယာများအား တွေ့ဆုံရှင်းလင်းပွဲလုပ်မယ်ဆိုရင် တိုင်းအစိုးရအဖွဲ့ထံကို တင်ပြခွင့်ပြုချက် ရယူဖို့ တရားဝင်ညွန်ကြားစာထုတ်ပြန်ခဲ့ပါတယ်။ စက်တင်ဘာ ၂၈ရက်နေ့က မန္တလေးမြို့လူငယ်သင်တန်းကျောင်းမှာ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက ‌၉တန်းကျောင်းသား မောင်တူးဝေယံဟာ လူငယ်သင်တန်းကျောင်းမှာနှိပ်စက်ခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့အပေါ် လူငယ်သင်တန်းကျောင်းတာဝန်ရှိသူတွေက မီဒီယာတွေနဲ့တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ခဲ့တာကို တိုင်းအစိုးရထံ အကြောင်းကြားခြင်းမရှိတဲ့အတွက် ခုလိုညွန်ကြားစာ ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်တဲ့ညွန်ကြားစာမှာ ဖော်ပြထားပါတယ်။ အခုလိုညွန်ကြားစာထုတ်ပြန်ထားတဲ့အတွက် မန္တလေးလူငယ်သင်တန်းကျောင်းက တာဝန်ရှိသူတစ်ဦးကို မေးမြန်းဆက်သွယ်ကြည့်ရာ ” လူငယ်သင်တန်းကျောင်းကို မောင်တူးဝေယံနဲ့ ပက်သက်ပြီး တိုင်းအစိုးရအနေနဲ့ရော နေပြည်တော်ကရော ဘာမှ ညွန်ကြားချက်မ၀င်ထားသေးပါဘူး၊ တူးဝေယံကိုလည်း ‌အရင်တစ်နေ့က ဆေးစစ်ရင်းနဲ့ မွေးရာပါ နှလုံးအပေါက်‌ပါတယ်ဆိုလို့ ဆေးကုသပေးနေပါတယ်”လို့ ပြောပါတယ်။ အမည်မဖော်လိုတဲ့ ဌာနဆိုင်ရာအရာရှိကြီးတစ်ဦးကတော့ “၂၀၁၅ ရှေ့ပိုင်းကိုတော့မပြောချင်ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့တက်လာတဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ…
Read More
ဂျပန်ဧကရာဇ်နန်းတက်ပွဲ တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထား
တိုကျို၊ အောက်တိုဘာ-၁၀-၂၀၁၉ မျိုးဆက် (VOM) ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ နားတက်ပွဲအခမ်အနားသို့ နိုင်ငံတကာမှ အဆင့်မြင့်အရာရှိတွေကို ဖိတ်ကြားထားတဲ့အထဲမှာ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြလည်း ပါဝင်နေပါတယ်။ နန်းတက်ပွဲအတွက် နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၂၀၀ က ဧည့်သည်တွေကိုဖိတ်ကြား ထားတာဖြစ်ပြီး နန်းတက်ပွဲကိုတော့ အောက်တိုဘာ ၂၂ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဖိတ်ကြားခံရသူတွေထဲမှာ ဗြိတိန်အိမ်ရှေ့မင်းသား ချားလ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဒုတိယသမ္မတ ဝမ်ကျိရှန်တို့လည်း ပါဝင်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ဒေါ်အောင်ဆန်းစုကြည်ပါအဝင် တက်ရောက်လာမယ့် နိုင်ငံပေါင်း ၅၀ ကကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့စီစဉ်ထားပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်ကတော့ နန်းတက်ပွဲအခမ်းအနားကို တက်ရောက်နိုင်ဖွယ်မရှိပါဘူး။ ဒါပေမယ့် ဝန်ကြီးချုပ်လီနက်ယွန်ကတော့ သမ္မတကိုယ်စား အခမ်းအနားတက်ရောက်ဖို့ရှိနေပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံဖွယ်ရှိပါတယ်။ Ref : NHK Photo :Reuters #voiceofmyanmar#ဂျပန်ဧကရာဇ်နန်းတက်ပွဲ#တက်ရောက်ဖို့…
Read More
ဒေသခံအချို့ ကန့်ကွက်မှု ရှိနေတဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းကို လာမယ့်၂၀၂၀ မှာ စတင်လည်ပတ်မယ်
မန္တလေး အောက်တိုဘာ ၁၀-၂၀၁၉ ဖြူဖြူ (VOM) မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ ဆောက်လုပ်ထားတဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်နေတာဖြစ်ပေမယ့် အဲဒီစက်ရုံအနေနဲ့က လာမယ့်နှစ်မှာ စတင်လည်ပတ်တော့မယ်လို့ စက်ရုံတာဝန်ရှိသူဆီက သိရပါတယ်။ “၂၀၂၀ နှစ်ကုန်ပိုင်းလောက်တော့လည်မယ်။ ဒါကမူလ ရည်ရွယ်ချက်ပေါ့။ အချိန်အတိုးအလျော့တော့ရှိနိုင်ပါတယ်။”လို့ မြန်မာကွန့်ခ်ျ ဘိလပ်မြေကုမဏီရဲ့ကုန်ထုတ်တာဝန်ခံ ဦးခင်မောင်တင့်က ပြောပါတယ်။ တစ်ရက်ကို တန်ငါးထောင်ကျ ထုတ်လုပ်မယ့် မြန်မာကွန့်ခ်ျဘိလပ်မြေကုမ္ပဏီပိုင် ဘိလပ်မြေစက်ရုံဟာ ကျောက်မီးသွေးစွမ်းအင်သုံးကာလည်ပတ်တာဖြစ်တဲ့အတွက် အောင်သပြေကျေးရွာပတ်ဝန်းကျင်ရှိ မြစ်ချောင်းတွေ တိမ်ကောသလို ကျေးရွာလမ်းကို ကုန်ထုတ်လမ်းအသုံးပြုတာ၊ညပိုင်း စက်ယန္တရားဆူညံသံတွေကြောင့် အိပ်လို့မရတာကြောင့် ဒေသခံတွေကျန်းမာရေးထိခိုက်နိုင်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ မဝင်းဝင်းအေးကတော့ “ ဒီကုမဏီကြီးကြောင့် ကျမတို့ ဒုက္ခတွေ အမျိုးမျိုးခံစားနေရပါတယ်။ ဒီအနံ့ဆိုးတွေကလည်း ညနေ ၇ နာရီနောက်ပိုင်းဆို လက်တွေ့ခံစားနေရပါပြီ။ အဲဒါကြောင့် ဒီကုမဏီကို ကျမတို့ကတော့ လုံးဝကန့်ကွက်ပါတယ်။”လို့ ဆိုပါတယ်။…
Read More
Read More
Read More
ရေအားလျှပ်စစ် မှ ညွန်ချုပ် နဲ့ ညွန်မှူးကို တိုင်းတရားလွှတ်တော်သို့ တရားစွဲတင်
မန္တလေး၊ အောက်တိုဘာ ၉-၂၀၁၉ ဟိန်းကို(VOM) နေပြည်တော်ရှိ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နှင့် ညွှန်ကြားရေးမှူး ဦးမင်းခိုင်တို့ကို ယနေ့နေ့လယ်ပိုင်းက မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်သို့ တရားစွဲတင်ခဲ့ပါတယ်။ ဒီကနေ့ရုံးချိန်းမှာတော့ တိုင်းတရားလွတ်တော်ကို တရားစွဲတင်ခဲ့ပြီး စွပ်စွဲခံရသူဘက်ကလည်း ရှေ့နေပါဝါတင်ခဲ့ပြီး အောက်တိုဘာ ၂၃ရက်မှာ အမှုကိုစတင်စစ်ဆေးမယ်လို့ အမိန့်ချခဲ့ပါတယ်။ သူတို့ ၂ဦးဟာ လုပ်ငန်း‌တွေဆောင်ရွက်တာမှာ ရာထူးအာဏာကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်း၊ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်း နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်းတို့မှာ အမှုဖွင့်ခံရတာဖြစ်ပါတယ်။ စက်တင်ဘာ(၂၆)ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ- ၅၆ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ပြီး ဒီနေ့မှာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်သို့ တရားစွဲတင်ခဲ့တာ ဖြစ်ပါတယ်။ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးသည် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း၏ လုပ်ငန်းများအတွက် တင်ဒါ အောင်မြင်ခဲ့သော…
Read More
ဆားလင်းကြီး-အောက်တိုဘာ ၉ -၂၀၁၉ ရန်နိုင်စိုး(VOM)     ဆားလင်းကြီးမြို့နယ်လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာဝမ်ပေါင်ကုမ္ပဏီကမြေစာလာပုံတဲ့ကိစ္စနဲ့ပတ်သတ်ပြီးမသွဲ့သွဲ့ဝင်းအပါဝင်၇ဦးနဲ့ကုမ္ပဏီတို့အပြန်လှန်တရားစွဲဆိုရာမှာ၃နှစ်ကျော်ကြာစစ်ဆေးပြီးနောက်အောက်တိုဘာလ၉ရက်နေ့ကဆားလင်းကြီးမြို့နယ်တရားရုံးကနှစ်ဘက်လုံးကိုဒဏ်ငွေအသီးသီးချမှတ်ခဲ့ပါတယ်။   ဆားလင်းကြီးမြို့နယ်တရားရုံးကမသွဲ့သွဲ့ဝင်းအပါဝင်၃ဦးကိုပုဒ်မ၄၄၇၊၃၂၃ဖြင့်တစ်မှုချင်းဒဏ်ငွေ၃သောင်းစီချမှတ်ခဲ့ပြီးကျန်‌ကျေးရွာသား၎ဦးကိုလည်းပုဒ်မ၄၄၇၊၄၂၇တို့ဖြင့်ဒဏ်ငွေ၃သောင်းစီအသီးသီးချမှတ်ခဲ့ပါတယ်။   ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတရုပ်လူမျိုးဖြစ်သူ  Mr.Yu Guo Li (ယူဂူးလီ)ကိုတော့ယာဉ်မဆင်မချင်မောင်းနှင်တဲ့အတွက်နာကျင်စေမှုပုဒ်မ၃၃၇  ဖြင့်ဒဏ်ငွေ၁သိန်းချမှတ်ခဲ့ပါတယ်။     လွန်ခဲ့၂၀၁၆ခုနှစ်ဩဂုတ်လ၂၃ရက်နေ့ကဝမ်ပေါင်ကုမ္ပဏီမှဝက်မှေးကျေးရွာအနီးကစီမံကိန်းဧရိယာအတွင်းဘုရားအုပ်တိုက်နဲ့နတ်စင်နေရာကိုမြေစာလာပုံတဲ့ကိစ္စမှာမသွဲ့သွဲ့ဝင်းအပါဝင်ကျေးရွာသား၇ဦးကတရုပ်လူမျိုးဝန်ထမ်းတစ်ဦးမောင်းနှင်လာတဲ့ကားကိုရှေ့ကတားဆီးခဲ့ရာကားရပ်တန့်မပေးဘဲ မောင်းနှင်ခဲ့တဲ့အတွက်မသွဲ့သွဲ့ဝင်းမှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။   အဲ့ဒီလိုထိခိုက်ဒဏ်ရာရှိမှုကြောင့်မသွဲ့သွဲ့ဝင်းကယာဉ်မောင်းဖြစ်သူတရုပ်လူမျိုးကိုယာဉ်ကြောင့်နာကျင်စေမှုနဲ့ဆားလင်းကြီးမြို့နယ်ရဲစခန်းမှာသွားရောက်အမှုဖွင့်ခဲ့ပြီးဝမ်ပေါင်ကုမ္ပဏီဘက်ကလဲစီမံကိန်းဧရိယာအတွင်းဝင်ရောက်ခဲ့တဲ့အတွက်ပိုင်နက်ကျူးလွန်မှု၊နာကျင်စေမှုနဲ့အကျိုးဖျက်စီးမှုတို့နဲ့အပြန်လှန်တရားစွဲဆိုထားတာပါ။     ဒီကိစ္စနဲ့ပတ်သတ်ပြီးတရုတ်လူမျိုးမှကားရပ်တန့်ပေးခြင်းမရှိတဲ့အတွက်စီမံကိန်းဧရိယာထဲရောက်ရှိသွားရတာကိုထင်ရှားပါလျှက်နဲ့ တရားရုံးက  ပိုင်နက်ကျူးလွန်မှုနဲ့အမိန့်ချမှတ်ခဲ့တဲ့အပေါ်မှာကျေနပ်မှုမရှိကြောင်းမသွဲ့သွဲ့ဝင်းကပြောပါတယ်။   လက်ပံတောင်းတောင်ဒေသကဝက်မှေးကျေးရွာဟောင်းမှာနေထိုင်သူအများစုဟာကြေးနီစီမံကိန်းကလယ်ယာမြေသိမ်းဆည်းမှုမှာလျော်ကြေးမယူသူတွေဖြစ်ကြပါတယ်။     #voiceofmyanmar  #လက်ပံတောင်း #ဝမ်ပေါင် #ဆားလင်းကြီး   Unicode ၃နှစ်ကြာ အမှုရင်ဆိုင်ခဲ့ရတဲ့ လက်ပံတောင်းတောင် ဝမ်ပေါင်ဝန်ထမ်းနဲ့ မသွဲ့သွဲ့ဝင်းတို့ ၇ ဦးအမှု ဒဏ်ငွေအသီးသီးအမိန့်ချ ဆားလင်းကြီး-အောက်တိုဘာ ၉ -၂၀၁၉ ရန်နိုင်စိုး(VOM) ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ဝမ်ပေါင်ကုမ္ပဏီက မြေစာလာပုံတဲ့ကိစ္စနဲ့ပတ်သတ်ပြီး မသွဲ့သွဲ့ဝင်းအပါဝင် ၇ ဦးနဲ့ ကုမ္ပဏီတို့ အပြန်လှန်တရားစွဲဆိုရာမှာ ၃ နှစ်ကျော်ကြာစစ်ဆေးပြီးနောက်…
Read More
သိန္နီမှာ TNLA နဲ့ အစိုးရတပ် တိုက်ပွဲကြောင့် တပ်မတော်သား ၃ဦးကျ အရပ်သား ၇ ဦးဒဏ်ရာရ
  သိန္နီ-အောက်တိုဘာ ၉ -၂၀၁၉ (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ် လမ်းမပေါ်က သန္နီမြို့မှာ ဒီမနက်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၇ ဦး ဒဏ်ရာရခဲ့ပြီး၊ တပ်မတော်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။   သန္နီမြို့ရဲ့ ဈေးနားမှာ တပ်မတော်ယာဉ်တန်းကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တခု ဖြစ်တဲ့ တအောင်း ပလောင်လွတ်မြောက်ရေးတပ်ဖွဲ့ TNLA က ဝင်ရောက်ပစ်ခတ်ရာက အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ဘေးပတ်ဝန်းကျင်က လူနေအိမ်တွေကိုပါ ထိမှန်ခဲ့တာကြောင့် အရပ်သားတွေကိုပါ ထိခိုက်မှုဖြစ်ခဲ့တာပါ။   TNLA ဖက်က ခန့်မှန်းအင်အား ၅၀ လောက်နဲ့ မြို့ထဲက အဆောက်အဦတွေကို အကာအကွယ်ယူပြီး တပ်မတော်ယာဉ်တန်းကို လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်ခဲ့တယ် လို့ တပ်မတော်သတင်းပြန်ကြားရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။တပ်မတော်ဖက်က ၃ ဦး ကျဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပေမယ့်…
Read More
VOM News
FREE
VIEW