ေဒသခံအခ်ိဳ႕ ကန႔္ကြက္မႈ ရွိေနတဲ့ ဘိလပ္ေျမစက္႐ုံစီမံကိန္းကို လာမယ့္၂၀၂၀ မွာ စတင္လည္ပတ္မယ္

မႏၲေလး ေအာက္တိုဘာ ၁၀-၂၀၁၉
ျဖဴျဖဴ (VOM)

မႏၲေလးတိုင္း ပုသိမ္ႀကီးၿမိဳ႕နယ္ ေအာင္သေျပေက်း႐ြာအနီးမွာ ေဆာက္လုပ္ထားတဲ့ ဘိလပ္ေျမစက္႐ုံစီမံကိန္းကို ေဒသခံေတြ ကန႔္ကြက္ေနတာျဖစ္ေပမယ့္ အဲဒီစက္႐ုံအေနနဲ႔က လာမယ့္ႏွစ္မွာ စတင္လည္ပတ္ေတာ့မယ္လို႔ စက္႐ုံတာဝန္ရွိသူဆီက သိရပါတယ္။

“၂၀၂၀ ႏွစ္ကုန္ပိုင္းေလာက္ေတာ့လည္မယ္။ ဒါကမူလ ရည္႐ြယ္ခ်က္ေပါ့။ အခ်ိန္အတိုးအေလ်ာ့ေတာ့ရွိႏိုင္ပါတယ္။”လို႔ ျမန္မာကြန႔္ခ်္ ဘိလပ္ေျမကုမဏီရဲ႕ကုန္ထုတ္တာဝန္ခံ ဦးခင္ေမာင္တင့္က ေျပာပါတယ္။

တစ္ရက္ကို တန္ငါးေထာင္က် ထုတ္လုပ္မယ့္ ျမန္မာကြန႔္ခ်္ဘိလပ္ေျမကုမၸဏီပိုင္ ဘိလပ္ေျမစက္႐ုံဟာ ေက်ာက္မီးေသြးစြမ္းအင္သုံးကာလည္ပတ္တာျဖစ္တဲ့အတြက္
ေအာင္သေျပေက်း႐ြာပတ္ဝန္းက်င္ရွိ ျမစ္ေခ်ာင္းေတြ တိမ္ေကာသလို ေက်း႐ြာလမ္းကို ကုန္ထုတ္လမ္းအသုံးျပဳတာ၊ညပိုင္း စက္ယႏၲရားဆူညံသံေတြေၾကာင့္ အိပ္လို႔မရတာေၾကာင့္ ေဒသခံေတြက်န္းမာေရးထိခိုက္ႏိုင္တဲ့အတြက္ ကန႔္ကြက္တာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေဒသခံ မဝင္းဝင္းေအးကေတာ့ “ ဒီကုမဏီႀကီးေၾကာင့္ က်မတို႔ ဒုကၡေတြ အမ်ိဳးမ်ိဳးခံစားေနရပါတယ္။ ဒီအနံ႔ဆိုးေတြကလည္း ညေန ၇ နာရီေနာက္ပိုင္းဆို လက္ေတြ႕ခံစားေနရပါၿပီ။ အဲဒါေၾကာင့္ ဒီကုမဏီကို က်မတို႔ကေတာ့ လုံးဝကန႔္ကြက္ပါတယ္။”လို႔ ဆိုပါတယ္။

အဲဒီစက္႐ုံစီမံကိန္းကို ၂၀၁၂ ခုႏွစ္ကတည္းက လ်ာထားခဲ့တာျဖစ္ၿပီး ကန႔္ကြက္မႈေတြေၾကာင့္ ရပ္နားထားရာ ၂၀၁၅ ခုႏွစ္မွာ တိုင္းအစိုးရက ျပန္လည္ခြင့္ျပဳခဲ့တာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ေနာက္ပိုင္းမွာကန႔္ကြက္မႈေတြျပန္လည္ရွိလာေပမယ့္ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာ ၃ ရက္မွာေတာ့ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္က ခြင့္ျပဳေပးလိုက္တာျဖစ္ပါတယ္။

အဲဒီဘိလပ္ေျမစက္႐ုံကို နည္းအမ်ိဳးမ်ိဳးနဲ႔ ကန႔္ကြက္ခဲ့ၾကတဲ့ေဒသခံေတြထဲက အခ်ိဳ႕ဟာ လမ္းတံတားဥပေဒ၊ တာဝန္ဝတၱရားေႏွာက္ယွက္မႈ၊ အားေပးကူညီမႈ၊ ဆုံးရႈံးေစရန္အႀကံနဲ႔ အက်ိဳးဖ်က္ဆီးမႈေတြနဲ႔ တရားစြဲဆိုခံရတာေတြရွိသလို ဖမ္းဝရမ္းထုတ္ခံထားရတာေတြရွိတယ္လို႔ ပုသိမ္ႀကီးရဲစခန္းက သိရပါတယ္။

ဒါ့အျပင္ အက်ဥ္းက်ေနစဥ္ရက္ပိုင္းအတြင္းမွာ ေအာင္သေျပ႐ြားသားတစ္ဦးေသဆုံးခဲ့ၿပီး ဒီျဖစ္ရပ္အတြက္က်ဴးလြန္သူကိုတိတိက်က်ေဖာ္ထုတ္ေပးတာမရွိသလို ေလ်ာ္ေၾကးတစ္စုံတစ္ရာလည္း ရရွိတာမရွိဘူးလို႔ မိသားစုဝင္ျဖစ္သူ မေအးေအးျမင့္က ဆိုပါတယ္။

ေအာက္တိုဘာ ၉ ရက္ေန႔က ပုသိမ္ႀကီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးမွာ ျပဳလုပ္တဲ့ ဘိလပ္ေျမစက္႐ုံစီမံကိန္းတာဝန္ရွိသူေတြ၊ ေဒသခံေတြနဲ႔ ပတ္ဝန္းက်င္ႏွင့္ လူမႈဝန္းက်င္ထိခိုက္မႈဆန္းစစ္ျခင္းလူထုေတြ႕ဆုံပြဲမွာလည္း အဲဒီစက္႐ုံကို ကန႔္ကြက္ေၾကာင္း တက္ေရာက္လာတဲ့ ေဒသခံေတြက ေျပာဆိုခဲ့ၾကပါတယ္။

#voiceofmyanmar #ပုသိမ္ႀကီး #ေအာင္သေျပ #ဘိလပ္ေျမစက္႐ုံ#

Unicode

ဒေသခံအချို့ ကန့်ကွက်မှု ရှိနေတဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းကို လာမယ့်၂၀၂၀ မှာ စတင်လည်ပတ်မယ်

မန္တလေး အောက်တိုဘာ ၁၀-၂၀၁၉
ဖြူဖြူ (VOM)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ ဆောက်လုပ်ထားတဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်နေတာဖြစ်ပေမယ့် အဲဒီစက်ရုံအနေနဲ့က လာမယ့်နှစ်မှာ စတင်လည်ပတ်တော့မယ်လို့ စက်ရုံတာဝန်ရှိသူဆီက သိရပါတယ်။

“၂၀၂၀ နှစ်ကုန်ပိုင်းလောက်တော့လည်မယ်။ ဒါကမူလ ရည်ရွယ်ချက်ပေါ့။ အချိန်အတိုးအလျော့တော့ရှိနိုင်ပါတယ်။”လို့ မြန်မာကွန့်ချ် ဘိလပ်မြေကုမဏီရဲ့ကုန်ထုတ်တာဝန်ခံ ဦးခင်မောင်တင့်က ပြောပါတယ်။

တစ်ရက်ကို တန်ငါးထောင်ကျ ထုတ်လုပ်မယ့် မြန်မာကွန့်ချ်ဘိလပ်မြေကုမ္ပဏီပိုင် ဘိလပ်မြေစက်ရုံဟာ ကျောက်မီးသွေးစွမ်းအင်သုံးကာလည်ပတ်တာဖြစ်တဲ့အတွက်
အောင်သပြေကျေးရွာပတ်ဝန်းကျင်ရှိ မြစ်ချောင်းတွေ တိမ်ကောသလို ကျေးရွာလမ်းကို ကုန်ထုတ်လမ်းအသုံးပြုတာ၊ညပိုင်း စက်ယန္တရားဆူညံသံတွေကြောင့် အိပ်လို့မရတာကြောင့် ဒေသခံတွေကျန်းမာရေးထိခိုက်နိုင်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ မဝင်းဝင်းအေးကတော့ “ ဒီကုမဏီကြီးကြောင့် ကျမတို့ ဒုက္ခတွေ အမျိုးမျိုးခံစားနေရပါတယ်။ ဒီအနံ့ဆိုးတွေကလည်း ညနေ ၇ နာရီနောက်ပိုင်းဆို လက်တွေ့ခံစားနေရပါပြီ။ အဲဒါကြောင့် ဒီကုမဏီကို ကျမတို့ကတော့ လုံးဝကန့်ကွက်ပါတယ်။”လို့ ဆိုပါတယ်။

အဲဒီစက်ရုံစီမံကိန်းကို ၂၀၁၂ ခုနှစ်ကတည်းက လျာထားခဲ့တာဖြစ်ပြီး ကန့်ကွက်မှုတွေကြောင့် ရပ်နားထားရာ ၂၀၁၅ ခုနှစ်မှာ တိုင်းအစိုးရက ပြန်လည်ခွင့်ပြုခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာကန့်ကွက်မှုတွေပြန်လည်ရှိလာပေမယ့် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃ ရက်မှာတော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။

အဲဒီဘိလပ်မြေစက်ရုံကို နည်းအမျိုးမျိုးနဲ့ ကန့်ကွက်ခဲ့ကြတဲ့ဒေသခံတွေထဲက အချို့ဟာ လမ်းတံတားဥပဒေ၊ တာဝန်ဝတ္တရားနှောက်ယှက်မှု၊ အားပေးကူညီမှု၊ ဆုံးရှုံးစေရန်အကြံနဲ့ အကျိုးဖျက်ဆီးမှုတွေနဲ့ တရားစွဲဆိုခံရတာတွေရှိသလို ဖမ်းဝရမ်းထုတ်ခံထားရတာတွေရှိတယ်လို့ ပုသိမ်ကြီးရဲစခန်းက သိရပါတယ်။

ဒါ့အပြင် အကျဉ်းကျနေစဉ်ရက်ပိုင်းအတွင်းမှာ အောင်သပြေရွားသားတစ်ဦးသေဆုံးခဲ့ပြီး ဒီဖြစ်ရပ်အတွက်ကျူးလွန်သူကိုတိတိကျကျဖော်ထုတ်ပေးတာမရှိသလို လျော်ကြေးတစ်စုံတစ်ရာလည်း ရရှိတာမရှိဘူးလို့ မိသားစုဝင်ဖြစ်သူ မအေးအေးမြင့်က ဆိုပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ ပြုလုပ်တဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းတာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလူထုတွေ့ဆုံပွဲမှာလည်း အဲဒီစက်ရုံကို ကန့်ကွက်ကြောင်း တက်ရောက်လာတဲ့ ဒေသခံတွေက ပြောဆိုခဲ့ကြပါတယ်။

#voiceofmyanmar #ပုသိမ်ကြီး #အောင်သပြေ #ဘိလပ်မြေစက်ရုံ

Related posts

Leave a Comment

VOM News

FREE
VIEW