အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီး ဓါးနဲ့တိုက်ခိုက်ခံရလို့ ဆေးရုံတင်ထား
ဂျကာတာ၊ အောက်တိုဘာ-၁၀-၂၀၁၉ မျိုးဆက် (VOM) အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီး ဝီရန်တိုဟာ ဂျာဗားကျွန်းရှိမြို့တစ်မြို့ကို အောက်တိုဘာ ၁၀ ရက်နေ့ကသွားရောက်တဲ့ ခရီးစဉ်အတွင်း ဓါးကိုင်ထားတဲ့ အမျိုးသားတစ်ဦးရဲ့တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။ ဝန်ကြီး ဝီရန်တိုဟာ ဘန်တန်ပြည်နယ်ရှိ ပန်ဒီဂလန်မှာ ကားပေါ်မှဆင်းပြီးနောက် ဓါးနဲ့ တိုက်ခိုက်ခံရပြီး လဲကျသွားတယ်လို့ အဲဒီမတော်တဆမှုနဲ့ပတ်သက်ပြီး အမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒက်ဒီအတည်ပြုပြောကြားပါတယ်။ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးထားပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ဒါဏ်ရာရရှိတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ခံရတဲ့ ဝန်ကြီးနဲ့ ဗိုလ်ချုပ်ဟောင်းတစ်ဦးကို အနီးနားကဆေးရုံကို သယ်ဆောင်သွားကြပြီး လက်ရှိမှာတော့ အခြေအနေတည်ငြိမ်သွားပြီဖြစ်ကြောင်းနဲ့ ဂျကာတာကဆေးရုံကို ပြောင်းရွှေ့ထားတယ်လို့ ပြောပါတယ်။ အသက် ၇၂ နှစ်အရွယ် ဝီရန်တိုဟာ ၂၀၁၆ ခုနှစ်ကတည်းက လုံခြုံရေးဝန်ကြီးအဖြစ် သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ အရှေ့တီမောမှာဖြစ်ပွားခဲ့ သွေးထွက်သံယိုဆူပူအုံကြွမှုဖြစ်စဉ်မှာ တပ်မတော်အကြီးအကဲအဖြစ် သူ့ရဲ့ပါဝင်ပတ်သက် ကိုင်တွယ်ခဲ့တာတွေကြောင့် သူ့ကိုလုံခြုံရေးဝန်ကြီးရာထူးပေးတဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။ လူ ၁၀၀၀…
Read More
ယနေ့နံနက်ပိုင်းက ဘူးသီးတောင်မှာ ပေါက်ကွဲမှုဖြစ်ပွား
ဘူးသီးတောင်၊ အောက်တိုဘာ ၁၀-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ ဘူးသီးတောင်မြို့မှာ ဒီကနေ့မနက်ပိုင်း ၈ နာရီကျော်လောက်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ ဘူးသီးတောင်မြို့ပေါ်နဲ့ တစ်မိုင်လောက်သာကွာဝေးပြီး နန်းရာကုန်း ဘင်္ဂါလီကျေးရွာအနီး NLD ပါတီရုံးအနီးမှာ ပေါကက်ကွဲခဲ့တာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက အတည်ပြုပြောကြားပါတယ်။ “မနက် ၈ နာရီကျော်လောက်မှာဖြစ်တယ်။ ပေါက်ကွဲသံကိုတော့ ကြားလိုက်ရတယ်။ တစ်လုံးတည်းပေါက်တာပါ။ နန်းရာကုန်း ကုလားရွာနားမှာပေါက်တာပါ။ NLD ပါတီရုံးရှိတယ်။ အဲ့ဒီနားမှာဖြစ်တာ။”လို့ ဦးအောင်သောင်းရွှေက ပြောပါတယ်။ အဲ့ဒီနေရာဟာ ဘူးသီးတောင်မြို့ပေါ်နဲ့ တစ်မိုင်ခန့်အကွာ ပန်ဇင်းချောင်းတံတားအရှေ့ဘက် တပ်မကိုသွားတဲ့လမ်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။ ပေါကက်ကွဲမှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာ ပထမအပတ်အတွင်း ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေအတွင်းမှာ မြန်မာ့တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေကြတာလည်းဖြစ်ပါတယ်။ #voiceofmyanmar#ဘူးသီးတောင်# ယနေ့နံနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွား# Unicode ယနေ့နံနက်ပိုင်းက…
Read More
ဘူးသီးတောင်မှာ စစ်ပွဲတွေပြင်းထန်လို့ စစ်ဘေးရှောင်တွေတိုးလာ
အောက်တိုဘာ ၁၀-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေကြတာဖြစ်ပါတယ်။ အဲ့ဒီဒေသတွေမှာ တပ်မတော်စစ်ကြောင်းတွေက ကျေးရွာတွေအနီးမှာ သွားလာတာတွေ၊ စခန်းချတာတွေအပြင် တိုက်ပွဲ ဖြစ်ပွားမှုတွေလည်းရှိနေတဲ့အတွက် ဒေသခံတွေဟာ မိမိတို့ကျေးရွာတွေမှာ ဆက်မနေရဲကြတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးမှုတွေလည်း ရှိနေကြတာကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်အရေးအတွက် ပိုမိုများပြားလာနေတာဖြစ်ပါတယ်။ “ဒီရက်ပိုင်းအတွင်းမှာက စစ်ဘေးရှောင်တွေပိုပြီးတော့ ရောက်လာနေတယ်။ လမ်းမဘုန်းတော်ကြီးကျောင်းမှာ လူဦးရေ ၇၂၅ ဦးပါတယ်။ မြို့ပေါ်မှာတော့ စခန်းနှစ်ခုရှိတယ်။ တစ်မြို့နယ်လုံးမှာဆိုရင်တော့ လူဦးရေ ၃၀၀၀ ကျော်ရှိနေပါတယ်။”လို့ လမ်းမဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းကပြောပါတယ်။ စစ်ဘေးရှောင်ကျေးရွာသားတွေဟာ ဘူးသီးတောင်မြို့ပေါ်က ကယ်ဆယ်ရေးစခန်းတွေကို လာရောက်ခိုလှုံသူများပြားလာနေပြီး လမ်းမဘုန်းတော်ကြီးကျောင်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်း၊ စေတီတောင်ရွာ၊ သေကန်ခွဆုံရွာ စတဲ့နေရာတွေမှာ စခန်းတွေဖွင့်လှစ် ပေးထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီဒုက္ခသည်တွေ စားရေးသောက်ရေးအတွက် လူကယ်ပြန်ဌာနကနေ လူတစ်ဦးလျင် တစ်နပ်ကို…
Read More
ဌာနဆိုင်ရာများ သတင်းစာရှင်းလင်းပွဲ‌လုပ်ရင် တိုင်းအစိုးရအဖွဲ့ထံသို့ တင်ပြခွင့်ပြုချက်တောင်းရန် မန္တလေးတိုင်းအစိုးရအဖွဲ့ညွန်ကြား
မန္တလေး၊အောက်တိုဘာ ၁၀-၂၀၁၉ Voice Of Myanmar မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လက်‌အောက်မှာရှိတဲ့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ အနေနဲ့ မီဒီယာများအား တွေ့ဆုံရှင်းလင်းပွဲလုပ်မယ်ဆိုရင် တိုင်းအစိုးရအဖွဲ့ထံကို တင်ပြခွင့်ပြုချက် ရယူဖို့ တရားဝင်ညွန်ကြားစာထုတ်ပြန်ခဲ့ပါတယ်။ စက်တင်ဘာ ၂၈ရက်နေ့က မန္တလေးမြို့လူငယ်သင်တန်းကျောင်းမှာ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက ‌၉တန်းကျောင်းသား မောင်တူးဝေယံဟာ လူငယ်သင်တန်းကျောင်းမှာနှိပ်စက်ခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့အပေါ် လူငယ်သင်တန်းကျောင်းတာဝန်ရှိသူတွေက မီဒီယာတွေနဲ့တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ခဲ့တာကို တိုင်းအစိုးရထံ အကြောင်းကြားခြင်းမရှိတဲ့အတွက် ခုလိုညွန်ကြားစာ ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်တဲ့ညွန်ကြားစာမှာ ဖော်ပြထားပါတယ်။ အခုလိုညွန်ကြားစာထုတ်ပြန်ထားတဲ့အတွက် မန္တလေးလူငယ်သင်တန်းကျောင်းက တာဝန်ရှိသူတစ်ဦးကို မေးမြန်းဆက်သွယ်ကြည့်ရာ ” လူငယ်သင်တန်းကျောင်းကို မောင်တူးဝေယံနဲ့ ပက်သက်ပြီး တိုင်းအစိုးရအနေနဲ့ရော နေပြည်တော်ကရော ဘာမှ ညွန်ကြားချက်မ၀င်ထားသေးပါဘူး၊ တူးဝေယံကိုလည်း ‌အရင်တစ်နေ့က ဆေးစစ်ရင်းနဲ့ မွေးရာပါ နှလုံးအပေါက်‌ပါတယ်ဆိုလို့ ဆေးကုသပေးနေပါတယ်”လို့ ပြောပါတယ်။ အမည်မဖော်လိုတဲ့ ဌာနဆိုင်ရာအရာရှိကြီးတစ်ဦးကတော့ “၂၀၁၅ ရှေ့ပိုင်းကိုတော့မပြောချင်ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့တက်လာတဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ…
Read More
ဂျပန်ဧကရာဇ်နန်းတက်ပွဲ တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထား
တိုကျို၊ အောက်တိုဘာ-၁၀-၂၀၁၉ မျိုးဆက် (VOM) ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ နားတက်ပွဲအခမ်အနားသို့ နိုင်ငံတကာမှ အဆင့်မြင့်အရာရှိတွေကို ဖိတ်ကြားထားတဲ့အထဲမှာ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြလည်း ပါဝင်နေပါတယ်။ နန်းတက်ပွဲအတွက် နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၂၀၀ က ဧည့်သည်တွေကိုဖိတ်ကြား ထားတာဖြစ်ပြီး နန်းတက်ပွဲကိုတော့ အောက်တိုဘာ ၂၂ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဖိတ်ကြားခံရသူတွေထဲမှာ ဗြိတိန်အိမ်ရှေ့မင်းသား ချားလ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဒုတိယသမ္မတ ဝမ်ကျိရှန်တို့လည်း ပါဝင်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ဒေါ်အောင်ဆန်းစုကြည်ပါအဝင် တက်ရောက်လာမယ့် နိုင်ငံပေါင်း ၅၀ ကကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့စီစဉ်ထားပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်ကတော့ နန်းတက်ပွဲအခမ်းအနားကို တက်ရောက်နိုင်ဖွယ်မရှိပါဘူး။ ဒါပေမယ့် ဝန်ကြီးချုပ်လီနက်ယွန်ကတော့ သမ္မတကိုယ်စား အခမ်းအနားတက်ရောက်ဖို့ရှိနေပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံဖွယ်ရှိပါတယ်။ Ref : NHK Photo :Reuters #voiceofmyanmar#ဂျပန်ဧကရာဇ်နန်းတက်ပွဲ#တက်ရောက်ဖို့…
Read More
ဒေသခံအချို့ ကန့်ကွက်မှု ရှိနေတဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းကို လာမယ့်၂၀၂၀ မှာ စတင်လည်ပတ်မယ်
မန္တလေး အောက်တိုဘာ ၁၀-၂၀၁၉ ဖြူဖြူ (VOM) မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ ဆောက်လုပ်ထားတဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်နေတာဖြစ်ပေမယ့် အဲဒီစက်ရုံအနေနဲ့က လာမယ့်နှစ်မှာ စတင်လည်ပတ်တော့မယ်လို့ စက်ရုံတာဝန်ရှိသူဆီက သိရပါတယ်။ “၂၀၂၀ နှစ်ကုန်ပိုင်းလောက်တော့လည်မယ်။ ဒါကမူလ ရည်ရွယ်ချက်ပေါ့။ အချိန်အတိုးအလျော့တော့ရှိနိုင်ပါတယ်။”လို့ မြန်မာကွန့်ခ်ျ ဘိလပ်မြေကုမဏီရဲ့ကုန်ထုတ်တာဝန်ခံ ဦးခင်မောင်တင့်က ပြောပါတယ်။ တစ်ရက်ကို တန်ငါးထောင်ကျ ထုတ်လုပ်မယ့် မြန်မာကွန့်ခ်ျဘိလပ်မြေကုမ္ပဏီပိုင် ဘိလပ်မြေစက်ရုံဟာ ကျောက်မီးသွေးစွမ်းအင်သုံးကာလည်ပတ်တာဖြစ်တဲ့အတွက် အောင်သပြေကျေးရွာပတ်ဝန်းကျင်ရှိ မြစ်ချောင်းတွေ တိမ်ကောသလို ကျေးရွာလမ်းကို ကုန်ထုတ်လမ်းအသုံးပြုတာ၊ညပိုင်း စက်ယန္တရားဆူညံသံတွေကြောင့် အိပ်လို့မရတာကြောင့် ဒေသခံတွေကျန်းမာရေးထိခိုက်နိုင်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ မဝင်းဝင်းအေးကတော့ “ ဒီကုမဏီကြီးကြောင့် ကျမတို့ ဒုက္ခတွေ အမျိုးမျိုးခံစားနေရပါတယ်။ ဒီအနံ့ဆိုးတွေကလည်း ညနေ ၇ နာရီနောက်ပိုင်းဆို လက်တွေ့ခံစားနေရပါပြီ။ အဲဒါကြောင့် ဒီကုမဏီကို ကျမတို့ကတော့ လုံးဝကန့်ကွက်ပါတယ်။”လို့ ဆိုပါတယ်။…
Read More
Read More
VOM News
FREE
VIEW