ယေန႔နံနက္ပိုင္းက ဘူးသီးေတာင္မွာ ေပါက္ကြဲမႈျဖစ္ပြား

ဘူးသီးေတာင္၊ ေအာက္တုိဘာ ၁၀-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင္္ျပည္နယ္ေျမာက္ပိုင္းက တိုက္ပြဲေတြအျပင္းအထန္ျဖစ္ပြားေနတဲ့ ဘူးသီးေတာင္ၿမိဳ႕မွာ ဒီကေန႔မနက္ပိုင္း ၈ နာရီေက်ာ္ေလာက္က မိုင္းေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ပါတယ္။

ေပါက္ကြဲမႈျဖစ္ပြားခဲ့တ့ဲေနရာဟာ ဘူးသီးေတာင္ၿမိဳ႕ေပၚနဲ႔ တစ္မိုင္ေလာက္သာကြာေဝးၿပီး နန္းရာကုန္း ဘဂၤါလီေက်းရြာအနီး NLD ပါတီရံုးအနီးမွာ ေပါကက္ကြဲခဲ့တာျဖစ္တယ္လို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေရႊက အတည္ျပဳေျပာၾကားပါတယ္။

“မနက္ ၈ နာရီေက်ာ္ေလာက္မွာျဖစ္တယ္။ ေပါက္ကြဲသံကိုေတာ့ ၾကားလိုက္ရတယ္။ တစ္လံုးတည္းေပါက္တာပါ။ နန္းရာကုန္း ကုလားရြာနားမွာေပါက္တာပါ။ NLD ပါတီရံုးရွိတယ္။ အဲ့ဒီနားမွာျဖစ္တာ။”လို႔ ဦးေအာင္ေသာင္းေရႊက ေျပာပါတယ္။

အဲ့ဒီေနရာဟာ ဘူးသီးေတာင္ၿမိဳ႕ေပၚနဲ႔ တစ္မိုင္ခန္႔အကြာ ပန္ဇင္းေခ်ာင္းတံတားအေရွ႕ဘက္ တပ္မကိုသြားတဲ့လမ္းျဖစ္ၿပီး ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိတာမရွိဘူးလို႔ေဒသခံေတြကေျပာပါတယ္။

ေပါကက္ကြဲမႈနဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးကို ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့တာျဖစ္ပါတယ္။

ေအာက္တုိဘာ ပထမအပတ္အတြင္း ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ေတြအတြင္းမွာ ျမန္မာ့တပ္မေတာ္နဲ႔ ေအေအတုိ႔အၾကား တိုက္ပြဲေတြအျပင္းအထန္ျဖစ္ပြားေနၾကတာလည္းျဖစ္ပါတယ္။

#voiceofmyanmar#ဘူးသီးေတာင္# ယေန႔နံနက္ပိုင္းကေပါက္ကြဲမႈျဖစ္ပြား#

Unicode

ယနေ့နံနက်ပိုင်းက ဘူးသီးတောင်မှာ ပေါက်ကွဲမှုဖြစ်ပွား

ဘူးသီးတောင်၊ အောက်တိုဘာ ၁၀-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ ဘူးသီးတောင်မြို့မှာ ဒီကနေ့မနက်ပိုင်း ၈ နာရီကျော်လောက်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ ဘူးသီးတောင်မြို့ပေါ်နဲ့ တစ်မိုင်လောက်သာကွာဝေးပြီး နန်းရာကုန်း ဘင်္ဂါလီကျေးရွာအနီး NLD ပါတီရုံးအနီးမှာ ပေါကက်ကွဲခဲ့တာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက အတည်ပြုပြောကြားပါတယ်။

“မနက် ၈ နာရီကျော်လောက်မှာဖြစ်တယ်။ ပေါက်ကွဲသံကိုတော့ ကြားလိုက်ရတယ်။ တစ်လုံးတည်းပေါက်တာပါ။ နန်းရာကုန်း ကုလားရွာနားမှာပေါက်တာပါ။ NLD ပါတီရုံးရှိတယ်။ အဲ့ဒီနားမှာဖြစ်တာ။”လို့ ဦးအောင်သောင်းရွှေက ပြောပါတယ်။

အဲ့ဒီနေရာဟာ ဘူးသီးတောင်မြို့ပေါ်နဲ့ တစ်မိုင်ခန့်အကွာ ပန်ဇင်းချောင်းတံတားအရှေ့ဘက် တပ်မကိုသွားတဲ့လမ်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။

ပေါကက်ကွဲမှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ပထမအပတ်အတွင်း ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေအတွင်းမှာ မြန်မာ့တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေကြတာလည်းဖြစ်ပါတယ်။

#voiceofmyanmar#ဘူးသီးတောင်# ယနေ့နံနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွား#

Related posts

Leave a Comment

VOM News

FREE
VIEW