သိႏၷီမွာ TNLA နဲ႕ အစိုုးရတပ္ တိုုက္ပြဲေၾကာင့္ တပ္မေတာ္သား ၃ဦးက် အရပ္သား ၇ ဦးဒဏ္ရာရ

 

သိႏၷီ-ေအာက္တုုိဘာ ၉ -၂၀၁၉
(VOM)

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရွိဳး-မူဆယ္ လမ္းမေပၚက သႏၷီျမိဳ႕မွာ ဒီမနက္ျဖစ္ခဲ့တဲ့ တုိက္ပြဲေတြေၾကာင့္ အရပ္သား ၇ ဦး ဒဏ္ရာရခဲ့ျပီး၊ တပ္မေတာ္သား ၃ ဦး ေသဆံုးခဲ့တယ္လို႔ သိရပါတယ္။

 

သႏၷီျမိဳ႕ရဲ႕ ေစ်းနားမွာ တပ္မေတာ္ယာဥ္တန္းကို ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႔ဝင္တခု ျဖစ္တဲ့ တေအာင္း ပေလာင္လြတ္ေျမာက္ေရးတပ္ဖြဲ႔ TNLA က ဝင္ေရာက္ပစ္ခတ္ရာက အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ခဲ့ျပီး ေဘးပတ္ဝန္းက်င္က လူေနအိမ္ေတြကိုပါ ထိမွန္ခဲ့တာေၾကာင့္ အရပ္သားေတြကိုပါ ထိခိုက္မႈျဖစ္ခဲ့တာပါ။

 

TNLA ဖက္က ခန္႔မွန္းအင္အား ၅၀ ေလာက္နဲ႔ ျမိဳ႕ထဲက အေဆာက္အဦေတြကို အကာအကြယ္ယူျပီး တပ္မေတာ္ယာဥ္တန္းကို လက္နက္ၾကီးနဲ႔ လွမ္းပစ္ခတ္ခဲ့တယ္ လို႔ တပ္မေတာ္သတင္းျပန္ၾကားေရး အဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။တပ္မေတာ္ဖက္က ၃ ဦး က်ဆံုးျပီး ဒဏ္ရာရသူေတြလည္း ရွိတယ္လို႔ ဆိုေပမယ့္ ဒဏ္ရာရသူ အေရအတြက္ကိုေတာ့ ေျပာဆိုျခင္း မရွိေသးပါဘူး။

 

“ မနက္ ၆ နာရီေလာက္မွာ လက္နက္ၾကီးပစ္ခတ္သံ စၾကားရျပီး ေနာက္ပိုင္းမွာ ေသနတ္သံေတြလည္း ၾကားရတယ္၊ တိုက္ပြဲျဖစ္တာကို သိလိုက္ရျပီး အခုခ်ိန္မွာေတာ့ ျမိဳ႕ထဲမွာ စစ္တပ္က လံုျခံဳေရး ယူထားတယ္လို႔ “ အမည္မေဖၚလိုုတဲ႕ ေဒသခံက  ေျပာပါတယ္။

 

TNLA အဖြဲ႔ဖက္ကေတာ့ တပ္မေတာ္က သူတို႔ကို ထိုးစစ္ဆင္ဖို႔ စစ္ကား ၇ စီးနဲ႔ ထြက္လာတာကို သိရတဲ့အတြက္ ၾကိဳတင္ခုခံကာကြယ္စစ္နဲ႔ တိုက္ခိုက္တာျဖစ္ေၾကာင္း၊ ႏွစ္ဖက္ပစ္ခတ္မႈ မိနစ္ ၅၀ ေက်ာ္ ၾကာခဲ့ျပီး TNLA က ဆုတ္ခြာခဲ့ေပမယ့္ တပ္မေတာ္ကေတာ့ ျမိဳ႕ထဲမွာ လက္နက္ၾကီး လက္နက္ငယ္ေတြနဲ႔ ဆက္လက္ပစ္ခတ္ေနခဲ့တယ္လို႔ ထုတ္ျပန္ေၾကျငာထားပါတယ္။

တိုက္ပြဲေၾကာင့္ ေနအိမ္ ၅ လံုးထက္မနည္း ထိခိုက္ပ်က္စီးတာေတြလည္း ရွိတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။သိႏၷီျမိဳ႕ေပၚက ေက်ာင္းေတြကိုလည္း ပိတ္ထားလိုက္သလို ေစ်းေတြ၊ ဆိုင္ေတြလည္း မဖြင့္ေတာ့တာေၾကာင့္ ျမိဳ႕ထဲမွာလည္း လူသြားလူလာေတြ မရွိေတာ့ဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားခဲ့ျပီးတဲ့ေနာက္ ျမိဳ႕တြင္းကို ျဖတ္မယ့္ ကားေတြကိုလည္း ျဖတ္သန္းခြင့္ ေခတၱ ပိတ္ထားလိုက္ျပီး အခုအခ်ိန္မွာေတာ့ လမ္းေတြ ျပန္ဖြင့္ေပးလိုက္ျပီလို႔လည္း သိရပါတယ္။

#voiceofmyanmar #ရွမ္းေျမာက္တုုိက္ပြဲ #သိႏီၷ
ဓါတ္ပုုံ TNLA

 

Unicode

 

သိန္နီမှာ TNLA နဲ့ အစိုးရတပ် တိုက်ပွဲကြောင့် တပ်မတော်သား ၃ဦးကျ အရပ်သား ၇ ဦးဒဏ်ရာရ

သိန္နီ-အောက်တိုဘာ ၉ -၂၀၁၉
(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ် လမ်းမပေါ်က သန္နီမြို့မှာ ဒီမနက်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၇ ဦး ဒဏ်ရာရခဲ့ပြီး၊ တပ်မတော်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သန္နီမြို့ရဲ့ ဈေးနားမှာ တပ်မတော်ယာဉ်တန်းကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တခု ဖြစ်တဲ့ တအောင်း ပလောင်လွတ်မြောက်ရေးတပ်ဖွဲ့ TNLA က ဝင်ရောက်ပစ်ခတ်ရာက အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ဘေးပတ်ဝန်းကျင်က လူနေအိမ်တွေကိုပါ ထိမှန်ခဲ့တာကြောင့် အရပ်သားတွေကိုပါ ထိခိုက်မှုဖြစ်ခဲ့တာပါ။

TNLA ဖက်က ခန့်မှန်းအင်အား ၅၀ လောက်နဲ့ မြို့ထဲက အဆောက်အဦတွေကို အကာအကွယ်ယူပြီး တပ်မတော်ယာဉ်တန်းကို လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်ခဲ့တယ် လို့ တပ်မတော်သတင်းပြန်ကြားရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တပ်မတော်ဖက်က ၃ ဦး ကျဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပေမယ့် ဒဏ်ရာရသူ အရေအတွက်ကိုတော့ ပြောဆိုခြင်း မရှိသေးပါဘူး။

“ မနက် ၆ နာရီလောက်မှာ လက်နက်ကြီးပစ်ခတ်သံ စကြားရပြီး နောက်ပိုင်းမှာ သေနတ်သံတွေလည်း ကြားရတယ်၊ တိုက်ပွဲဖြစ်တာကို သိလိုက်ရပြီး အခုချိန်မှာတော့ မြို့ထဲမှာ စစ်တပ်က လုံခြုံရေး ယူထားတယ်လို့ “ ဒေသခံတွေက ပြောပါတယ်။

TNLA အဖွဲ့ဖက်ကတော့ တပ်မတော်က သူတို့ကို ထိုးစစ်ဆင်ဖို့ စစ်ကား ၇ စီးနဲ့ ထွက်လာတာကို သိရတဲ့အတွက် ကြိုတင်ခုခံကာကွယ်စစ်နဲ့ တိုက်ခိုက်တာဖြစ်ကြောင်း၊ နှစ်ဖက်ပစ်ခတ်မှု မိနစ် ၅၀ ကျော် ကြာခဲ့ပြီး TNLA က ဆုတ်ခွာခဲ့ပေမယ့် တပ်မတော်ကတော့ မြို့ထဲမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဆက်လက်ပစ်ခတ်နေခဲ့တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

တိုက်ပွဲကြောင့် နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သိန္နီမြို့ပေါ်က ကျောင်းတွေကိုလည်း ပိတ်ထားလိုက်သလို ဈေးတွေ၊ ဆိုင်တွေလည်း မဖွင့်တော့တာကြောင့် မြို့ထဲမှာလည်း လူသွားလူလာတွေ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် မြို့တွင်းကို ဖြတ်မယ့် ကားတွေကိုလည်း ဖြတ်သန်းခွင့် ခေတ္တ ပိတ်ထားလိုက်ပြီး အခုအချိန်မှာတော့ လမ်းတွေ ပြန်ဖွင့်ပေးလိုက်ပြီလို့လည်း သိရပါတယ်။

#voiceofmyanmar #ရှမ်းမြောက်တိုက်ပွဲ #သိန္နီ
ဓါတ်ပုံ TNLA

Related posts

Leave a Comment

VOM News

FREE
VIEW