ပလက္ဝၿမိဳ႕မွာ ညမထြက္ရ အမိန႔္ထုတ္ျပန္

ပလက္ဝ၊ ႏိုဝင္ဘာ ၉-၂၀၁၉
မင္းရန္ႏိုင္(VOM)

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွာ အျပစ္မဲ့ျပည္သူေတြ အၾကမ္းဖက္တိုက္ခိုက္တာခံေနရတဲ့အတြက္ ဒီကေန႔မနက္ပိုင္းမွာပဲ ညမထြက္ရ အမိန႔္ ၁၄၄ ထုတ္ျပန္လိုက္တယ္လို႔ ပလက္ဝၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးကိုးေအာင္က VOMသတင္းဌာနကို အတည္ျပဳေျပာဆိုပါတယ္။

ထုတ္ျပန္ခ်က္ထဲမွာ ပလက္ဝၿမိဳ႕နယ္အတြင္း အၾကမ္းဖက္ေသာင္းၾကမ္းသူမ်ားမွ မိုင္းေထာင္ေဖာက္ခြဲျခင္း၊ ေခ်ာင္းေျမာင္းတိုက္ခိုက္ျခင္း၊ ရပ္ကြက္/ေက်း႐ြာ အုပ္စုမ်ားအတြင္း သာမတ္အရပ္သားျပည္သူအေယာင္ေဆာင္ၿပီး အျပစ္မဲ့ျပည္သူေတြကို အၾကမ္းဖက္တိုက္ခိုက္ျခင္း၊ ေခၚေဆာင္ျခင္း၊ ထိေတြ႕တိုက္ပြဲျဖစ္စဥ္အခ်ိဳ႕မွာ အျပစ္မဲ့အရပ္သား ျပည္သူတခ်ိဳ႕ ေသဆုံးဒဏ္ရာရရွိမႈမ်ား ျဖစ္ေပၚေနတာေၾကာင့္ လုံၿခဳံေရး၊ ရပ္႐ြာေအးခ်မ္းသာယာေရးနဲ႔ တရားဥပေဒစိုးမိုးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၁၄၄ ကို ထုတ္ျပန္လိုက္တယ္လို႔ သိရပါတယ္။

အဲဒီထုတ္ျပန္ခ်က္ဟာ ႏွစ္လအထိ တည္တံ့မွာျဖစ္ၿပီး ည ၆ နာရီမွ မနက္ ၆ နာရီအတြင္း သြားလာလႈပ္ရွားလို႔ ရေတာ့မွာ မဟုတ္ဘူးလို႔ ပလက္ဝၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးရံုးကေန သိရပါတယ္။

#voiceofmyanmar #ပလက္ဝ #ညမထြက္ရအမိန္႔ထုတ္

Unicode

ပလက်ဝမြို့မှာ ညမထွက်ရ အမိန့်ထုတ်ပြန်

ပလက်ဝ၊ နိုဝင်ဘာ ၉-၂၀၁၉
မင်းရန်နိုင်(VOM)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အပြစ်မဲ့ပြည်သူတွေ အကြမ်းဖက်တိုက်ခိုက်တာခံနေရတဲ့အတွက် ဒီကနေ့မနက်ပိုင်းမှာပဲ ညမထွက်ရ အမိန့် ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က VOMသတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ပလက်ဝမြို့နယ်အတွင်း အကြမ်းဖက်သောင်းကြမ်းသူများမှ မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်း သာမတ်အရပ်သားပြည်သူအယောင်ဆောင်ပြီး အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ခေါ်ဆောင်ခြင်း၊ ထိတွေ့တိုက်ပွဲဖြစ်စဉ်အချို့မှာ အပြစ်မဲ့အရပ်သား ပြည်သူတချို့ သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်နေတာကြောင့် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

အဲဒီထုတ်ပြန်ချက်ဟာ နှစ်လအထိ တည်တံ့မှာဖြစ်ပြီး ည ၆ နာရီမှ မနက် ၆ နာရီအတွင်း သွားလာလှုပ်ရှားလို့ ရတော့မှာ မဟုတ်ဘူးလို့ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

#voiceofmyanmar #ပလက်ဝ #ညမထွက်ရအမိန့်ထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW